လူလတ်ပိုင်းအရွယ်မှာ ဘုရားကပေးတဲ့ ကံကောင်းခြင်း လက်ဆောင်လို့ ယူဆပါတယ် အေးမြတ်သူ

0
217

ayemyat

ခရီးသွားရတာကို ဝါသနာပါတဲ့ သရုပ်ဆောင် အေးမြတ်သူက Expedition Myanmar အဖွဲ့နဲ့ အတူ ခရီးတွေအတူသွားခဲ့ပြီး ခရီးသွားတီဗီအစီအစဉ်ကို ရိုက်ကူး ထားပါတယ်။ ဒီခရီးစဉ်မှာ လူငယ်ဆန်ဆန်နဲ့ လွတ်လပ်ပေါ့ပါးစွာ ခရီးသွားကြတဲ့ ပုံရိပ်များကိုမြင်တွေ့ရမှာဖြစ်ပြီး အခုလိုခရီးသွားရတဲ့အပေါ် အေးမြတ်သူက..

” ဒီခရီးစဉ်တွေ သွားရတာ အေးမြတ်သူ တကယ်ပျော်တယ်။ ငယ်ငယ်တုန်းကမရခဲ့တဲ့ဘဝကို လူလတ်ပိုင်းမှာအရွယ်မှာရတယ်လို့ ခံစားရတယ်။ ခရီးတွေသွားရတယ်။ လွတ်လွတ် လပ်လပ်နေရတယ်။ ရိုက်ကူးရေးပါတယ်ဆိုပေမယ့် ချုပ်တီးမှုမရှိဘူး။ ရိုက်ကူးရေးက အဆင်ပြေသလိုရိုက်တယ်။ အေးမြတ်သူကို နဂို Lifestyle အတိုင်းပဲ နေခိုင်းတယ်။ ပြောရရင် အေးမြတ်သူရဲ့ လူလတ်ပိုင်းအရွယ်မှာ ဘုရားကပေးတဲ့ ကံကောင်းခြင်း လက်ဆောင်လို့ ယူဆတယ်။ ဒီလိုမျိုး စည်းလုံးမှုရှိတဲ့ အဖွဲ့ တစ်ခုမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရတယ်။ ကျွန်တော် တို့အဖွဲ့က တကယ် စည်းလုံးတယ်။ ကိုယ်လုပ်ရမယ့် တာဝန်ကိုကိုယ်ကျေပွန်အောင် လုပ်ကြတယ်။ တာဝန် ကိုယ်စီယူ ကြတယ်။ ကိုယ်ကိုယ်တိုင် စုတ်တစ်ချက် ပါဝင်ခွင့်ရတဲ့ ပန်းချီကားတစ်ချပ် ရုပ်လုံးပေါ်လာ တယ်လို့ ခံစားရပါတယ်။ အေးမြတ်သူတို့က တစ်ယောက်တည်း ပုံသေမထားဘဲနဲ့ အဖွဲ့အား လုံးက ခရီးသွားနေကြတာ။ အားလုံးက ကိုယ့်အတွေ့အကြုံတွေ ပြောလို့ရ တယ်။ ဝေမျှလို့ရတယ်။ အဖွဲ့နဲ့ ကြည့်ရတာ ပိုပြီးပျော်စရာ ကောင်း တယ်လို့ ခံစားရတယ်။ နောက်တာ ပြောင်တာရှိတယ်။ အပေါင်းအသင်း မိတ်ဆွေတွေ ဒါလေးကိုကြည့်ပြီး ကြည်နူးရမယ်။ သွားချင်စိတ်တွေ ပေါက်လာမယ်လို့ ယူဆပါတယ်’ လို့ပြောပါတယ်။

ခရီးတွေသွားရတာ ခက်ခဲပင်ပန်းပေမယ့်လည်း ကျန်းမာနေသရွေ့ ခရီးတွေ ဆက်သွားဦးမယ်လို့ဆိုတဲ့ အေးမြတ်သူက..

” တောက်လျှောက် ခရီးတွေသွားမယ်။ ကျန်းမာနေသရွေ့၊ သွားလို့ရသရွေ့သွားနေမယ်။ ဒီလိုမျိုး အစီအစဉ်တွေ ရိုက်ကူးလို့ရရင် ပိုကောင်းတာပေါ့။ ကိုယ်သွားခဲ့တဲ့ အရာတွေကို ပြန်ပြီးဝေမျှရတာကို ပိုကြိုက်တယ်။ အေးမြတ်သူက ယောက်ျားဆန်တယ်။ သူတို့လည်း အဲဒီလိုမျိုးကြောင့်ပဲ အဖွဲ့ဝင်အဖြစ် လာကမ်းလှမ်းလားမသိဘူး။ အေးမြတ်သူက ဒူပေနာပေ နည်းနည်းခံတယ်။ ဒါမျိုးက ဒူပေနာပေခံမှရတယ်” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here