Miss Universe 2017 ပြိုင်ပွဲအတွက် အသေးစား ခွဲစိတ်မှုများ ပြုလုပ်သွားမယ့် အလှမယ် ဇွန်သံစဉ်

0
254

ZTZMiss Universe 2017 အလှမယ် ဇွန်သံစဉ်က ဇန်နဝါရီလတုန်း က ဖိလစ်ပိုင် နိုင်ငံကို ၁ဝ ရက်ကြာ သွား ရောက်ခဲ့ပြီး ဒီခရီးစဉ်မှာ သူဝင်ရောက် ယှဉ်ပြိုင်ရမယ့် Miss Universe 2017 ပြိုင်ပွဲကြီး အတွက် ၅ ရက်တာ Training ဝင်ခဲ့ပြီး ကျန် ၅ ရက်မှာတော့ Miss Universe 2016 ရွေးချယ်ပွဲကြီးကို တက်ရောက် အားပေး ကြည့်ရှုခဲ့ပါတယ်။ အခုလို Training လည်း သင်ကြားခဲ့သလို Miss Universe ပြိုင်ပွဲကို တက် ရောက်ခဲ့ ရတဲ့ အတွက် အတွေ့အကြုံ များစွာ ရရှိခဲ့ကြောင်း ကို အလှမယ် ဇွန်သံစဉ် က..

“အခုလို ပွဲတက်ရောက် ကြည့် ရှုခွင့်ရတဲ့ အတွက် ညီမပြိုင်မယ့်နှစ် ကျရင် လိုအပ်တာတွေ ပြင်ဆင်ခွင့် ရမယ်။ ပြီးတော့ ပွဲတက်ရတဲ့ အတွက် အခွင့်အရေးလည်း ရတယ်။ အခုလို ပြိုင်ပွဲ မတိုင်ခင်မှာ သွားကြည့်ရတာ ဆိုရင် ညီမ ပထမဆုံးဖြစ်တဲ့ အတွက် ညီမအတွက် လိုအပ်တာတွေ ပိုပြီး ပြင်ဆင် ခွင့်ရတယ်။ ပြိုင်ပွဲ အတွက် အဓိက Catwalk ပိုင်းလိုအပ်တယ်။ ပြီးတော့ Body ပိုင်းလိုအပ်တယ်။ ကျန်တာကတော့ ထုံးစံအတိုင်း Talent ပိုင်းတွေကို ဒီကနေ လေ့လာ သွားမယ်။ ပြင်ဆင်စရာ ရှိတာ အားလုံးကိုတော့ အခုကတည်း က ပြင်ဆင်နေပါတယ်။ Gym တွေ လည်း ဆော့နေပါတယ်” လို့ပြောပြ ပါတယ်။ အခုနှစ် ကျင်းပတဲ့ Miss Universe 2017 ပြိုင်ပွဲကြီးမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss Universe Myanmar 2016 ထက်ထက်ထွန်းကBest National Costume Award ဆုကို ရရှိခဲ့တဲ့အတွက် သူယှဉ်ပြိုင်ရ မယ့်နှစ်မှာ လည်း National Costume ကို အကောင်းဆုံး ယှဉ် ပြိုင်သွားနိုင်ဖို့ Organization နဲ့ စီစဉ်နေကြောင်း ဇွန်သံစဉ်က ပြောပါတယ်။ အလှမယ် ဇွန်သံစဉ်က Miss Universe 2017 ပြိုင်ပွဲ အတွက်ကို Talent ပိုင်းတွေ၊ Bodyပိုင်းတွေမှာ ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်နေသလို အသေးစား ခွဲစိတ်မှု များလည်း ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

“ခွဲစိတ်မှုက အကြီးစားခွဲစိတ်မှု လုပ်မှာတော့ မဟုတ်ဘူးပေါ့ နော်။ အဓိကက သွားတွေ ပြင် မယ်။ ပြီးတော့ ညီမ မျက်နှာက တအား ဖောင်းနေ တော့ မျက်နှာ လေး သွယ်သွား အောင် လုပ် မယ် အသားအရေ လှပ သွားအောင် Skin Care တွေ လုပ်သွားမယ်။ ဒါမျိုး တွေကို နိုင်ငံ တကာက အလှမယ် တွေဆိုလည်း လုပ်ကြပါ တယ်။ အဓိကကတော့ သွားတွေ လှနေအောင် ပြင်ကြပါ တယ်။ အသေးစား ခွဲစိတ် မှုလေးပဲ လုပ်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here