ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ဆောင် နိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း

0
94

ZAW_8420ဖိလစ်ပိုင်နိုင်ငံ Mall of Arena, Pasay, Metro Manila  မှာ ကျင်းပပြုလုပ်တဲ့ ၆၅ ကြိမ်မြောက် Miss Universe 2016 ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် Miss Universe Myanmar 2016  အလှမယ် ထက်ထက်ထွန်း က ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇နာရီက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ မြန်မာနိုင်ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့ပါတယ်။ အလှမယ် ထက်ထက်ထွန်း က Miss Universe  ပြိုင်ပွဲရဲ့ National Costume ပြိုင်ပွဲမှာ မြန်မာ့ရိုးရာ ယဉ် ကျေးမှု တစ်ခုဖြစ်တဲ့ ရုပ်သေး အကဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာBest National Costume Winner Award ဆုကို ဆွတ်ခူးရရှိ ခဲ့သူဖြစ်ပါတယ်။ အခုလို Winner ဆု ရရှိခဲ့တဲ့ National Costume ဝတ်စုံကို ပြိုင်ပွဲအတွက် ရွေးချယ် စီစဉ် သွားခဲ့ပုံနဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ ပုံများကို အလှမယ် ထက်ထက်ထွန်း က အခုလို ပြောပြပါတယ်။

“National Costume  ကို အစကတည်းက ရွေးချယ်တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ ပျောက်လုနီးပါး ရိုးရာတစ်ခုဖြစ်တဲ့ ဒီရုပ်သေးကို ကိုလဇိန်ရယ် မစိုးယုဝေရယ်၊ ထက်ရယ် တိုင်ပင်ပြီး ဒီ Naional Costume  ကို ရွေးဖြစ်တယ်။ ထက် မျက်နှာလေးက ပြုံးချိုချိုလေးနဲ့ အမြဲ သွက်သွက် လက်လက်ရှိလည်း ရှိတယ်။ အကမှာ လည်း Talent ပါတယ် ဆိုတော့ ဒီအပိုင်းကို ရွေးမယ် ဆိုပြီး ဆုံးဖြတ် ပြီး တော့ ရွေးဖြစ်တာပေါ့နော်။ ပြိုင်ပွဲ ရောက်တော့လည်း အခက်အခဲ တစ် ခုအနေနဲ့ တစ်ခု ဆိုရင်တော့ ဆင်ရမယ့် Back drop ကြီးကို ဆင်ရ တဲ့အခါ တစ်ခုမှ မစင်ဘူးဖူး။ ဒီမှာ ရိုက်ကူးရေး လုပ်တုန်းက ကိုလဇိန် က ကိုယ်တိုင် ဆင်ပေးပြီး ရိုက်ကူးရေးလိုက်ခဲ့တာ။ အဲဒါ ဆင်ဖို့ ကိုတစ် ခေါက် သင်သွားမယ် ဆိုပြီး သင်ဖို့ အချိန် မရလိုက်ဘူး။ ဟိုရောက်တော့ လုပ်ပုံ လုပ်နည်း စာအုပ်တွေ ထည့်ပေး လိုက်တော့ သူများတွေ မိတ်ကပ် လိမ်းနေတဲ့ အချိန်မှာ ကိုယ်က အဲဒီဟာ တွေကို ကြိုးစားပြီး ဆင်နေတာ။ စာအုပ်ကြည့် ရင်းနဲ့ ဆင်နေ တာ။ အစကတော့ နားမလည် ဘူး။ ကြည့်ရင်း ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း နားလည်ပြီး ဟိုဟာ တပ်လိုက်၊ ဒီဟာ တပ်လိုက်နဲ့ ဆင်နေ တာ”

