ဘန်ကောက်မှာ သွားရောက်ယှဉ် ပြိုင်မယ့် ခင်စိုးပိုင်ရဲ့သား Mister International Myanmar 2016 ကြည်ဖြူအောင်

0
397

KyiPhyuAung-3 copy

သရုပ်ဆောင် ခင်စိုးပိုင်ရဲ့ သားဖြစ်သူ ကြည်ဖြူအောင်က ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာကျင်းပပြုလုပ်မယ့် Mister International Myanmar 2016 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ် စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံက သုံး ကြိမ်မြောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ လ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပ သွားမယ်လို့ သိရပါတယ်။ နိုင်ငံတကာမှ အလှမောင် ၃၄ ယောက်ခန့် ပါဝင်ယှဉ်ပြိုင် မယ်လို့သိရပြီး ကြည်ဖြူအောင် အနေနဲ့လည်း ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ နဲ့ပတ်
သက်ပြီး..

KyiPhyuAung-2 copy

“ကျွန်တော် အရင်ကထက်ပိုပြီးBody  ပိုင်းကို သေသေချာချာ လေ့ကျင့်နေပါတယ်။ Gym လည်း နှစ်ဆဆော့ဖြစ်တယ်။ စိတ် ပိုင်း ဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကြိုတင် ပြင်ဆင်နေပါတယ်။ စာတွေဖတ်တယ်။ အထူးသဖြင့် ဒီပြိုင်ပွဲနဲ့ ပတ်သက်တဲ့အ ကြောင်းအရာေ တွ၊ မေးခွန်းတွေ အ ကြောင်း  လက်လှမ်း မီသလောက် လေ့လာပါတယ်။ မြန်မာဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သိအောင် ပြဖို့အတွက် ကျွန်တော် အများကြီးပြင် ဆင်ထားပါတယ်။ ရေခံမြေခံ အနေနဲ့ ယှဉ်ဖို့တော့ သိပ် မလွယ်ဘူး။ ဒါပေမဲ့ ကျွန် တော့်ပြိုင်ပွဲ ဝင်တွေကို   ကြောက်လည်း မကြောက် သလို လျှော့လည်း မတွက်ထားပါဘူး။ ကျွန်တော် အကောင်း ဆုံးယှဉ်ပြိုင်မှာပါ” လို့ Mister International   Myanmar ကြည် ဖြူအောင်က ပြောပါတယ်။ ကြည် ဖြူအောင်အတွက် National Costume  ကိုတော့ ဒီဇိုင်နာ
ဖြိုးသီရိမောင်နဲ့ ဦးစိန်ဝင်းတို့က ဖန်တီးချုပ်လုပ်ထားပြီး ရာဇဝင်ထဲက ဒဿဂီရိပုံစံကို ဆန်းသစ် ပြောင်းလဲထားတယ်လို့ သိရပါတယ်။ ‘လူ တိုင်း အချစ်အတွက်နဲ့ ကျရှုံးရတယ်’ ဆိုတဲ့ အကြောင်းအရာမျိုးကို ကြိုက်လို့ ဖန်တီးထား တာမျိုးဖြစ်ပြီး အခွင့်ရရင်လည်း ဒဿဂီရိပုံစံ ကပြဖန်တီးမှုတွေ ပြုလုပ်ချင်ပါသေးတယ်” လို့ ကြည်ဖြူအောင်က ဆိုပါတယ်။

ကြည်ဖြူအောင်အတွက်တော့ ဒီပွဲက ပထမဆုံး နိုင်ငံတကာနဲ့ ယှဉ်ပြိုင် ခြင်းဖြစ် ပေမယ့် မိမိကိုယ်ကိုယ် ယုံကြည်မှုတည် ဆောက် ထားတယ်လို့ ပြောပါတယ်။

“ဒီပြိုင်ပွဲက ခမ်းနားတဲ့ ပွဲတစ်ပွဲ ပါ။ ဒီပွဲမှာ ကျွန်တော်Winner  ဆုရတဲ့အထိ ကြိုးစားယှဉ်ပြိုင် သွားပါ့မယ်။ ကျွန်တော် ကြည် ဖြူအောင် အနေနဲ့ သွားတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်တာ ပါ။ အဲဒါကြောင့် ကျွန်တော် ကိုယ့်နိုင်ငံ အတွက် ဆုလေးေ တာ့ ယူလာချင်တာပါ။ အခုလည်း သေသေချာချာလေး စိတ် နှစ်ပြီးလုပ်ထားတဲ့အတွက် ဘုရားပေး သလောက် တစ်ခုခုတော့ ပြန်လိုချင် မိ တာပါ။ ဒါပေမဲ့ ကျွန်တော် အကောင်း ဆုံးကို မျှော်မှန်းထားသလို အဆိုးဆုံးကိုလည်း ကြိုတွက် ထားပါတယ်” လို့ ကြည်ဖြူ အောင်က   ပြောပါတယ်။ ကြည်ဖြူအောင်က အဆို ဝါသနာပါတဲ့အတွက် နောက်ပိုင်းမှာလည်း အ ဆိုတော် တစ်ယောက် အဖြစ် ရပ်တည်နို င်   အောင် ပြုလုပ်သွားမယ် လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here