အဖြူရောင် ချစ်ခြင်းဖွဲ့ပျော်မွေ့လူငယ်များ နှင့် ချစ်သူများနေ့

0
285

ဖေဖော်ဝါရီလ ၁၄ရက်နေ့က Valentine’s Day (ချစ်သူများ နေ့) ပဲ ဖြစ်ပါတယ်။ နှစ်စဉ်ချစ်သူများ နေ့ရောက်ရှိတိုင်း မိမိချစ်သူထံ ချစ်သက်လက်ဆောင် အမျိုးမျိုး ပေးကြလေ့ရှိသလို ဆင်တူဝတ်စုံဝတ်ဆင်ကာ ချစ်သူစုံတွဲကိုယ်စီ ချစ်ခြင်းမေတ္တာအပေါ် အလေးအနက်ထားကြပုံ ပြသကြပါတယ်။ ချစ်သူစုံတွဲများအတွက် ချစ်သူများ နေ့ဟာ စိတ်ကူးအိပ်မက်လေးတွေ ဖွဲ့ကာ ကြည်နူးပီတိရင်ခုန်သံများနဲ့ ချစ်မြတ်နိုး တန်ဖိုးထား မေတ္တာသက်ဝင်မှု အပြည့်ထား ပျော်ရွှင်စွာ တူနှစ် ကိုယ် ဖြတ်သန်းကြရာ အဖြူရောင် အချစ်နေ့စွဲလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူများနေ့မှာ ရင်ခုန် ပျော်ရွှင်စွာကိုယ်စီဖြတ်သန်းခဲ့ကြ ဖူးတဲ့ မျိုးဆက်သစ် လူငယ် အနုပညာရှင်တို့ရဲ့ ချစ်သူများနေ့ အမှတ်တရ စကားသံတွေ စုစည်း ဖော်ပြလိုက်ရပါတယ်။

MIN_2858 copy

လွှမ်းပိုင်

” ကျွန်တော်တို့ ဒီနှစ် Valentine’s Day က ကန်တော်ကြီးမှာ ရှိုးပွဲရှိတယ်ဗျ။ ဘိုဘိုနဲ့ Frenzo လည်းပါမယ်နဲ့တူတယ်။ ပေါင်းပြီးတော့လုပ်မယ့် ပွဲလေးရှိတယ်။ ကျွန်တော် အဲဒီမှာရှိတယ်။ ဒီနှစ် Valentine’s ကကျွန်တော်ထင်တယ်။ ထူးထူးခြားခြားတစ်ခုခုတော့ဖြစ်မယ်ထင်တယ်။ အခုလည်း ချစ်သူများနေ့နဲ့ ပတ်သက်ပြီးတော့ စုံတွဲတွေချည်းပဲလုပ်လို့ရမယ့် ပရိုဂရမ်လေး၊ Trend လေးတစ်ခုတော့ထွက်လာမယ်ထင်ပါတယ် (ရယ်လျက်)အဲဒါပါပဲ။ ကျန်တာကတော့သိပ်ပြီး ထွေထွေထူးထူးမရှိပါဘူး”

Soe Pyae Thizin

စိုးပြည့်သဇင်

Valentine’s Day ဆိုတာ ပညတ်ထားတဲ့ ရက်လေးတစ်ရက်ပါ။ ဒီနေ့ လေးက ချစ်သူစုံတွဲတွေအတွက်လည်း တအားကို ပျော်ရွှင်စရာကောင်းတဲ့ ရက်လေးတစ်ရက်။ အထိမ်းအမှတ် လေးတစ်ခုပေါ့။ အဲဒီနေ့မှာ ပျော်ကြတယ်၊ ကြည်နူးကြတယ်။ ဒီလို ပျော်ရွှင်စရာနေ့လေးလို့ပဲ စိုးပြည့်မြင်မိပါတယ်။ မနှစ်ကတော့ စိုးပြည့်ရဲ့ Fan တွေက စိုးပြည့်ကို Valentine’s Day အမှတ်တရဆိုပြီး လက်ဆောင်လေးတွေ လာပေးတယ်ရှင့်။ အရုပ်တွေ၊ ချောကလက်တွေ၊ ပန်းစည်းလေးတွေ လာပေးတယ်ရှင့်။ ဒီနှစ်တော့ စိုးပြည့် အဲဒီနေ့မှာ ခရီးထွက်ဖြစ်မယ်ထင်တယ်။ စိုးပြည့် နယ်မှာသီချင်းဆိုဖို့ တွေရှိတာကြောင့်ပါ။ အဲဒါကြောင့် စိုးပြည့်ရဲ့ ပရိသတ်တွေက ဇန်နဝါရီလ ကုန်ကတည်းကလာပြီး လက်ဆောင်တွေ ပေးကြပါတယ်။

