နှင်းဆီအငြိမ့်ရဲ့ ၂ဝ၁၇ ခုနှစ် ပြည်ပခရီးစဉ်ကို ကနေဒါနဲ့ အမေရိကားနိုင်ငံတို့ကို ရွေးချယ်ထားကြောင်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ပြောပြ

0
269

Mg Myo Min copy

ပြေတီဦး ဖောင်ဒေးရှင်းရန်ပုံ ငွေ ပဒေသာကပွဲမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ် ကြီးကြပ်တဲ့ ချန်နယ်သစ်ကတော့ လက်ရှိ မျက်မှောက်ကာလမှာ Current ဖြစ်နေတဲ့ အဖြစ်အပျက် တွေကို အခြေခံတဲ့ ပြက်လုံးတွေနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ပါတယ်။

    ဒါ့အပြင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်းတွင်းဖြစ်) စီစဉ်ကြီးကြပ်မယ့် နှင်းဆီ အဖွဲ့သား တွေအနေနဲ့ ကတော့ ရန်ကုန်မြို့မှာ လာမယ့် ဧပြီလ(သို့မ ဟုတ်) မေလ လောက်မှာ ကပြတင် ဆက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

    “ဒီမှာ ကပြပြီးရင်တော့ ပြည်ပ ဖျော်ဖြေပွဲအနေနဲ့ အမေရိကားနဲ့ ကနေဒါ ခရီးစဉ်တွေကို သွားပါမယ်။ ဒီနှစ်ရွေးချယ်ထားတဲ့ နေရာတွေ ပါ။ အမေရိကားကတော့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပါတယ်။ ကနေဒါကတော့ မရောက်ဖူးသေးလို့ သွားမှာဖြစ်ပါတယ်။   နှင်းဆီအဖွဲ့ ရဲ့ထုံးစံအတိုင်း ပရိသတ်တွေဟာCurrent  ဖြစ်တဲ့ အချက်အလက် တွေကို စုဆောင်းပြီးတော့ ပြုလုပ်သွားမှာပါ။ နောက် တစ် ခုက ပြော  စရာရှိတာတွေကိုလည်း ချစ်စရာ ကောင်းအောင်လို့ သီချင်းလေးနဲ့ ပြောတာမျိုး။ ရယ်စရာလေးဖြစ် အောင် ပြောတာ မျိုးလေးတွေနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

နှင်းဆီအဖွဲ့သားတွေ ပါဝင် သရုပ်ဆောင်ကြမယ့် ရုပ်ရှင် ဇာတ်ကားကို အခုနှစ် ၂ဝ၁၇ ခုနှစ် ထဲမှာ ရိုက်ကူးဖို့ရှိနေပြီး အမေရိကား   ဖျော်ဖြေပွဲ အစီအစဉ်သွားရောက်တဲ့ အချိန်မှာလည်း ရိုက်ကူးတင်ဆက်ဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပြီး ထူးဆန်းတဲ့ ဇာတ်ကားတစ် ကား ဖြစ် လာမှာကြောင့် ဆင်ဆာက ခွင့်ပြု ပါ့မလားလို့လည်း စိတ်ပူနေတယ်လို့ ဆိုပါတယ်။

“ဘာလို့လဲဆိုရင် သူတို့က ထူးဆန်းဖို့နေနေသာသာ ဒီမှာရှိနေ တဲ့ အရာတွေတောင် ကြပ်တည်းနေ တယ်။ ကျွန်တော်တို့ အရှေ့မှာ တင်ပဲ ဝန်ကြီးကပြောပါတယ်။ ဆင်ဆာ အဖွဲ့က လူကြီးတွေကို ခင်ဗျားတို့ ဆင်ဆာတွေကို လျော့ပေါ့ပေးကြပါ။ အခုဟာက အကြံပြုချက်၊ အကြံပြု ချက်တော့ ရေးပါတယ်။ ဒါပေမယ့် အဲဒီအကြံပြုချက်အတိုင်း မလုပ်လို့ ရှိရင် ကျန်တဲ့အရာတွေကို လျှောက် ရစ်ကော။ နောက် ဆုံးရစ်စရာမရှိ တော့ရင် ဘာတွေဘာအထိရစ်လဲ ဆိုရင် ပါးစပ်ပေါက်မကိုက်ဘူးက အစပါတယ်။ အဲဒါတွေကို ဒီဘက် ခေတ်ကျမှ လာရစ်နေပါတယ်” လို့ ဆိုခဲ့ပါသေးတယ်။

အဲဒါကြောင့်လည်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဆင်ဆာအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး သရော်ထားတဲ့ ‘ရိုက်ကွင်းေ ပ်ါမှာ’ တစ်ခန်းရပ် ပြဇာတ်တစ်ခုကိုလည်း ပြေတီဦး ပဒေသာကပွဲရဲ့ အဆုံးသတ်ပြဇာတ် တစ်ခုအနေနဲ့ ဖျော်ဖြေတင်ဆက် သွားခဲ့ပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here