ချစ်သူရှိပေမယ့် အိမ်ထောင်ပြုရမှာ ကြောက်တဲ့ သင်ဇာဝင့်ကျော်

0
239

TZသင်ဇာဝင့်ကျော်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ မှာတော့ ချစ်သူနဲ့အတူ ဖြတ်သန်းခဲ့တယ် လို့ သိရပါတယ်။ ချစ်သူက သူ့ရဲ့ အပေါ်ကို နားလည်မှုတွေ၊ စိတ်ချမ်းသာမှုတွေ အပြည့်အဝ ပေးနိုင်တယ်လို့ ဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော်က သူ့အနေ နဲ့ အိမ်ထောင်ပြု ရမှာကို ကြောက်တယ်လို့ ဆိုလာ ပါတယ်။

“သင်ဇာ့ကိုလည်း သူချစ်ပါတယ်။ ကိုယ့်ကို စိတ်ချမ်းသာမှု အပြည့်အဝပေးနိုင် ပါတယ်။ နားလည်မှုလည်း ပေးတယ်။ ဂရုစိုက်မှု လည်းပေး တယ်။ သင်ဇာက အိမ်ထောင်ပြု ရမှာကြောက်တယ်။ ကိုယ်သိတဲ့ သူတွေမှာလည်း အိမ်ထောင်ပြုပြီး ကွဲကြတာလည်း ရှိတယ်။ ကိုယ်ချစ်တဲ့သူ နဲ့ အိမ်ထောင်ပြုပြီးမှ ကွဲကြတာလည်း ရှိတယ်။ ကိုယ်ချစ်တဲ့သူ နဲ့ အိမ်ထောင်ပြုပြီးမှ ကွဲတာမျိုး မဖြစ်ချင်ဘူး။ ချစ်တဲ့သူနဲ့ လည်း ရိုးမြေကျပဲ ပေါင်းသင်းချင်တယ်။ အခုချစ်သူ ရှိတယ် ဆိုတာက လေ့လာ တဲ့အဆင့်ပဲ ရှိပါသေးတယ်။ တခြားဘာမှ မစဉ်းစားသေး ပါဘူး” လို့ ပြောပါတယ်။ ဒါရိုက်တာ တုနှိုင်းခ ရိုက်ကူးတဲ့ “အဖြူရောင်နှလုံးသားများ” မီးသတ် ဂုဏ်ပြု ဇာတ်ကား မှာလည်း သင်ဇာဝင့်ကျော် ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်  ကား ရိုက်ကူခဲ့ရတဲ့ အတွေ့အကြုံ နဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က..

“ဒီဇာတ်ကား ရိုက်ကူးရတာ တအားပင်ပန်းတယ်။ မီးသတ်ကား ဆိုတော့ မီးလောင်တဲ့ အခန်းရိုက်ကူးတာ မီးခိုးငွေ့တွေရှူရတာ သင်ဇာ နေလို့တောင် မကောင်းဘူး။ တစ်ရက်၊ နှစ်ရက် နေမကောင်း ဖြစ်သွားတယ်။ တအားလည်း ပင်ပန်းတယ်။ ည ဘက်ဆိုလည်း သန်လျင် လမ်းမကြီးမှာ ချမ်းတဲ့အချိန် ရိုက်ကူးရတယ်။ ပင် တော့ ပင်ပန်းတယ်။ ဒါပေမဲ့ နိုင်ငံအကျိုးပြု ဂုဏ်ပြုဇာတ် ကားဆိုတော့ ပင်ပန်းခံရတာ တန်ပါတယ်” လို့ ပြောပါ တယ်။ သင်ဇာဝင့်ကျော်က ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် “ရွှေကြာ” ရုပ်ရှင်ဇာတ်ကား ကြီးမှာလည်း အလင်းရောင်၊ ဖွေးဖွေး တို့နဲ့အတူ ပါဝင်သရုပ် ဆောင်မှာဖြစ် ကြောင်း သိရပါ တယ်။

တွယ်တာ
ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here