အဝေးရောက်နေသော သမီးဖြစ်သူအတွက် မိခင်တစ်ဦး ရဲ့ လွမ်းမေတ္တာ လင်းဇာနည်ဇော်

0
283

Lin Zar Ni Zaw copy

လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးလေးမြူလင်းကိုကိုကတော့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေပိုင်းက သြစတြေးလျ နိုင်ငံ ကို ကျောင်းတက်ဖို့အတွက် အမိမြန်မာနိုင်ငံ ကနေ ပြန်လည်ထွက်ခွာသွားခဲ့ ပြီ ဖြစ်ပါတယ်။ လင်းဇာနည်ဇော်ကတော့ မိခင်တစ်ဦးဖြစ်တဲ့ အတွက် အမြဲတမ်းသမီးလေးနဲ့ အဆက်အသွယ်မပြတ်ဘဲ သမီးဖြစ်သူအားလပ်တဲ့ အချိန်တိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုဖြစ်ပြီး လွမ်းဆွတ်မှုတွေကို ဖြေသိမ့်လျက်ရှိ နေပါတယ်။

“အဆက်အသွယ်ကတော့ အမြဲရှိနေပါတယ်။ အမှန်တကယ်ဆိုရင် သမီး လေးက အသက် ၂ဝရှိနေပါပြီ။ အသက် ၂ဝ ဆိုတဲ့ အရွယ်က မငယ်တော့ဘူး။ ဒါပေမဲ့လည်း ကိုယ့်ရဲ့စိတ်ထဲမှာ သူက ကလေးလေးလို ဖြစ်နေတုန်းပါပဲ။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ ငယ်ငယ်တုန်း ကဆိုရင်တော့ အမြဲတမ်းချီပိုး နေရတော့ ချီပိုးနေရတဲ့အချိန်ကြီးကို မြန်မြန်လွတ်ပါစေလို့ ထင်လိုက်မိတယ်။ အခုအရွယ်ကျတော့ ချီပိုးလို့ မရတော့ဘူးလေ။ ချီပိုးလို့ရခဲ့တဲ့ အချိန်လေး တွေကို သတိရမိတယ်။ ဘယ်သွားသွားခေါ်လို့ရခဲ့ တယ်လေ။ အခုကျတော့ ဘယ်သွားသွား   ခေါ်သွားလို့မရတော့ဘူး။ ဒါသည်လည်း သူ့ဘဝကောင်းဖို့ အတွက် အစ်မတို့အဝေးကြီးကို လွှတ်ရတာပေါ့။ နောက်လည်း သူသည် အတောင်စုံပြီးဆိုရင် ပျံသန်းသွားတော့မှာပါပဲ။ မိဘဆိုတဲ့အမျိုးက သားသမီးလေးတွေထားခဲ့ရင်လည်း နေခဲ့ရ မှာပဲလေ။ စိတ်ထဲက တော့ အမြဲသတိရနေတယ်။ အလုပ်လုပ်တဲ့အချိန်မှာအလုပ်လုပ်ပေါ့။ အိမ် ပြန်ရောက်တဲ့အချိန်တိုင်းတော့ သမီးလေးကို သတိရနေရတာပါပဲ”လို့ လင်း ဇာနည်ဇော်က ပြောပြပါတယ်။ လင်းဇာနည်ဇော်ကတော့ မြူလင်းကိုကို အနေနဲ့ ကျောင်းပြီး သွားခဲ့ရင်တော့ သူ့ရဲ့ဆန္ဒကတော့ ကိုယ့်စီးပွားရေးကို   ကိုယ်တိုင်ဦးစီးပြီးလုပ်နိုင်တဲ့သူတစ်ယောက်အဖြစ် မြင်ချင်တယ်လို့လည်း ဖွင့်ဟဆိုပါတယ်။ “အနုပညာ အလုပ် ကျတော့ တစ်ခါတလေမှာ စိတ်ဖိစီးစရာ၊ စိတ်ဓာတ်ကျစရာတွေ ဝင်လေ့ဝင်ထရှိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အနုပညာရှင်တစ်ေ ယာက်ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ခံစားခဲ့ရဖူးတာဖြစ်တဲ့ အတွက် ကိုယ့်ရဲ့သမီးလေးကိုတော့ ဒါမျိုးမဖြစ်စေချင်ဘူး။ ဒါပေမဲ့ ဒီဘက်ေ ခတ် ကလေးတွေဆိုတာ လိုသလိုပုံသွင်းလို့မရဘူးလေ။ သူတို့ဝါသနာပါရာကို ရွေးချယ်လာကြပြီ။ သူတို့လုပ်ချင်တာက တစ်မျိုး၊ မိဘက ဒါလုပ်ဆိုရင် စိတ်မပါဘဲ လုပ်နေရတော့ ဘယ်လိုမှအောင်မြင်လာမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် အစ်မ ကတော့ ဒါလေးကဒီလိုရှိ တယ်။ ဘယ်လိုရှိတယ်ဆိုတာလောက်ပဲ ပြောပြတာ များပါတယ်။ သူလုပ်ချင်တဲ့အရာကိုပဲ အောင်မြင်အောင်လို့မိဘအနေနဲ့က ပံ့ပိုး ပေးရမှာပါပဲ” လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here