ကိုယ့်ဘက်က မှန်နေတဲ့ ကိစ္စ တစ်ခုဖြစ်တဲ့ အတွက် ခေါင်းငုံ့ပြီး ငြိမ်နေမှာတော့ မဟုတ်ဟု မျိုးကိုကိုစန်း ပြော

0
326

DSC_0032ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ မျိုးကိုကိုစန်းက ဖမ်းဆီး ထိန်းသိမ်း ခံရခြင်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ Orchid Hotel  မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲမှာတော့ မျိုးကိုကိုစန်းက “ညီမ အနေနဲ့ ပေါ်ပြူလာ ဂျာနယ် အင်တာဗျူး ကို ကြည့်လိုက် ရတယ်ပေါ့နော်။ ကြည့်ရ တဲ့အခါမှာ တရားလို အနေနဲ့ကျတော့ ရဲစခန်းမှာ သူ့ဂုဏ်၊ သိက္ခာ ကျစေတဲ့ အမှုနဲ့ သူတိုင်ကြား တယ်ပေါ့နော်။ တိုင် ကြားတဲ့အခါမှာ သူ့အနေနဲ့ Page Admin  ကို သူတိုင်ကြားတယ် ပေါ့။ ညီမ သိထားတဲ့ ၆၆(ဃ) အမှု ဆိုတာက တိုင်ကြားတဲ့အခါမှာ သက်သေခံ ပစ္စည်းပါ ပူးတွဲပါရမယ် လို့ ဒါညီမသိထားတဲ့ တစ်ချက်ပေါ့ နော်။ အဲဒီမှာ ဘာလဲဆိုတော့ တရား လိုနဲ့ အမှုကို လက်ခံတဲ့ ရဲတွေရဲ့ ကြားမှာ ဘယ်သူ မှန်တယ်။ ဘယ်သူ မှားတယ် ဆိုတာတော့ ညီမ အနေနဲ့ သေချာ မသိ ဘူးပေါ့နော်။ ဘယ်သူ့ကို တရားစွဲရမယ် ဆိုတာလည်း ဒီအချိန် မှာ ဘာမှ မစဉ်းစား ရသေးပါဘူး။ ညီမရဲ့ အုပ်ထိန်းသူတွေ၊ ဥပဒေ အကြံပေးတွေ နဲ့ သေသေချာချာ တိုင်ပင်ပြီးတော့မှပဲ ဆုံးဖြတ်မယ်။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ မပြောလိုဘူး။ သူကရဲနဲ့ တရားလိုကြား က ကိစ္စဖြစ်တဲ့ အတွက်ကြောင့်မို့ ညီမ အနေနဲ့က အစွပ်စွဲခံ တရားခံဖြစ်တဲ့ အတွက် ကိုယ်တရားခံ မဟုတ်မှန်း အစစ်ဆေး ခံပြီးပြီ။ ကိုယ်မဟုတ်မှန်း သက်သေ ပြပြီးပြီဖြစ်တဲ့ အတွက် ဒီကိစ္စကတော့ နည်းနည်း ရှင်းရှင်းလင်းလင်း သိတဲ့ အခါကျ မှ ပြောချင် တာပေါ့။ ကိုယ့် ဘက်က မှန်နေတဲ့ ကိစ္စဖြစ်တဲ့ အတွက် ညီမအနေနဲ့ ခေါင်းငုံ့ပြီး ငြိမ်ခံနေ သွားမှာတော့ မဟုတ်ပါဘူး။ အချုပ်ထဲမှာ ၃ရက် ရောက်ခဲ့တယ်  ဆိုတာက ရေချိုး ချလိုက်တာနဲ့ ပျောက်သွားမယ့် အတိတ်တော့ မဟုတ်ဘူးပေါ့။ ညီမကို သူများ တွေက မျက်ရည် ချူတယ်လို့ ထင်ချင် လည်း ထင်နိုင်ပါတယ်။ သူတို့ကို ညီမပြောချင်တာက ကိုယ်အပြစ် မလုပ်ဘဲ ညီမလိုပဲ အချုပ်ထဲ တစ် ရက်လောက်ပဲ သွားနေကြည့်ကြပါ။ ညီမကို သူတို့ နားလည်နိုင်လာပါ လိမ့်မယ်” လို့ မျိုးကိုကိုစန်းက ပြော ပါတယ်။

အဆိုပါ စာနယ်ဇင်း ရှင်းလင်း ပွဲမှာတော့ မျိုးကိုကိုစန်းရဲ့ မိခင်ဖြစ် သူက သူ့ရဲ့ခံစားချက်ကို ပြောကြား ရာမှာတော့ “အခုလိုဖြစ်သွားတဲ့ ကိစ္စ မှာ တော်တော် များများ ဆုံးရှုံး နစ်နာ မှုတွေ ကြုံခဲ့ရတယ်။ ဒီဆုံးရှုံး နစ်နာ မှုက တစ်နိုင်ငံလုံး သိသွားတဲ့ အပြင် နိုင်ငံရပ်ခြား အထိပါ သူ့ရဲ့ ဂုဏ် သိက္ခာ ကျဆင်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သူ့ကို နစ်နာအောင် လုပ်တဲ့သူဘက်က နေပြီးတော့ မျိုး ကိုကိုစန်းဟာ လုံးဝ အပြစ် ကင်းစင် ကြောင်းကို နိုင်ငံတော်ပိုင် သတင်း စာ ကနေပြီးတော့ တရားဝင် တောင်း ပန်စာကို တစ်ပတ် အတွင်း ကျွန်မ အနေနဲ့ လိုချင်ပါတယ်” လို့ ပြောခဲ့ ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here