ရွှေကြို ရှိသင့် မရှိသင့်

0
204

shwegyo

၂ဝ၁၆ခုနှစ် ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပွဲကြီး ကျင်းပဖို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်များ မိမိတာဝန်ယူရမည့် အပိုင်းကို သူ့နေရာနှင့်သူ၊ သူ့ကဏ္ဍအလိုက် ခွဲဝေ၍ လုပ်ကိုင်နေကြရပါပြီ။

ယခင်အစိုးရလက်ထက်က တော့ ရုပ်ရှင်သမားတွေအတွက် နိုင် ငံတော်က ကျင်းပပေးသည့် အကယ်ဒမီပွဲကို သည်လူရမယ် ရင်ခုန်ရုံကလွဲပြီး ဘာမှ တာဝန်ယူ ရတာမဟုတ်ဘူးလေ။ ရုပ်ရှင်လုပ်ငန်း က ကျင်းပတဲ့ပွဲကို အားမလို အားမရ ဖြစ်ကြတဲ့ ရုပ်ရှင်လောကသားတွေက သူတို့ဖာသာ ကျင်းပဖို့ တောင်းဆိုလို့ ရလာတဲ့အခါကျတော့၊ အဲဒီအကယ် ဒမီပွဲဟာ ရုပ်ရှင်အစည်းအရုံးရဲ့ တာဝန်ကြီး ဖြစ်လာပါတော့တယ်။ ယခင်ကတော့ အကယ်ဒမီဗန်းကိုင် ဖြစ်ဖို့ သက်ဆိုင်ရာလူကြီး တချို့ကို သိန်း ၂ဝလောက် လက်သိပ်ထိုးပေးရတယ်တဲ့။ အဲဒီလို ကြားဖူးတာပါ။ (ပေးခဲ့ရတဲ့သူတွေ ကိုယ်တိုင်က ပြောပြသွားပါတယ်။)

ရုပ်ရှင်အစည်းအရုံးကတော့ အကယ်ဒမီဗန်းကိုင်ဆိုတဲ့ အမည်က လေးပြောင်းပြီး ပွင်းလင်မြင်သာစွာ နဲ့ အများရှေ့မှာ ရွှေကြိုဖြစ်သင့် သူကို အဆင့်ဆင့်ရွေးချယ်ပေး လိုက် ပါတယ်။ ရွှေကြိုဆိုတာ မရှိသင့်ဘူး။ အကယ်ဒမီဘယ်သူရမယ်လို့ ရင်ခုန် နေရတဲ့ကြားထဲ ရွှေကြိုတွေ ဟန်ရေး ပြနေတာ စိတ်မရှည်ဘူးလို့ တစ်ဦး နှစ်ဦးရဲ့ ကန့်ကွက်သံတွေ ကြားနေရ ပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်လေ။

အကယ်ဒမီပွဲနဲ့အတူ ရွှေကြို ဘယ်သူဖြစ်မလဲ၊ ရွှေကြိုတွေကို ဘယ်သူပြင်ပေးမလဲ၊ ရွှေကြိုတွေ ဘယ်လိုဖက်ရှင်ဒီဇိုင်းနဲ့ ဘာဝတ်ကြ မလဲဆိုတာ စိတ်ဝင်စားကြတာ မြန်မာပြည် တစ်ပြည်လုံးရဲ့ ရုပ်ရှင် ဝါသနာရှင်တွေနဲ့ လူငယ်လူရွယ်အများစုပဲ ဖြစ်ပါတယ်။ ရွှေကြိုမှာ ပါဝင်ခဲ့လို့ လူသိများ ထင်ရှားပြီး ကြော်ငြာတွေ ရိုက်ကူးရတာ၊ မဂ္ဂဇင်း မျက်နှာဖုံးရှင်တွေ ဖြစ်တာ၊ ရုပ်ရှင် သရုပ်ဆောင်ဖြစ်သွားတာတွေ အများကြီးပဲ မဟုတ်လား။

