အဖြူရောင် ချစ်ခြင်းဖွဲ့ပျော်မွေ့လူငယ်များ နှင့် ချစ်သူများနေ့

0
101

ဖေဖော်ဝါရီလ ၁၄ရက်နေ့က Valentine’s Day (ချစ်သူများ နေ့) ပဲ ဖြစ်ပါတယ်။ နှစ်စဉ်ချစ်သူများ နေ့ရောက်ရှိတိုင်း မိမိချစ်သူထံ ချစ်သက်လက်ဆောင် အမျိုးမျိုး ပေးကြလေ့ရှိသလို ဆင်တူဝတ်စုံဝတ်ဆင်ကာ ချစ်သူစုံတွဲကိုယ်စီ ချစ်ခြင်းမေတ္တာအပေါ် အလေးအနက်ထားကြပုံ ပြသကြပါတယ်။ ချစ်သူစုံတွဲများအတွက် ချစ်သူများ နေ့ဟာ စိတ်ကူးအိပ်မက်လေးတွေ ဖွဲ့ကာ ကြည်နူးပီတိရင်ခုန်သံများနဲ့ ချစ်မြတ်နိုး တန်ဖိုးထား မေတ္တာသက်ဝင်မှု အပြည့်ထား ပျော်ရွှင်စွာ တူနှစ် ကိုယ် ဖြတ်သန်းကြရာ အဖြူရောင် အချစ်နေ့စွဲလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူများနေ့မှာ ရင်ခုန် ပျော်ရွှင်စွာကိုယ်စီဖြတ်သန်းခဲ့ကြ ဖူးတဲ့ မျိုးဆက်သစ် လူငယ် အနုပညာရှင်တို့ရဲ့ ချစ်သူများနေ့ အမှတ်တရ စကားသံတွေ စုစည်း ဖော်ပြလိုက်ရပါတယ်။

Zwe Pyae (2)

ဇွဲပြည့်

Valentine’s Day နေ့မှာ ချစ်တဲ့သူတွေလည်း ချစ်ကြပါ။ ကွဲနေတဲ့သူတွေလည်း ချစ်သူရှာကြပါလို့ပြောချင်ပါတယ်။ ကျွန်တော်လည်း အခုအချိန်ထိ တော့ ရှာပုံ တော်မင်းသားကြီးပါ။ ဒီနှစ် Valentine’s Day နေ့မှာလည်း တစ်ယောက်တည်းပါ။

ppuni

ပိုပို

Valentine’s Day ကို တစ်ယောက်တည်းဖြတ်သန်းမှာပါ။ ငယ်ငယ်လေးကတည်းကလည်း Valentine’s Day ကို အထူးတလည် ဖြတ်သန်းတာမျိုး မရှိခဲ့ဘူး။ ချစ်သူတွေ တကယ်ချစ်မယ်ဆိုရင် နေ့တိုင်း နေ့တိုင်းက Valentine’s Day ဖြစ်နေမှာပါ။ အဲဒီနေ့မှပဲ ချစ်ပြပြီး နောက်နေ့ ရန်ဖြစ်ရင် မကောင်းပါဘူး။ Valentine’s Day နေ့ကို Valentine’s Day နေ့လို့ပဲထင်ပါတယ်။Valentine’s မှာ သူများတွေလို Suprise လုပ်ခံရတာလည်း မရှိခဲ့ပါဘူး။

thuyiya

သူရိယ

ငယ်ငယ်တုန်းကတော့ ရည်စားထားဖူးတယ်။ အခုတော့ ရည်စားမရှိဘူးပေါ့ဗျာ။ ရည်စားထားခဲ့ဖူးတဲ့ အချိန်တုန်းကတော့ အမှတ်တရတွေဘာတွေ ရှိတာပေါ့။ ဗယ်လင်တိုင်းဒေးဆိုရင်။ ဘယ်အရာကမှတော့ မမြဲ ဘူးပေါ့လေ။ ကွဲသွားတာပါပဲ။ အမြဲတမ်းချစ်နိုင်ဖို့ ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက်နားလည် မှုတွေ၊ သွေဖယ်မှုတွေနဲ့ တည်ဆောက်ရတာပါ။ လူငယ်ဘဝမှာတော့ အချစ်နဲ့ ပါတ်သတ်လာရင် ခုံခုံမင်ခင်ရှိခဲ့တာပေါ့။ ငယ်ငယ်တုန်းကတော့ ဗယ်လင်တိုင်းဒေးမှာ အမှတ်တရတွေ ဘာတွေ ရှိခဲ့တာပေါ့။ လက်ဆောင်လေးတွေ ဘာလေးတွေ ဖလှယ်ပေါ့။ အရွယ်ရောက်လာတော့လည်း တည်တည်ငြိမ်ငြိမ်နဲ့ တည်ဆောက်ရမယ့် အချိန်ဖြစ်လာပြီပေါ့။ ဘာပဲ ဖြစ်ဖြစ် ချစ်သူများနေ့မှာ ချစ်တတ်သူတွေအားလုံးပျော်ရွင်ကြပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော်ကတော့ အရင်နှစ်တွေလို တစ်ယောက်တည်းပါပဲ။ လူငယ်တွေ အနေနဲ့ ဗယ်လင်တိုင်းဒေးမှာ အပျော်ကနေ အပျက်တော့ မဖြစ်စေချင်ဘူး။ ခွဲခြားတတ်ကြဖို့လိုပါတယ်။ ဗယ်လင်တိုင်းဒေးဟာ ချစ်သူတွေက အချစ်သင်္ကေတတွေနဲ့ ပြည့်စုံနေတဲ့ နေ့လေးတစ်နေ့ပါ။ ကျွန်တော်ကတော့ ဒီနှစ်ဗယ်လင်းတိုင်းကို ရိုက်ကူးရေးတွေ လုပ်နေရင်းနဲ့ပဲ ထုံးစံအတိုင်း တစ်ယောက်တည်းပဲ ဖြတ်သန်းဖြစ်ပါဦးမယ်။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here