ဆေးခန်းပြတဲ့ ရက်နဲ့ တိုက်နေတဲ့ အတွက်ကြောင့် အကယ်ဒမီပွဲ မတက်ဖြစ်တဲ့ ရွှေမှုန်ရတီ

0
140

Shwe-Hmome-Yatiရွှေမှုန်ရတီက ဇန်နဝါရီလ ၂၄ရက်နေ့က ဘန်ကောက်မြို့မှာရှိတဲ့ ဘာရွန် ဂရပ်ဆေးရုံမှာ အစာအိမ်နဲ့ နှလုံးရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ မှာတော့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာပါတယ်။ ဆေးရုံ တက်နေစဉ် အချိန်မှာ ပရိသတ်တွေ နဲ့ ခဏကြာ အဆက်အသွယ် ပြတ်သွားခဲ့ ရတာကြောင့် ပရိသတ်တွေ စိတ်ပူခဲ့ရတာ နဲ့ပတ် သက်ပြီး ရွှေမှုန်ရတီက…

“ညီမဆေးရုံ ရောက်တော့ ၂ရက်လောက် facebook နဲ့ အဆက်အသွယ် ပြတ်သွားတယ်။ အဲဒီအတွက် ပရိသတ်တွေ ညီမ ကျန်းမာရေး ကို စိတ်ပူ ကြတယ်။ ညီမ လုံးဝမျက်လုံး မဖွင့်နိုင်ဘူး။ တစ်ကိုယ်လုံး လည်း လှုပ်လို့မရဘူး၊ အပ်တွေကလည်း လက်တွေမှာ ထိုးထားတော့ ပရိသတ် နဲ့လုံးဝ အဆက်အသွယ်ပြတ် သွား တယ်။ ပြန်ပြီး သက်သာလာတဲ့ အချိန်ကျတော့မှ သက်သာတဲ့ အကြောင်း တင်ပေးဖြစ်ပါ တယ်”လို့ ပြောပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် ဆရာဝန်က ရက် ရှည်နားခိုင်းတဲ့ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေကို အားတဲ့ အချိန်မှာတော့ တစ်လ နား သွားမှာဖြစ် ကြောင်း ရွှေမှုန်ရတီက ပြောပါတယ်။ ဘန် ကောက်မှာ ဆေးခန်းပြရတဲ့ ရက်နဲ့ တိုက်နေတဲ့ အတွက်ကြောင့် ဒီနှစ် အကယ်ဒမီပွဲ မတက်ဖြစ်တဲ့ ရွှေမှုန်ရတီက အကယ်ဒမီဆု နဲ့ပတ်သက်ပြီး ပရိသတ်တွေကို တအားကြီး မျှော်လင့်ချက် မထားစေချင်ဘူး လို့ ပြောပါတယ်။

“အကယ်ဒမီနဲ့ ပတ်သက်ပြီး ညီမထက် တော်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့် ကိုယ်ကိုယ် မျှော်လင့်မထားပါဘူး။ ပရိ သတ်တွေကို လည်း တအားကြီးမျှော်လင့် ချက်မထားစေချင်ဘူး။ အကယ်ဒမီ ဆိုတာ တအား နတ်ကြီးပါတယ်။ ညီမ ဒီနှစ် အကယ်ဒမီပွဲ မတက်ဖြစ်ပါဘူး။ ဆေး ခန်းပြရမယ့်ရက်နဲ့ တိုက်နေတဲ့ အတွက် ကြောင့် မတက်ဖြစ်တာပါ”လို့ပြောပါတယ်။

လတ်တလော မှာတော့ ရွှေမှုန်ရတီ က ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “Facebook Queen” ရုပ်ရှင်ဇာတ်ကား ကြီးကို လူမင်း၊ ခင်လှိုင် တို့နဲ့အတူ ရိုက်ကူး ကြောင်း သိရပါတယ်။

တွယ်တာ

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here