Thon Set

သွန်းဆက်

ညီမငယ်ငယ်တုန်းက ချစ်သူများနေ့ရောက်တိုင်း ကလေး ဘဝကတည်းကနေ ဒီနေ့ထိ ပန်းစည်း၊ ချောကလက် အမြဲရတယ်။ ဘာဖြစ်လို့ဆို ရည်းစား ရှိတာ၊ မရှိတာနဲ့ မဆိုင်ဘူး။ ဒါက ကိုယ့်ချစ်တဲ့သူ တွေက ပေးကြတယ်။ ကလေးဘဝတုန်းကတော့ချစ်သူ နဲ့ အင်္ကျီဆင်တူဝတ်တယ်။ ရှိုးပွဲတွေသွားတယ်။ အခု ကြီးလာတော့ အဲဒီ လိုမျိုးတွေ မလည်တော့ဘူး။ ကိုယ့်အရွယ်နဲ့လည်း မလိုက်ဖက်တော့ဘူးလေ။ ဒီအရွယ်မှာတော့ ချစ်သူနဲ့ Dinner အတူတူစားတယ်။ ကိုယ်ပေးစရာရှိတဲ့ လက်ဆောင်တွေ ပေးကြတယ်။ သွန်းဆက်ရဲ့ပရိသတ်တွေကလည်း ဒီနှစ် ချစ်သူများနေ့မှာ စိတ်ဆိုး၊ စိတ်ကောက် တာတွေမရှိဘဲ ပျော်ရွှင်စွာ ဖြတ် သန်းနိုင်ကြပါစေလို့ သွန်းဆက် ဆုတောင်းပေးပါတယ်။

Shwe Tmee

ရွှေသမီး

အချစ်ဆိုတာ ညီမအတွက်ကတော့ ချစ်တယ်ဆိုတာက ချစ်နေရုံလေးပါပဲ။ လူတစ်ဦးတစ်ယောက်၊ သူစိမ်းတစ်ယောက်အပေါ်မှာ မသိစိတ်ကလေးကနေ ချစ်နေတာလည်း ချစ်တာပဲ။ ဖွင့်ပြောပြီးမှ ချစ်ကြတာလည်း ချစ်တာပါပဲ။ အချစ်ဆိုတဲ့ စကားလုံးလေးကတော့ အင်မတန်ကို နက်နဲ သိမ်မွေ့တဲ့ စကားလုံးလေးပါ။ ချစ်တယ်ဆိုတဲ့ စကားလေးက တအားကို အဓိပ္ပာယ်ရှိနေတဲ့ စကားလုံးလေးပါ။ အခုနောက်ပိုင်းတော့ ချစ်သူများနေ့ကို အကျွမ်းတဝင်မရှိတော့ပေမယ့် ငယ်ငယ်ကျောင်းတတ်တုန်းကဆိုရင် အမှတ်တရတွေရှိတယ်။ အဲဒီတုန်းက ချစ်သူများနေ့ဆိုရင် ကျောင်းမသွားတာများတယ် (ရယ်လျက်)။ အဲဒီနေ့ကျရင် အခန်းထဲမှာ တစ်ယောက်မှ မရှိတော့ဘူးကိုး။ တခြားအတန်းတွေ လျှောက်လည်တယ်။ တခြားအတန်းသွားပြီးတော့ ကိုယ်ကြိုက်တဲ့ ကောင်လေးတွေကို သွားရှိတ်ကျတယ်လေ (ရယ်လျက်)။ နောက်ပိုင်းတော့ ဗယ်လင်တိုင်းဒေးဆိုရင် အိမ်မှာပဲ ရှိတာများတော့တယ်။ အခုဒီနှစ်မှာလည်း တစ်ယောက်တည်းပဲ ဖြတ်သန်း ဖြစ်ပါမယ်။ ဒီနှစ် ဗယ်လင်တိုင်းဒေးမှာ မန္တလေးမှာရှိနေမယ်။ မန္တလေးက ပွဲတစ်ခုအတွက် တက်ရောက်ပေးမှာဆိုတော့ ဒီအတိုင်း ဖြတ်သန်းပါမယ်။ ဒါပေမဲ့
နှစ်တိုင်းလည်းတစ်ယောက်တည်း ဖြတ်သန်းနေရတာပါ (ရယ်လျက်)။

yadanarbo

ရတနာဗိုလ်

ဒီနှစ် ဗယ်လင်တိုင်းဒေးမှာတော့ အလုပ်ထဲမှာပဲ ရှိနေဖို့များပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးဖြစ်နေပါမယ်။ အရင်တုန်းကဆိုရင် ရည်စားတွေထား လည်း ချစ်သူများနေ့ မတိုင်ခင်မှာပဲပြတ်ပြတ်သွားတာများတယ်။ ဒီနှစ်လည်း ဘာမှမရှိတဲ့ ချောကလတ်တွေဘာတွေ စားဖို့လည်း မမြင်ပါဘူး (ရယ်လျက်)။ အဲဒီအတွက် အလုပ်ပဲလုပ်နေပါမယ်။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here