မြန်မာ့စောင်းကြီးကို မြန်မာရုပ်ရှင်ပြတိုက်ဆီ လှူဒါန်းလိုက်တဲ့ ထပ်ဆင့်အကယ်ဒမီ ဒေါ်အေးအေးသင်း (ခ) ဗေဒင်ဆရာမကြီး ဒေါ်မေသုခ

0
352

Saung copy

ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး ဒေါ်အေးအေးသင်းက သူပိုင်ဆိုင်တဲ့ မြန်မာ့စောင်းကြီးကို ဇန်နဝါရီလ ၂၅ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဆီကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် ပေးအပ်လှူဒါန်းလိုက်ပြီဖြစ်ပါ တယ်။ မြန်မာ့စောင်းရဲ့ အလျားဟာ ၄ပေခန့်ရှိပြီး အမြင့်မှာ၅ပေခန့် ရှိပါတယ်။ အဲဒီစောင်းက ထပ်ဆင့်အကယ်ဒမီ ဒေါ်အေးအေးသင်းရဲ့အစ်မဖြစ်သူ ဒေါ်ခင်မြထွေးဟာ ထိုင်းနိုင်ငံမင်းသမီး သီရိဒုံကို စောင်းပညာ သွားရောက်သင် ကြားပေးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်အလာမှာလက်ဆောင်ရရှိခဲ့ တဲ့ မြန်မာ့ စောင်းကြီးဖြစ်တယ်လို့ ဆိုပါတယ်။

“အစ်မက စောင်းပညာရှင်ဘွဲ့ရထားတာလေ။ နိုင်ငံတော် အစိုးရကနေပြီး သီရိဒုံဆီကို စောင်းပညာသွားရောက် သင်ကြားစေပြီးေ တာ့ မြန်မာနိုင်ငံပြန်လာ တော့ အစိုးရကနေပြီး လက်ဆောင်ပေး ခဲ့တာပါ။ အခုရုပ်ရှင်အစည်းအရုံးကို လှူဒါန်းလိုက်တာကလည်း
အိမ်မှာထားထားရင် ဒီအတိုင်းပဲဟောင်း သွား မှာလေ။ အဲဒါကြောင့် ရုပ်ရှင်အစည်းအရုံးကို ထိန်းသိမ်းခိုင်းလိုက်တာပေါ့။ ပြတိုက်မှာ သိမ်းထားထား။ ရုပ်ရှင်ထဲထည့်ရိုက်ရိုက်ပေါ့။ အခုတော့ အတော် ဟောင်းနေပြီ။ ဆေးတွေဘာတွေ ပြန်သုတ်ပြီးတော့ မွမ်းမံလိုက်ရင်
အကောင်း အတိုင်းပြန်ဖြစ်သွားမှာပါ” လို့ ထပ်ဆင့်အကယ်ဒမီဒေါ်အေးအေးသင်းက  ဆိုပါတယ်။ အဲဒါအပြင် ဒေါ်အေးအေးသင်းက သူအကယ်ဒမီ နှစ်ဆုရစဉ်က ရိုက်ကူးထားတဲ့ သမိုင်းဝင်ဓာတ်ပုံကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပြတိုက်အတွက် လှူဒါန်း လိုက်ပါတယ်။ ထပ်ဆင့်အကယ်ဒမီ ဒေါ်အေးအေး သင်းဟာ ၁၉၇၁ခုနှစ်က မာယာထောင်ချောက်ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့ပြီးနောက် ၁၉၇၃ခုနှစ်မှာတော့ ဇာခန်းဆီး နောက်ကွယ်မှာ ရုပ်ရှင်ဇာတ်ကားမှာလည်း နောက်ထပ်
အမျိုးသမီး ဇာတ်ပို့ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဆရာ မင်းသိင်္ခ ဆီမှာ ဗေဒင်ပညာကိုသင်ယူခဲ့ပြီး   ဗေဒင်ဟောခြင်းအတတ်နဲ့သာ အသက်မွေး ဝမ်းကျောင်းပြုရင်းလက်ရှိအချိန်အထိနေထိုင်ခဲ့ပါတယ်။ ဗေဒင်ဆရာမ နာမည်ကိုတော့
ဒေါ်မေသုခလို့အမည်ပေးထားပါတယ်။  လက်ရှိမှာတော့ မှော်ဘီမြို့၊ မြို့မရပ်ကွက်၊ပေါ်တော်မူ ဘုရားလမ်း၊ ခြံအမှတ်(၁)မှာ နေထိုင် လျက်ရှိပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here