အကယ်ဒမီ ရလိုက်တာ နဲ့ ဘဝတစ်ခုလုံး ပြောင်းလဲ သွားတာ မဟုတ်ဘူး ခင်လှိုင်

0
221

Khin-Hlaing-1သရုပ်ဆောင် ခင်လှိုင်ကတော့ အခု လတ်တလောမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ဖေ့စ် ဘုတ်ဘုရင်မ”ရုပ်ရှင်ဇာတ်ကား ရိုက် ကူးနေတာ ဖြစ်ပြီး သားဖြစ်သူ သရုပ်ဆောင် နေရဲနဲ့ အတူ ဗီဒီယို ဇာတ်ကားတွေ လည်း ရိုက်ကူးဖို့ ရှိတယ်လို့ ပြောပါတယ်။

“အခု လတ်တလောမှာ ဒါရိုက် တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ဖေ့စ်ဘုတ်ဘုရင်မ” ဟာသရုပ်ရှင် ဇာတ်ကားကြီးကို လူမင်း၊ ရွှေမှုန်ရတီ တို့နဲ့ အတူ ရိုက်ကူးနေပါတယ်။ ဒီနှစ် ၉လပိုင်း အထိတော့ ရုပ်ရှင်ဇာတ် ကား ကြီးတွေ လက်ခံထားတယ်။ ဒီကြားထဲမှာ ဒါရိုက်တာ လုပ်ပြီး သားနေရဲနဲ့ “ရွှေချိုးဖြူကူပါ တော့” ဗီဒီယိုဇာတ်ကားလေး ရိုက် ကူးဖို့ ရှိတယ်။ သား နေရဲ နဲ့အတူ ဇာတ်ကား တစ်ကား လောက် ရိုက် ထားတယ်။ သားကို အစ်ကိုက အိုက်တင်ကို မသင် ပေးဘူး။ စိတ်ကိုပဲ သင်ပေးတယ်။ ကိုယ် က သရုပ်ဆောင် ဖြစ်လို့ သားကို သရုပ်ဆောင် လုပ်ခိုင်းတာ မဟုတ်ဘူး။ မိဘတစ် ယောက် အနေ နဲ့ အကောင်းဆုံးကို မျှော်လင့်ထား တယ်” လို့ခင်လှိုင်က ဆိုပါတယ်။

ခင်လှိုင်က လာမယ့် အကယ်ဒမီ ပေးပွဲအတွက် ရင်မခုန်တော့ ပေမယ့် အခြားအနုပညာ ရှင်တွေကိုတော့ အကယ်ဒမီ ရစေချင် တယ် လို့ ပြောပြခဲ့ပါတယ်။ အကယ်ဒမီ ဆိုတာက နှစ် တစ်နှစ် အတွက် ထူးချွန်ဆုံးဆု ကို ပေးတာဖြစ်ပြီး အကယ်ဒမီ ရလိုက် တာနဲ့ ဘဝကြီး ပြောင်းလဲ သွားတာ မရှိဘူး” လို့ ပြောခဲ့ပါ တယ်။

“လာမယ့် အကယ်ဒမီ နီးလာပြီဆိုတော့ ရင် ခုန်တာတော့ မရှိဘူး။ ဒီနှစ်ကတော့ မြင့်မြတ်နဲ့ ထွန်းထွန်း ကို ရစေချင်တယ်။ အကယ်ဒမီ ဆိုတာက နှစ်တစ် နှစ်လုံးမှာ အထူး ချွန်ဆုံးဆုကို ပေးတာပါ။ အကယ်ဒမီ ဆိုတာ က တစ်ဘဝစာ မဟုတ်ပါဘူး။ တစ်သက်လုံး အတွက် အမှတ်တရ မှတ်တိုင် တစ်ခု တော့ ဖြစ်သွား တယ်။ အကယ် ဒမီရပြီး ရင်လည်း အကယ် ဒမီရတယ်ဆို ပြီး ထိုင်နေလို့ မှ မရတာ။ ဆက်မကြိုးစားရင် မအောင် မြင်နိုင်ဘူး။ အကယ်ဒမီ ရလိုက်တာနဲ့ ဘဝတစ် ခုလုံး ပြောင်းလဲလိုက်တာ မဟုတ်ဘူး”လို့ ဆိုပါ တယ်။

ချယ်ရီ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here