ဘယ်ပန်းချီ အလား အကယ်ဒမီ

0
248

adacemyအကယ်ဒမီ သက် တမ်း နှစ်၆ဝ ကျော်သွားပါပြီ။ နှစ်တိုင်းဆု အပြည့် ပေးဖြစ်သလားဆို တာကို လေ့လာ ကြည့်ရအောင်။

၁၉၆၂၊ ၆၆၊ ၆၇၊ ၈၄၊ ၉၂၊ … ခုနှစ်တွေမှာ ဆုသုံးဆုသာ ပေးဖြစ်တယ်။ ၁၉၇၂ ခုနှစ် နဲ့ ၇၄ ခုနှစ်မှာ ၂ဆုပဲ ပေးဖြစ်တယ်။ ၁၉၉၄ ခုနှစ်မှာ စုစုပေါင်း ဆု၉ဆု သတ်မှတ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်က စပြီး ၁၁ဆု သက်မှတ် လိုက် ပြီ။ ၂ဝ၁၃ ခုနှစ် မှာတော့ ၆ ဆုသာပေး ပြီးကျန်၅ဆု မပေးခဲ့ ပါ။ ၂ဝ၁၆ခုနှစ် အတွက် တော့ ၁၁ ဆုလုံး အပြင်၊ ကလေးဆု ပါဆို ၁၂ဆု ပြင် ထားပါသတဲ့။ ပေးမှရတာတဲ့။ တချို့ ကပြော တယ်၊ အကယ်ဒမီ ဆိုတာ နတ်ကြီးတယ် တဲ့။ တချို့ ကပြောတယ် အကယ်ဒမီ ဆိုတာ ကံကောင်း မှရတာတဲ့။ တစ်ချို့ကပြောတော့ အကယ်ဒမီ ဟာ ကြေမွသွားသော နှလုံးသား တိမ်တိုက်တဲ့။ တချို့က ပြောတယ်၊ အကယ်ဒမီကရွှေတစ် ကျပ်သား လား၊ နှစ်ကျပ်သားလားတဲ့။

ကဲဗျာ အကယ်ဒမီရဲ့ ဂုဏ် သိက္ခာ ဘယ်နားရောက်သွားပြီလဲ။ ရွှေအစစ် ကြယ်ဖြုတ် လိုက်တာနဲ့ အကယ်ဒမီ အသက် မဝင်တော့တာ လား။ တကယ်တော့ အကယ်ဒမီက ဘယ်ပန်းချီ အလား ရှိနေသင့်တာ ပေါ့။ အကယ်ဒမီ ဘုတ်အဖွဲ့ ဖွဲ့လိုက် ပြီး အားလုံးကို ပညာရှင်လို့ သုံးနှုန်း ထားတယ်။ ဒါဆို အဖွဲ့လူကြီးက ပညာရှင်ကြီးပေါ့။ အဲဒီလူကြီး နဲ့ အဖွဲ့ဝင်တွေကို ဖွဲ့ပေးတာ ရုပ်ရှင် အစည်းအရုံးနော်။ ရုပ်ရှင်အစည်း အရုံးက တာဝန် ယူပြီး အကယ်ဒမီ ပေးလာတာ နှစ်အားဖြင့် ၆နှစ်၊ အကြိမ် ၃ကြိမ် မြောက်ခဲ့ပြီ။ သုံးကြိမ် လုံး အကယ်ဒမီ ဘုတ်အဖွဲ့ တာဝန်ခံ လူကြီး အပြောင်းအလဲမရှိ။ ဒီလူကြီး ပဲနော်။ အတတ်နိုင်ဆုံး လျှို့ဝှက်ထား ပါလို့ လူကြီးမှာနေ တဲ့ကြားကနေ ဘုတ်အဖွဲ့တွေနေ့ ချင်းကြည့်နေတဲ့ ဇာတ်ဝင်ခန်းတွေကို facebook ပေါ်မှာ တင် ပြီး ကြေညာနေတာ။ ဆန်ကာတင်ပါ ဆိုပြီး ဇာတ်ကား စာရင်းတွေ တင်နေတာတွေ၊ အချင်း ချင်း ဘာသံ၊ ညာသံတွေ ထွက်လာ တာ၊ လျို့ဝှက်ဆိုတဲ့ စကားလုံးကို ခေါက်သိမ်း ထားဖို့ ကောင်းတယ်။ လူကြီးစကား ကိုလည်း ဘယ်သူမှ အရာမသွင်းကြဘူး။