ဝါဆိုမိုးဦး၊ သက်သခင်၊ ပိုင်တံခွန်၊ မင်းတော်ဝင်၊ မေမြတ်နိုး၊ မေမြင့်မို၊ ထူးမြတ်၊ ထူးအောင်၊ ထက်ကိုကိုလင်း၊ မင်းခန့်ကို၊ မင်းခန့် ညီ၊ နှင်းဦးဝေ၊ စိုးသီဟ စသည်ဖြင့် အများကြီးပါပဲ။ ရွှေကြိုဟာ မြန်မာ ပြည်အနှံ့အပြားမှာရှိတဲ့ ဝါသနာ ရွက်ပုန်းသီးလေးတွေကို ဖော်ထုတ်ပေးတဲ့ နေရာတစ်ခုလို့ ခေါ်နိုင်ပါတယ်။ မနှစ်ကတော့ ၁၉၁၄ – ၁၅ ခုနှစ်အတွက် ၂နှစ်ပေါင်း ကျင်းပတဲ့ ပွဲမို့ ရွှေကြိုတွေများတယ်လို့ဆိုရ မယ်။ သည်နှစ်ကတော့ ရွှေကြို အရေအတွက်နည်းကောင်း နည်းပေ လိမ့်မယ်။ ယခင်က အကယ်ဒမီဗန်း ကိုင်ဟာ မိန်းကလေးတွေချည်းဖြစ် ပေမဲ့ ရုပ်ရှင်အစည်းအရုံးက လုပ်တဲ့ ပွဲမှာ ရုပ်ရှင်ဝါသနာရှင် ကလေး များအတွက် ထောက်ပံ့ကူညီပံ့ပိုးချင်တဲ့ စေတနာကြောင့် မိန်းကလေးရော ယောက်ျားလေးပါ ရွေးချယ်ခဲ့တဲ့ အင်မတန်အဆင်ပြေတဲ့ လုပ်ရပ်တစ် ခုပါ။

ရွှေကြိုမရှိသင့်အကြောင်း ကန့် ကွက်သူတစ်ဦးက ရွှေကြိုအတွက် ကုန်ကျစရိတ်တွေကြည့်ပြီး ငွေတွေ ဒဟဟော ကုန်တယ်လို့ ပြောပါတယ်။ တကယ်တော့ အဲဒီရွှေကြိုကို စိတ်ဝင် စားတဲ့လူတွေ များလွန်းလို့ ရွှေကြို အတွက် မိတ်ကပ်တာဝန်ယူချင်သူ တွေ၊ အဝတ်အစးပံ့ပိုးချင်သူတွေ၊ ဖိနပ်ကလေးကအစ ထောက်ပံ့ချင်သူ တွေ များလွန်းလို့ အစည်းအရုံးအနေနဲ့ ပိုက်ဆံ အပိုကုန်စရာမလိုဘဲ ရန် ပုံငွေ တောင် ရရှိခဲ့ပါသေးတယ်ရှင်။ ကြီးကျယ်ခမ်းနားသော အကယ်ဒမီပွဲကြီးဖြစ်ဖို့ ရုပ်ရှင်ကား တွေကို အကဲဖြတ်သူတွေရွေး လိုအပ် တဲ့ ကျွေးမွေးဧည့်ခံစားရိတ် တွေနဲ့ ဆုပေးဖို့တွေ ရှာရဖွေရ၊ လုပ်ကိုင်ရတာ ဘယ်လောက် စိတ်မော၊ လူမောနဲ့ ပင်ပမ်းရတယ်ဆိုတာ လက် တွေ့လုပ်ကိုင်ရတဲ့ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ၊ အဖွဲ့ဝင်လူကြီးတွေ၊ အစည်းအရုံးဝန်ထမ်းတွေပဲ သိပါတယ်။

ဘေးကရပ်ကြည့်ပြီး ဟိုဟာ လိုတယ်။ ဒီဟာမကောင်းဘူး ပြောတဲ့ အကောင်းမမြင်၊ အပြစ်ရှာတဲ့ လူတွေကိုတော့ သည်ပွဲဖြစ်မြောက် ဖို့ လက်တွေ့ဝင်လုပ်ကြည့်ပြီးမှ ဝေဖန်ပါလို့ မေတ္တာရပ်ခံရင်း ရွှေကြိုဖြစ်လိုသူများကို ဝမ်းမြောက် ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ တယ်ရှင်။

တက္ကသိုလ် ယဉ်ယဉ်လဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here