ဂယက်တွေ ထခဲ့ရတဲ့ မေ ရဲ့ တစ်ကိုယ်တော်အခွေ

0
199

May-(2)သရုပ်ဆောင်မေ ရဲ့ Marry Me တစ်ကိုယ်တော် အခွေကိုတော့ ဖေဖော်ဝါရီ ၂၃ ရက် နေ့မှာ စတင်ဖြန့်ချိတော့ မှာဖြစ်ပါတယ်။ သူသီဆို ထားတဲ့ သီချင်းတွေကို အွန်လိုင်း မှာကတည်းက ပရိသတ် အားပေးမှုတွေ ရရှိထားတဲ့ မေက ဒီအခွေကိုလည်း ပရိသတ်တွေ သဘောကျလိမ့်မယ် လို့ထင်ကြောင်း ပြောပါတယ်။ ဒီအခွေ နဲ့ ပတ်သက်ပြီး မေက

“အခွေထွက်ဖို့ ကြာနေတာက ၄နှစ် ၅နှစ်လောက် ရှိနေပြီ။ ရုပ်ရှင်သွား ရိုက်လိုက်နဲ့ ဆိုတော့ ကြာနေတာ။ အခုတော့ တကယ် ထွက်ဖြစ်ပါပြီ။ အခွေ နာမည်ကို Marry Me လို့ ပေးဖြစ်တာက  May Marry Me  ဆိုတော့ M သုံးလုံးပေါ့။ အဲဒီလို သဘောမျိုး နဲ့ ပေးဖြစ်တာပါ။ ဒီအခွေမှာ သီချင်း ၁၂ပုဒ် ပါပါတယ်။ သီချင်းတွေက အချစ်သီချင်း ပုံစံတွေပါပဲ။ ပေါ့ပ်တို့ slow rock တို့အဲဒီလို ပုံစံတွေပါပဲ။ ကိုယ်အကောင်းဆုံး ကြိုးစားထား တာမို့လို့ ပရိသတ်တွေကို တကယ် နားထောင်စေချင်ပါတယ်” လို့ပြော ပါတယ်။ သူ့ရဲ့ အခွေ အတွက် ဂီတသူငယ်ချင်း တွေလည်း ကူညီပေး ကြပြီး အခွေရဲ့အမှတ်တရ များနဲ့ ပတ်သက်ပြီး မေက..

“သီချင်းတွေ ကတော့ အမှတ်ရရနဲ့ ဂယက်တွေ ထပြီး အသံသွင်း ခဲ့ရတာတွေချည်းပါပဲ။ Marry Me သီချင်းဆိုရင်  earphone မကြားရဘူး။ အသံဖမ်းတဲ့ အင်ဂျင်နီယာ ကလည်း ကိုယ့်အသံကို အပြင်က ဆိုနေတဲ့ အသံပဲ ကြားရတယ်။ ဒါပေမဲ့ တစ်ခါပဲ အသံသွင်း လိုက်ရ တယ်။ မှတ်မှတ်ရရပါပဲ။ ရေမွန် ကတော့ အများကြီး ကူညီပေးပါတယ်။ သူ့ သီချင်းတစ်ပုဒ် ဆိုရင် rapping  ပါ ရွတ်ခိုင်းတာ။ ပထမတော့ rapper တစ်ယောက် ခေါ်ခိုင်းတာ။ နောက်တော့ အချိန်လည်း တအား ကပ်နေပြီ ၊ ဘယ်လိုခေါ်မလဲ ဆိုတော့ ဒါဆို ကိုယ့်ဘာသာ ကိုယ်ပဲရွတ် လိုက်တော့တဲ့။ melody rap  ဆိုတော့ တအားမခက်ဘူး။ သူ တို့ပဲ အကုန် သင် ပေးကြ ပါတယ်” လို့ ပြောပါတယ်။ Marry Me ပရိုမိုးရှင်းပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ၄ နာရီမှ ၇နာရီထိ လှည်းတန်းစင် တာမှာ ပြုလုပ်မှာဖြစ်ပြီး မေနဲ့အတူ အနုပညာရှင် များ စွာက အမှတ်တရ လက်မှတ်ရေးထိုး ဖျော်ဖြေသွားမှာဖြစ် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင် ၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here