မလေးရှားမှာ ပွဲစီစဉ်သူ နဲ့ အဆင်မပြေလို့ ဖျော်ဖြေပွဲ တစ်ပွဲပဲ သီဆိုခဲ့ကြတယ် ဆိုတဲ့ စန္ဒီမြင့်လွင်

0
234

SDMLစန္ဒီမြင့်လွင် နဲ့အတူ ဝေလ၊ ဝန၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်တို့က မလေး ရှားနိုင်ငံ ပီနန်းနဲ့ ဂျို ဟိုးမြို့တို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က ဖျော်ဖြေပွဲ များ သီဆို ဖျော်ဖြေဖို့ သွားရောက် ခဲ့ကြပေမယ့် ပီနန်းမှာ ပဲဖျော်ဖြေခဲ့ ကြပြီး ဂျိုဟိုးမှာတော့ ပွဲစီစဉ်သူ နဲ့ အဆင် မပြေဖြစ်ခဲ့ကြတဲ့ အတွက် မဖျော်ဖြေဖြစ် ခဲ့ကြောင်း စန္ဒီမြင့်လွင် က ပြောပါတယ်။ မလေးရှား ဖျော် ဖြေရေးခရီး နဲ့ ပတ်သက်ပြီး စန္ဒီမြင့် လွင်က..

sdml1“ဒီးဒီတို့ သွားတုန်းက နှစ်ပွဲဆို ဖို့သွားတာပါ။ ပီနန်းမှာ တစ်ပွဲ၊ ဂျိုဟိုးမှာတစ်ပွဲ။ ဒါပေမဲ့ ပီနန်း တစ် ပွဲပဲဖြစ်တယ်။ ဂျိုဟိုးပွဲကို ပွဲလုပ်တဲ့ သူနဲ့ အဆင် မပြေလို့ မဆိုဖြစ် ဘူး။  ဒီးဒီတို့ ဘက်က ပျက်ကွက် တာတော့ မဟုတ်ဘူး။ ပွဲစီစဉ်သူဘက်က ပျက် ကွက်တာ ဆိုတော့ အဆိုတော်တွေ နဲ့ မဆိုင်ပါဘူး။ ကိုယ်တွေ အားလုံးက သွားဖို့ ready လုပ်ထားပြီးသား၊ ဂျိုဟိုး ပွဲစီစဉ်တဲ့သူက အဆိုတော်တွေ အပေါ်မှာ နည်း နည်းလေး စကား ပြောလိုက်တာကို မကြိုက်ကြတဲ့ အတွက် အားလုံး တိုင်ပင်ပြီး မသွား ကြတာပါ။ ပီနန်းပွဲ ကျတော့ ပရိ သတ်တွေက ဒါမျိုး မကြည့်ရတာကြာ ပြီ ဆိုတော့ အဆင်ပြေပါတယ်။ မလေးရှား ကလည်း ဒီးဒီတို့ မရောက် တာ ၂နှစ်လောက် ရှိသွားပြီ။ အဲဒီ မတိုင်ခင် လာခေါ်ပေမယ့်လည်း ကိုယ်က အဆင် မပြေလို့ မလိုက်ဖြစ် ဘူး” လို့ ပြောပါတယ်။ စန္ဒီမြင့်လွင်က ဒီရက်ပိုင်းမှာ ရှိုးပွဲတွေ သီ ဆိုဖျော် ဖြေဖြစ်သလို ညီမဖြစ်သူ စိုးပြည့် သဇင်နဲ့ဆိုထားတဲ့ သီချင်းကိုလည်း အွန်လိုင်း မှာ တင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အွန်လိုင်းမှာ တင်မယ့် ညီ အစ်မနှစ်ဦး ရဲ့သီချင်းနဲ့ ပတ်သက် ပြီး စန္ဒီမြင့်လွင်က “ဒီးဒီ ကတော့ ဒီးဒီဆိုနေကျ ပုံစံပါပဲ။ ဇင်ဇင်ကတော့ သူဆိုနေကျပုံ စံမဟုတ်ဘူး။ ဒါပေမဲ့ သူနဲ့တော် တော်လေး လိုက်ဖက်တယ်။ သူရဲ့ ပထမဆုံးပုံစံ ကွဲထွက် သွားမယ့် သီချင်း ဆိုတော့ သူ့ အတွက် အများ ကြီးကောင်းမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here