“ဟိုကလူတွေ ကလည်း နောက် ပိုင်းတော့ လာကူညီ ပေးပါတယ်။ နောက်ဆုံး ကန့်လန့်ကာ တပ်ခါနီးမှ သူတို့ကို တပ်ပေးလိုက်ပါတော့ ဆိုပြီး မိတ်ကပ် သွားလိမ်း လိုက်ရတယ်။ သူများနိုင်ငံက National Costume  ဘာတွေဝတ်လဲ ဆိုတာတောင် အမှန် တိုင်း ပြောရရင် မသိလိုက်ဘူး။ ကိုယ် ဝတ်လိုက်တာ ကိုယ်သိတယ်။ ကိုယ် အကောင်းဆုံး လုပ်နိုင်တယ် ဆိုတာ ကိုယ်သိတယ်။ နောက်ဆုံး ပြိုင်တဲ့ အချိန် မှာတောင်မှ  Rehearsal  လည်း လုပ်မထားတော့ ကိုယ်အဆင် ပြေပါ့မလား ဆိုပြီး စိတ်ပူနေတာ။ အလှည့်ရောက်ပြီး စင်ပေါ် တက် တော့ ဆို မှ အပြေး အမြန်တက်ခဲ့တာ ဆိုတော့ စင်ပေါ်မှာ ဘယ်လောက် အချိန်ရတာလဲ၊ ပြီးတော့ စင်ပေါ် ရောက်သွားရင် ဘယ်နား မှာ ရပ်က တာလဲ ၊ ဘာလုပ် ရတာလဲ ဆိုတာ တောင်မသိရပါဘူး။ ကိုယ့်ရဲ့National ကြီးကိုလည်း လွယ်ထားပြီး ကိုယ့် အ လှည့်ရောက်ပြီး တက်သွား ဆိုလို့ သာ တက်သွားတာ။ စင်ပေါ်ရောက် တော့ အောက်က လူတွေက ရှေ့မတိုး နဲ့ အဲဒီအနား မှာ ရပ် ဆိုတာ နဲ့ ရပ်ပြီး ဘာလုပ်ရမှန်းလဲ မသိဘူး။ အဲဒါနဲ့ ငါကလိုက်ရင် ကောင်းမှာ ပဲဆိုပြီး ထကလိုက်တာ။ ဒါကလည်း ကပြ လိုက်မှ အရုပ်မှန်းသိမှာ ဆိုပြီး ထက လိုက်တာ။ ပြီးတော့မှ သိတာက တခြားသူတွေက စင်ရှေ့ထိ ထွက်ကြ တယ်။ တခြား ဘာမှ Performance တွေ မလုပ်ကြဘူး ဆိုတာ အဲဒီကျမှ သိလိုက်ရတာ” ပါလို့ ပြိုင်ပွဲမှာ သူ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ များကို ပြောပြ ပါတယ်။ ဒီ National Costume  ဝတ်စုံနဲ့ Winner ဆု ရရှိကြောင်းကို ပြိုင်ပွဲ စင်မြင့်ထက်မှာ ကြေညာမပေးခင် Miss Universe Organization မှ President ဖြစ်သူတစ်ဦးက ကြိုတင်ကာ ဂုဏ်ပြု စကား ဆိုပေးခဲ့ကြောင်း ကိုပြောပါ တယ်။ အခုလို ဆုရရှိ ခဲ့ပြီး နိုင်ငံတကာ မှာ မြန်မာဆိုတာ ဘာလဲ ဆိုတာ ပြသနိုင်ခဲ့တဲ့ အတွက်လည်း ဂုဏ်ယူ နေမိကြောင်းကို အလှမယ် ထက်ထက် ထွန်း က “National Costume နဲ့ ပြန်ထွက်ပေးဖို့ ပြောတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပျော်တာထက် ပြန်စဉ်းစားမိတာ က မြန်မာနိုင်ငံ အနေနဲ့ တစ်ခါမှ ဆုတစ်ခု ကိုမှ ရမလာဖူးးတဲ့ အချိန်မှာ အခု ဆု တစ်ခု ရသွားပြီ။ အဲဒီဆုကို ငါ ယူပေး နိုင်လိုက်တယ်။ ပြီးတော့ ပွဲတုန်း က မြန်မာ၊ မြန်မာလို့ တက်လာတဲ့ အသံတွေ၊ ဖေ့စ်ဘုတ်မှာ တင်လာတဲ့ ပို့စ်တွေ၊ ဆုမရခင်က တည်းက တအားကို ဂုဏ်ယူနေ ကြတယ် ဆိုတာ တွေကိုမျက်လုံးထဲမှာ မြင်ယောင်နေ ပြီး သူတို့ ဂုဏ်ယူနေတဲ့ အရာက တကယ် ဖြစ်လာပြီလား ဆိုပြီးတော့ တအား လည်း ဝမ်းသာ တယ်။ တအား လည်းကျေနပ်တယ်။ ပြီးတော့ ဒီဇိုင်နာ ကိုလဇိန် ကလည်း ဒီဝတ်စုံနဲ့ ပတ်သက်ပြီး အများကြီး အပြောခံ ထားရ၊ ဝေဖန် ခံထားရတာ။ အစ်ကို့ အနေ နဲ့ အခုအချိန်မှာ အားလုံးရှေ့မှာ ရဲရဲဝင့်ဝင့်နဲ့ ခေါင်းဖော်နိုင်ပြီး ဂုဏ်ယူ နိုင်ပြီ ဆိုပြီး အစ်ကို့ အတွက် လည်း ထက်အများ ကြီး ဝမ်းသာ မိပါတယ်။ ပြီးတော့ ထက်ပျော်တယ် ဆိုတာထက် ဂုဏ်ယူပါတယ်။ ဘာလို့ လဲဆိုတော့ ထက် သွားပြိုင်တဲ့ အချိန်မှာ ထက်ကို ထက်ထက်ထွန်း ဆိုတာထက် မြန်မာ ဆိုတာကို သိနေကြတယ်။ ထက်ကို ခေါ်ရင် လည်း မြန်မာ လို့ပဲ ခေါ်ကြ တာ ဆိုတော့ နိုင်ငံတကာမှာ မြန်မာ ဆိုတာ ဘာလဲလို့ ပြသနိုင်ခဲ့ပြီ။ ပြီး တော့ ဒီဆုပေးတဲ့ အခါမှာ လည်း ဒီ  Costume ကို သီးသန့် တစ်ယောက် တည်း ထုတ်ပြီးတော့ သူတို့ ရှေ့မှာ Performance  လုပ်ပြရလို့ ဝမ်းသာ တယ်။ အရင်တုန်း ကဆိုရင် ဒီပြိုင်ပွဲ မှာ မြန်မာဆိုတာ တစ်ချက် တစ်ချက် ကလေး မြင်ဖို့ တော်တော် ခက်ခဲပါ တယ်။ ကိုယ်က သီးသန့် အချိန် အပိုင်းအခြား တစ်ခုရပြီး Performance  ပြခွင့်ရတယ်။ စကား ပြောခွင့်ရတယ်။ အဲဒီအတွက် တအား ဂုဏ်ယူမိ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here