စိုးပြည့်သဇင် စိတ်ဖိစီးမှုတွေများခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား အကြောင်း

0
339

ZAW_7675ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ပဒေသာကပွဲကြီးမှာ Emperor Music Band  နဲ့အတူ တေးသီချင်း ပါဝင် ကူညီသီဆိုပေးခဲ့တဲ့ စိုးပြည့်သဇင်က သူ့ရဲ့အနုပညာ နဲ့ပါဝင် ကူညီ ပေးခွင့်ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာ ပီ တိ ဖြစ်ရကြောင်း ပြောပါတယ်။

“ပြေတီဦး ဖောင်ဒေးရှင်း ပွဲလေးမှာ သီချင်း ဆိုဖြစ်တယ်။ အစက တော့ ပြဇာတ်ကမလို့ပဲ။ ဒါပေမဲ့ ပြဇာတ် ကျတော့ တိုက်ဖို့ ရက်လေးတွေ ရှိသေးတယ်။ စိုးပြည့် ဇာတ်ကားရိုက်လဲ မပြီးသေးတာနဲ့ သီချင်းပဲ ဆိုပေး ဖြစ်တာပါ။ ပါဝင် သီဆိုပေးရတဲ့ အတွက်လည်း ဝမ်း သာ ပီတိဖြစ်ပါတယ်။ အနုပညာရှင် တစ်ယောက် အနေနဲ့ ကိုယ် တတ်နိုင်တဲ့  အနုပညာနဲ့ တတတ် တအား ကူ ညီခွင့်ရတဲ့ အတွက် လည်း ဝမ်းသာပါတယ်”လို့ ပြောပါတယ်။

စိုးပြည့်သဇင်က ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ ရွှေမင်းသမီး ရုပ်ရှင် ဇာတ် ကား ကို ပြေတီဦး နဲ့ သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကား မှာ  အရင် ဇာတ်ကားတွေ နဲ့ မတူဘဲ အပြောင်းအလဲတွေ လည်း ပြု လုပ်ထားပြီး အကောင်းဆုံး ကြိုးစား သရုပ်ဆောင် ထားကြောင်းကို စိုး ပြည့်သဇင်က…

“စိုးပြည့် ကာရိုက်တာ ချိန်းထား တာလေး တွေပါတယ်။ ဇာတ်ကား ရှေ့ပိုင်းမှာတော့ နည်း နည်းရိုးတယ်။ နောက်ပိုင်း မှာတော့ ကာရိုက်တာ ပြောင်းသွားတယ်။ ဒီဇာတ်ကားမှာ စိုးပြည့်အမြဲ တမ်း ဝတ်နေကျ မဟုတ်တဲ့ အဝတ်အစား ပုံစံမျိုး လေးတွေလည်း ဝတ်ထားတော့ နည်းနည်းတော့ စိတ်ဖိစီးမှုတွေလည်း ရှိတယ်။ တချို့ ဇာတ် ဝင်ခန်းတွေ ဆိုရင် စိတ်ဖိစီးမှုတွေ များတယ်။ ဒါပေမဲ့ ဦးပွားက စိုးပြည့်ကို အိုက် တင်ပိုင်းတွေ သေချာ သင်ပေးတယ်။ ပြီးတော့ စိုးပြည့်လည်း အတတ်နိုင်ဆုံး အဲဒီကာ ရိုက်တာရအောင် ကြိုး စားထားပါတယ်။ စိုးပြည့် အတွက် အမှတ်တရ တွေက အများကြီးပါပဲ။ တခါမှမလုပ်ဖူးတဲ့ အရာတွေကို လုပ်ရတယ်။ စီးက ရက်တွေ သောက် ရတဲ့ အခန်းတွေလည်း ပါတော့ အဲဒီလို ကိုယ် မလုပ်တတ်တဲ့ အရာတွေ လုပ်ရတယ်။ နည်း နည်းတော့ ခက်ခဲတာပေါ့။ အရင် ဇာတ်ကားတွေ ထက်စာရင် ဒီဇာတ်ကားက အများကြီး ပိုခက် ခဲပါတယ်” လို့ပြောပါတယ်။

စိုးပြည့်သဇင်က လတ်တ လောမှာ ဒါရိုက်တာ တုနှိုင်းခ ရိုက်ကူးတဲ့ အဖြူရောင် နှလုံးသားများ ဆိုတဲ့ မီးသတ် ဇာတ်ကားကို ရိုက်ကူးနေ သလို ဗီဒီယိုဇာတ် ကား တွေရိုက်ကူးဖို့ရှိသလို ရှိုး ပွဲတွေလည်းသီဆို ဖျော် ဖြေသွားဖို့ရှိကြောင်း သိရ ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here