ဇာတ်လမ်းတွဲရော ဇာတ်ကား နှစ်မျိုးလုံးမှာ လစ်ဟာမှုမရှိအောင် သရုပ်ဆောင်နိုင်တဲ့ Zhao Wei

0
248

maxresdefault copy

Zhao Wei  က သရုပ်ဆောင်ပိုင်းသာမက ဒါရိုက်တာ ၊ ပရိုဂျူဆာ ၊ အဆိုတော် အစရှိတဲ့ အနုပညာ နယ်ပေါင်းစုံမှာ ထူးချွန်သူပါ။ Beijing Film Academy  မှာ ပညာဆည်းပူးခဲ့ပြီး My Fair Princess  ဇာတ်လမ်းတွဲမှာ Xiao Yang ကာရိုက်တာနဲ့ နာမည်ရခဲ့သလို အဲဒီဇာတ် ကားနဲ့ပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုပါ ရရှိခဲ့ပါတယ်။ သရုပ်ဆောင်ခဲ့တဲ့ သက်တမ်း ၂ဝ ကျော်မှာ Zhao ရဲ့အောင်မြင် ခဲ့တဲ့ ဇာတ်ကားတွေကတော့Shaolin Soccer ၊ Red Cliff ၊ Painted Skin ၊ The Resurrection ၊ Dearest ၊ Lost in Hong Kong  တို့ ဖြစ်ကြပါတယ်။

သူမဟာ ရုပ်ရှင်ထူးချွန်ဆုများစွာ ရရှိခဲ့ပြီး ၂နှစ်ကြာ အနုပညာ အလုပ်တွေ နားပြီးတဲ့ နောက် ၂ဝ၁၄ မှာ Dearest  ဇာတ်ကား နဲ့ ပြန်လာခဲ့ကာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့တယ်။ သူမက ဇာတ်လမ်းတွဲရော ဇာတ်ကား နှစ်မျိုးလုံးမှာ လစ်ဟာ မှုမရှိအောင် သရုပ်ဆောင်နိုင်သလို သီချင်းပိုင်းမှာလည်း MTV Asia Award ရရှိခဲ့သူပါ။ Zhao က Film Directing  မာစတာဒီဂရီကို ၂ဝ၁၂ မှာရရှိခဲ့ပြီး သူမပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ So young  ဇာတ်ကားက ရုံတင်ပြီး တစ်ပတ်အတွင်းမှာပင်စံချိန်ချိုးခဲ့ပြီး Best director award ၊ Best Film awards  များကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here