Social Media ဖိုရမ်နဲ့ ပတ်သက်ပြီး ေ ဟ ာ ေ ပြာ ပွဲ ပြု လု ပ် သွား မ ယ့် ဂုဏ်ရည်အေးကျော်

0
174

GoneYiAyeKyaw copy

အလှမယ် တစ်ဦးလည်းဖြစ်သူ၊ အစီအစဉ်တင်ဆက်သူ တစ်ဦးလည်း ဖြစ်တဲ့Miss Myanmar International 2013 အလှမယ် ဂုဏ် ရည်အေးကျော်က အခုနောက် ပိုင်းမှာTalkshow  တွေကို လက်ခံ ရိုက်ကူးနေသလို ဟောပြောပွဲများကို လည်း လက်ခံဆောင်ရွက်နေပါ တယ်။ ဂုဏ်ရည်အေးကျော်က အခု လက်ရှိမှာတော့Social Media  ဖိုရမ်အတွက် ဟောပြောသူအဖြစ် လက်ခံပြီး ပြည်မြို့မှာရှိတဲ့ ပြည် တက္ကသိုလ်နဲ့ ပြည်နည်းပညာတက္က သိုလ်တို့မှာ ဖေဖော်ဝါရီလ ၇ရက်၊ ၈ရက်နေ့တို့တွင် သွားရောက် ဟောပြောမှာ ဖြစ်ကြောင်း သိရပါ တယ်။ အဆိုပါ တက္ကသိုလ် ၂ခုတွင် အဓိကထား ဟောပြောသွားမယ့် အကြောင်းအရာ များကိုတော့ ဂုဏ်ရည်အေးကျော်က…

 “အခုဟောပြောပွဲမှာ ဖေ့စ် ဘုတ်နဲ့ပတ်သက်ပြီး online media  တွေကို အသုံးပြုပြီး ဘယ်လိုမျိုး ဆောင်ရန်ရှောင် ရန်တွေ လုပ်သင့် လည်း၊ အဲဒီမှတစ်ဆင့် ဘယ်လိုအကျိုး ကျေးဇူးတွေရှိတာလည်း စတာတွေကို ညီမက ဟော ပြောသွားမှာပါ။ အဓိကကတော့ Social Media  ဖိုရမ် ဖြစ်တဲ့အတွက်Social Media  နဲ့ ပတ်သက်တာတွေကိုအဓိက ပြောသွားမယ်။ ပြီးတော့ လူငယ်တွေလည်း ဖြစ်တဲ့ အတွက် ဖေ့စ် ဘုတ်ပေါ်မှာ တရားလွန် popular ဖြစ်ချင်နေတာကြောင့် လမ်းမှား လိုက်တာတွေ၊ အဲဒါတွေရဲ့ အဓိကဆောင်ရန်၊   ရှောင်ရန်တွေနဲ့ အကျိုး ရှိစွာ ဖေ့စ်ဘုတ်ကို အသုံးပြုနည်းတွေကို ပြောသွားမယ်။ ကျန်တာ တွေကတော့ လူငယ်တွေတိုးတက်ဖို့ သွယ်ဝိုက်ပြီးတော့ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ဖို့ကိုလည်း ဂုဏ်ရည်ပြောသွားမှာပါ။ ဂုဏ် ရည်တို့ရဲ့ ဒီဟောပြောပွဲလေးက စိတ်ဝင်စားမှုလည်း ကောင်းမှာပါ” လို့ ပြောပါတယ်။

ဂုဏ်ရည်အေးကျော်က ဒီဟောပြောပွဲကို ဦးသောင်းစုငြိမ်း၊ ကိုထူးမြတ်နောင် တို့နဲ့အတူ ပါဝင်ကာ ဟောပြောသွားရမှာလို့ သိရပါ တယ်။ ဒီဟောပြောပွဲပြီးရင်တော့Miss Myanmar International  ရဲ့ အဖွဲ့အစည်းတစ်ခုကလုပ်တဲ့ ခရီးသွားပြပွဲကြီးတစ်ခုမှာ အစီအစဉ် တင် ဆက်သူအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး သူ့ကိုTV  ဇာတ်လမ်းတွဲ တစ်ခု မှာ မင်းသမီးတစ်ယောက်နဲ့အပြိုင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားကြောင်း ဂုဏ်ရည်အေးကျော်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊ ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here