၂ဝ၁၇ မှာ ဒီဇိုင်းသစ်တွေ ဖန်တီးသွားမယ့် မိစန္ဒီ ရဲ့ My Boo Collection

0
116

Misandi-(1)အဆိုတော် အလုပ်အပြင် ဖက်ရှင် Brand တွေကို ဖန်တီးရတာကိုပါ စိတ်ဝင်စားတဲ့ မိစန္ဒီ က၂ဝ၁၆ နှစ်ကုန်ပိုင်းက စတင်ပြီး My Boo ဆိုတဲ့ ကိုယ်ပိုင် အဝတ်အထည် အမှတ်တံဆိပ် တစ်ခုကို ထုတ်လုပ် လိုက်ပြီဖြစ်ပါ တယ်။ သူမက ကိုယ်တိုင်လည်း ဖက်ရှင် ဒီဇိုင်းတွေကို စိတ်ဝင်စား တာကြောင့် My Boo ရဲ့ ဒီဇိုင်းတွေကိုလည်း သူ ကိုယ်တိုင်ပဲ ရေးဆွဲတယ် လို့ သိရပါတယ်။

“ညီမက ဖက်ရှင်ဒီဇိုင်းတွေကို ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ ဒါကြောင့် လတ်တလော ညီမ ကိုယ်တိုင်လည်း ဝတ်လေ့ဝတ်ထ ရှိတဲ့ လူငယ်တွေကြား မှာလည်း ခေတ်စားနေတဲ့ ဒီဇိုင်းပုံစံ လေးတွေ လုပ်ဖြစ်တယ်။ နောက်ပိုင်းမှာလည်း စုံတွဲ ဝတ်စုံတွေ ထုတ်သွားဖို့ ရှိပါတယ်။ ညီမ ထင်ထားတာထက် ပရိသတ်တွေက ပိုမို အားပေးကြတဲ့ အတွက်လည်း ပျော်ပါတယ်။ ညီမ အနေနဲ့ နောက်ပိုင်းမှာလည်း အခြား ပစ္စည်းတွေ ထပ်ထုတ်သွားဖို့ ရှိပါတယ်။ အခြားအမြို့ မြို့ အနယ်နယ်က ဆိုင်တွေမှာ လည်း ရနိုင်အောင် ကြိုးစား သွားပါ့မယ်” လို့ မိစန္ဒီ ကပြောပြခဲ့ပါတယ်။

မိစန္ဒီရဲ My Boo အနေနဲ့ ၂ဝ၁၇ ခုနှစ်အတွက် လည်း ဒီဇိုင်းသစ်များကို ထပ်မံ ထုတ်လုပ်သွားဖို့  ရှိပြီး လတ်တလော မှာတော့ သူ့ရဲ့ My Boo  က စုံတွဲတွေ အတွက်လည်း ရည်ရွယ်တာကြောင့် ချစ်သူများနေ့ အမှတ်တရ တီရှပ်တွေလည်း ထုတ်သွားဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

“ချစ်သူများနေ့ အတွက်တော့ အထူးဒီဇိုင်း တွေထုတ်သွားဖို့ ရှိပါတယ်။ ပြီးတော့ ၂ဝ၁၇ ခုနှစ်ထဲမှာ အင်္ကျီတွေ၊ ဦးထုပ်တွေအပြင် တခြား ပစ္စည်းလေးတွေကိုလည်း My Boo  အနေနဲ့ ထုတ်လုပ်သွားဖို့ ရှိပါတယ်။ လော လော ဆယ်တော့ Hoodie ဒီဇိုင်းသစ်လေး တွေနဲ့တီရှပ် ဒီဇိုင်းသစ်လေးတွေ ထပ်ထုတ် ထားတယ်” လို့ မိစန္ဒီက ပြောပါတယ်။

မိစန္ဒီရဲ့ My Boo အနေနဲ့ လတ်တ လော ၂ဝ၁၇ ခုနှစ် နှစ်ဆန်းမှာတော့ Forever Alone But Happy ဆိုတဲ့ ဒီဇိုင်းသစ်ကိုလည်း ထုတ်လုပ် ထားပြီး လူ ငယ်ဆန်တဲ့ ဒီဇိုင်းများကို ထုတ်လုပ် သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရဲရဲ
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here