ဘုရားပင့်ဆောင် ပူဇော်ပြီး စတုဒိသာလည်း ကျွေးမွေးလှူဒါန်းတဲ့ အိမ့်ချစ်ရဲ့ အလှူ

0
213

ZAW_6763 copy

အဆိုတော်အိမ့်ချစ်က သူမရဲ့ တစ်နှစ်တာ အနုပညာကြေးများထဲမှ ဆယ်ပုံတစ်ပုံကို အမြဲဖယ်စုထားပြီး ဒီအနုပညာကြေးများနဲ့  နှစ်စဉ် အလှူ ပြုလုပ်ခဲ့တာ အခုနှစ်နဲ့ဆို ၁၈ ကြိမ် မြောက် ရှိပြီဖြစ်ပါတယ်။ ဒီနှစ် အတွက် ဆုတောင်းပြည့် အေးချမ်း အောင်မြင် အုတ်ခွက်ဘုရား ပင့်ဆောင်ပူဇော်ခြင်းနဲ့ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းကို ဇန်နဝါရီ လ ၂၁ ရက်နေ့မနက်ပိုင်းက သူမရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် မှာတော့ဒံပေါက် စတုဒိသာကို လူတိုင်းအတွက် ကျွေးမွေးလှူဒါန်း ခဲ့ပြီး ယခင်နှစ်များထက် များများ ပိုလှူဒါန်းနိုင်ခဲ့တာကြောင့် ပီတိဖြစ်ရ တယ်လို့ အိမ့်ချစ်က ဆိုပါတယ်။

ZAW_6767 copy

“ဒီနှစ်က ၁၈ ကြိမ်မြောက်ပါ။နှစ်စဉ်ပူဇော် လှူဒါန်းနေကျအတိုင်း ပါပဲ။ ဒီနှစ်ကတော့ ဒံပေါက်အိုးတွေ ပိုတိုးမှာရတယ်။ ညီမက ဖေ့စ် ဘုတ် ကလည်း တစ်ဆင့်ကြော်ငြာထားတဲ့ အတွက် လာတဲ့သူလည်း ပိုများပါ တယ်။ ဒီလို ပိုများများ လှူဒါန်းနိုင်ဖို့ တစ်နှစ်တစ်နှစ် ဆယ်ပုံတစ်ပုံ အနုပညာကြေးကို ဖယ်ပြီး အလှူ အတန်းလုပ်တဲ့အတွက် ပိုလှူဒါန်း လာနိုင်တိုင်း ညီမ အလုပ်လေးတွေ ပိုလုပ်လာရတယ် ဆိုတာ ပြန်သုံး သပ်မိပါတယ်။ အဲဒီအတွက်လည်း ပို ပီတိ ဖြစ်ရပါတယ်” လို့ ပြောတဲ့ အိမ့်ချစ်က သူ ဟိုးအရင်ကာလမှာ ကတည်းက တတ်နိုင်သမျှ နှစ်စဉ် ဒီလို လှူဒါန်းခဲ့ပြီး အစနှစ်တွေမှာ တော့ အနည်းငယ်ပဲ လှူနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ZAW_6798 copy

“ညီမ ကြာဆံချက်ကျွေးတဲ့နှစ် တွေလည်း ရှိတယ်။ မုန့်ဟင်းခါး လည်း ကျွေးတယ်။ အဲဒီတုန်းကတော့ အချိန်ရေ နည်းနည်းပေါ့။ နောက် ပိုင်းတော့ ဒံပေါက်ကျွေးတယ်။ ဒံပေါက်ကိုလည်း တဖြည်းဖြည်း များများပြီး လှူလာနိုင်တာပေါ့။ ဒီနှစ်ဆို လူလေးရာ၊ ငါးရာစာ ကျွေး နိုင် တယ်။ ရပ်ကွက်ထဲကလူ တွေ လည်းများပါတယ်” လို့ အိမ့် ချစ်က ပြောပါတယ်။ အိမ့်ချစ် ကဖေဖော် ဝါရီလ ၁၂ ရက်နေ့မှာ တော့ သီချင်း ၁၂ ပုဒ်ပါဝင်တဲ့ သူမရဲ့ တတိယ စီးရီး ‘အိမ့် ချစ်ဟုခေါ် သည်’ ကို ထွက်ရှိမှာ ဖြစ် ပြီး အဲဒီနေ့ မှာပဲ လှည်းတန်း စင် တာမှာ ၂ နာရီမှ ၆ နာရီအထိ သူမရဲ့Emily Brand ကိုလည်း စီးရီးနဲ့အတူ မိတ် ဆက်သွားမှာဖြစ် ပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here