တိပိဋကဓရ ဆရာတော်များ ပူဇော်ပွဲ ထိုင်းနိုင်ငံတွင် ဒုတိယ အကြိမ် ကျင်းပ

0
206

thaiဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ထိုင်း နိုင်ငံ အတွင်းသို့ အပူဇော်ခံရန် အတွက် ကြွရောက် တော်မူလာကြ သော တိပိဋကဓရ ဆရာတော် များသည် စမူပါရ ကန်ခရိုင် ဖါ့ပဒဲ(င်)မြို့ ဝဒ်ကျာ(င်)ဒဲင် ကျောင်းတိုက် သို့ ဗုဒ္ဓဘာသာဝင် များ၏ ပူဇော်ခြင်း ကို ခံယူခဲ့ကြပါ သည်။ ထိုင်းနိုင်ငံ အတွင်းသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံ သား ဗုဒ္ဓဘာသာဝင်များ ၏ ပူဇော် ခြင်းကို ခံယူရန်အတွက် မြန်မာနိုင်ငံမှ တိပိဋကဓရဆရာ တော်များဖြစ်ကြ သော ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ဘဒ္ဒန္တ ဝံသပါလာလင်္ကာရ၊ ဘဒ္ဒန္တ ဂန္ဓမာလာ လင်္ကာရ၊ ဘဒ္ဒန္တ သုန္ဒရ၊ ဘဒ္ဒန္တ ဣန္ဒပါလ၊ ဘဒ္ဒန္တ အဘိဇာတဘိဝံသ၊ ဘဒ္ဒန္တ ဣန္ဒာစရိယ စသော ဆရာတော် အရှင်သူမြတ် ရှစ်ပါး သည် ထိုင်းနိုင်ငံ စမူပါရကန်ခရိုင် ဖါ့ပဒဲ(င်)မြို့ ဝဒ်ကျာ(င်)ဒဲင် ကျောင်းတိုက်တွင် အပူဇော်ခံပွဲ ပြုလုပ်ခဲ့ပါသည်။

thai1ထိုပွဲသို့ ထိုင်းနိုင်ငံသား ဗုဒ္ဓ ဘာသာဝင်များ နှင့် မြန်မာရွှေ့ ပြောင်း အလုပ် သမား လေးထောင် ခန့် တက်ရောက်၍ ပူဇော်ကန်တော့ခဲ့ ကြပါသည်။ ဆရာတော်များ အပူ ဇော်ခံ ကြွရောက်တော်မူနိုင်ရန် အတွက်အဓိက တာဝန် ယူ ပင့်ဆောင် ခဲ့ သော ဦးဆန်နီ၊ ဇနီး ဒေါ်မိုးသူမြင့် (နဂါးနီကုမ္ပဏီ) မှ ဦးဆန်နီ က “အခက်အခဲများ ကြားမှ လုပ်ဆောင် ရပေမယ့် မြန်မာ ဗုဒ္ဓ ဘာသာဝင် များကို ပျော်ပျော်ရွှင်ရွှင် တွေ့မြင့်ရ လို့အခက်အခဲ များ ပျောက် ကွယ် ခဲ့ရ ပါတယ်” ဟုပြောပါသည်။ ဝဒ်ကျာ(င်) ဒဲင် ကျောင်း တိုက် မှ မြန်မာ စာသင် သံဃာတော် ဦးကဝိန္ဒ ကလည်း ယခု ပူဇော်ပွဲ ကြီး ကို ဦးဆောင်ပြီး လုပ်ဆောင် ပေးရတာကိုပဲ အတိုင်း မသိဝမ်းသာ ပီတိဖြစ် ရကြောင်း၊ ပြည်ပနိုင်ငံမှာ ရောက်နေသော် လည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ အများအပြား လာရောက်ကန်တော့ ကြသည့် အတွက် အလွန် ဝမ်းမြောက်မိ ကြောင်းပြောသည်။

တိပိဋကဓရ ဆရာတော် ကြီး များကလည်း တစ်ပါး စီမှ ဆုံးမ သြဝါဒ စကားများမြွက်ကြား ပေးခဲ့ပါ သည်။ ပရိသတ်ဦးရေ ၃၅ဝဝ ခန့် တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ အတွင်းတွင် ပူဇော်ပွဲ ပေါင်း ၁၃ ပွဲမျှ ပြုလုပ်သွားမည် ဟုလည်း ဦးဆန်နီက ပြောပါသည်။ ယခုကဲ့သို့ တိပိဋက ဓရဆရာတော်ကြီးများ ထိုင်းနိုင်ငံ သို့အပူဇော်ခံကြွရောက်ခြင်းမှာ ဒုတိယအကြိမ် မြောက် ဖြစ်ပါသည်။

ဝင်းကိုကို (ဧရာဝတီ)
(ထိုင်းနိုင်ငံမှ သတင်းပေးပို့သည်)


LEAVE A REPLY

Please enter your comment!
Please enter your name here