ရုပ်ရှင်ပညာဆိုတာ ဘာကို ပြောတာလဲ။ ကျွန်တော်မသိဘူး။ ရုပ်ရှင် အတတ်ပညာကရော ဘာလဲ။ ကျွန်တော်မသိဘူး။ Film ခေတ်ကုန် ပြီး ရုပ်ရှင် Digital နည်းပညာ ဆိုတာ ဘာလဲ၊ ကျွန်တော် မသိပါဘူး။ ဒါကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် ပညာရှင်လို့ ပြောဖို့ မရှိဘူး။ ကျွန်တော်ဘာမှ မတတ်တာ။ ကျွန်တော့်ကို ကျွန်တော်တော့ အဆုံး မရှိတဲ့ ပင်လယ်လိုပဲ သက်မှတ်ထား တယ်။ ဒီတစ်ပတ် အတွက် ကျွန်တော် ဇာတ်ကားတစ်ကား ရွေးချယ်လိုက် ပါပြီ။ ခရေဖြူ ရုပ်ရှင် ထုတ်လုပ်ရေး က ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ “ချစ်လှစွာသောအမုန်း” ဇာတ်ကား ပါ။

သံယောဇဉ်ကြိုး၏ ရစ်ပတ်နက် ရှိုင်းမှု၊ မေတ္တာတရားသည် ဆင်းရဲ ချမ်းသာမရွေး မည်သူကို မဆို နှောင် ဖွဲ့နိုင်ခြင်း၊ ဘဝရဲ့ နေ့သစ်များ လှပ စေရန် နားလည် ခွင့်လွှတ်ခြင်းဖြင့် ပုံဖော်တင်ပြထားသော ချစ်ခြင်း မေတ္တာဘွဲ့ ဇာတ်လမ်း တစ်ပုဒ်ဖြစ် သည်။ “ချစ်လှစွာသော အမုန်း” ဇာတ် ကား၏ မူရင်း ဝတ္ထုမှာ ပုညခင်၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဝိုင်း၊ သရုပ်ဆောင်များမှာ အောင်ရဲလင်း၊ သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်၊ ဇင်ဝိုင်း၊ ဝါဝါအောင်၊ ဒေါ်နွဲ့နွဲ့စန်း၊ ကလေး သရုပ်ဆောင် စောသုနန္ဒာ တို့ ပါဝင် ထားတယ်။ ဇာတ်ကားပေ အရှည်မှာ ၁၂၁၅ဝ ပေ ရှိတယ်။ အသံဖမ်း ကြည်မင်းသိန်း။ တည်းဖြတ် ကျော်ခိုင်စိုး၊ နောက်ခံတေးဂီတ ဓီရာမိုရ်။ လှုပ်ရှားမှု ဓာတ်ပုံ မိုးကျော် တို့ဖြစ်တယ်။

ကျွန်တော် “ချစ်လှစွာသော အမုန်း”ဇာတ်ကားမှ ၂ဝ၁၆ ခုနှစ် အကယ်ဒမီ ကြိုတင်ခန့်မှန်း ရရင်တော့

၁။ ဇာတ်ညွှန်း – ဝိုင်း
၂။ ဒါရိုက်တာ – ဝိုင်း
၃။ အဓိက အမျိုးသမီး သရုပ်ဆောင်  သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်
၎။ အမျိုးသားဇာတ်ပို့ – ဇင်ဝိုင်း
၅။ တည်းဖြတ် – ကျော်ခိုင်စိုး
၆။ အသံဖမ်း – ကြည်မင်းသိန်း
၇။ နောက်ခံတေးဂီတ – ဓီရာမိုရ်

ဒါ ကျွန်တော့်အတွေး၊ ကျွန်တော့်အမြင်၊ ကျွန်တော့်အထင် တော့ ဖော်ပြပါ (ဆု ၇ဆု)ကို ရွေးချယ်ပါတယ်။ အဲဒီထဲက ဘယ် နှစ်ဆု တိုးမလဲတော့ မပြောတတ်ဘူး။ အယောက် ၁ဝဝရဲ့ အဖြေကိုပဲ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော် ကြိုတင်ခန့်မှန်းမှုနဲ့ ပရိသတ် အကြိုက်၊ ပရိသတ်အခိုက်၊ ရင်ခုန် ဖို့ရာ တစ်ထပ်တည်းကျပါစေ။

လူဆိုတာ အဝတ်မပါဘဲ မွေးလာတာချည်းပါပဲ။ ပြီးတော့ ဘုရင် ဖြစ်သွားတယ်ဆိုတာ ဘယ်သူ ကြိုသိ မှာလဲ။ အဲဒီစာသားကတော့ ရင်ကို ထိတယ်ဗျာ။ ဒါပေမဲ့ လောက မှာ မျက်လှည့်နဲ့ လက်လှည့်ဆိုတာ ၂မျိုး ပဲရှိတယ်။ အကယ်ဒမီက အဲဒီ၂မျိုး လုံးကို ဆွေမျိုးတော် မထားဘူး။ ပြီး တော့ Google  မှာလည်း ရှာလို့ တွေ့မှာမဟုတ်ဘူး။

ဒီတစ်ပတ်တော့ ဒီတစ်ကား တည်းနဲ့ ကျေနပ်ပေးပါ။ နောက် တစ်ပတ်ကျမှ ဇာတ်ကား၂ကားကို ပရိသတ် နဲ့ အတူ ရင်ခုန်မယ်နော်။

ဒါရိုက်တာ မောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here