ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲရတာ ပျော်ဖို့ ကောင်းပါတယ် ဝိုင်းစုခိုင်သိန်း

0
268

MIN_6150ဝိုင်းစုခိုင်သိန်း က တစ်ကမ္ဘာလုံး အသိအမှတ် ပြုထားတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ ချစ်သူ စုံတွဲတွေ အားလုံး ပျော်ရွှင်ကြ သလို သူတို့ ချစ်သူ နှစ်ဦးလည်း ပျော်ရွှင်ရပါတယ် လို့ ဆိုပါတယ်။ သူတို့ ချစ်သူ နှစ်ဦးရဲ့ Valentine’s Day ကို ဘယ်လို ဖြတ်သန်းခဲ့လဲ လို့ မေးတော့ ဝိုင်းစုခိုင် သိန်းက..

“ဒီနေ့ ဝိုင်းစုတို့ Miniso ဆိုင် အတွက် လက်မှတ် လာထိုးဖြစ် တယ်။ လက်မှတ် ထိုးပြီးရင်တော့ ကိုယ့် ဘာသာကိုယ် တစ်နေရာ သွား ပြီး တစ်ခုခု စားတာလောက် လုပ် မယ်။ သူရော၊ ဝိုင်းစုရောက ရိုမန် တစ် သိပ်မဖြစ်ဘူး။ လက်ဆောင်တွေ ဘာတွေလည်း မစီစဉ် ဖြစ်ကြဘူး။ ဝိုင်းစုတို့ နှစ်ယောက် စလုံး မနေ့ကမှ ခရီးက ပြန်ရောက်တာ ဆိုတော့ ချက် ချင်း ကောက်ခါငင်ခါ Valentine’s Day  ကို ဖြတ်သန်း ရသလိုဖြစ်နေတယ်။ ချစ်သူများနေ့ ကတော့ တစ်ကမ္ဘာလုံး ချစ်သူစုံတွဲတွေ တင်မကဘူး ကိုယ် ချစ်တဲ့သူတွေ နဲ့လည်း သက်ဆိုင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် အားလုံး အသိအမှတ်ပြုထား တဲ့နေ့လေးကို အား လုံးလည်း ပျော်ကြတယ်။ ဝိုင်းစုတို့ လည်း ပျော်ပါတယ်” လို့ ပြောပါတယ်။ အောင်လ နဲ့ အရင်တုန်းက ချစ်သူတွေဖြစ် ခဲ့ဖူးပြီး အခုအချိန်မှာ ချစ်တဲ့သူနဲ့ ပြန် လက်တွဲရတဲ့ အတွက် ဝမ်းသာပျော်ရွှင်မိ ကြောင်းကို ဝိုင်းစုခိုင်သိန်း က..

“သူနဲ့ ဝိုင်းစုနဲ့က ဟိုးအရင် က တည်းက လမ်းမခွဲချင်ဘဲ ခွဲလိုက်ရတာ။ အခု နှစ်ယောက်စလုံး လွတ်လပ်သွား တဲ့အချိန်မှာ ပြန်တွဲတဲ့ သဘောပါပဲ။ ဘာမှ ထွေထွေ ထူးထူး မရှိပါဘူး။ အခုတော့ ကိုယ် ချစ်တဲ့သူနဲ့ လက်တွဲရတာ တအား ပျော်ဖို့ ကောင်းပါတယ်။ လူတိုင်းလည်း အဲဒီလိုပဲဖြစ် မယ်ထင်ပါတယ်။ သူက များသော အားဖြင့် တစ်ခုခု ဆိုရင် အစစအရာရာ ကိုယ့်ကို ဂရုစိုက်တယ်။ တစ်ခုခု ဆိုရင် ဦးစား ပေးတာ ပိုများတယ်။ ဒါတောင် ဝိုင်းစုက နောက်ပိုင်း အသက် ကြီးလာ တာလည်းပါလို့ နည်းနည်း လျှော့သွားလို့။ ဟိုးအရင် သူနဲ့ကြိုက်ဖူးတုန်း ကဆို ပိုဆိုးတယ်။ သူ့အပေါ်မှာ ဆိုး လည်းဆိုးခဲ့တယ်။ သူအများကြီး အနွံတာ ခံခဲ့တယ်။ အပြစ် လည်း မယူခဲ့ဘူးပေါ့။ အခုက ဝိုင်းစုရော ၊သူရောက တစ်ယောက် အပေါ်တစ်ယောက် အကောင်းဆုံး ဖြစ်အောင် နေကြတယ်။ အဲဒီအပေါ်မှာ နှစ်ယောက် အတူတူ တိုင်ပင်ထားတာ တွေလည်း ရှိတယ်။ ဆက်သွားဖို့လည်း ရှိတယ်။ အခုကတော့ ပိုပြီးတော့ ပျော်ဖို့ကောင်းတယ် ထင်ပါတယ်” လို့ ပြောပါတယ်။ ဝိုင်းစုခိုင် သိန်းက ရှိုးပွဲတွေ ဆက်တိုက်ဆို ဖြစ်သလို Mini အယ်လ်ဘမ် အတွက် လည်း သီချင်းတွေ စလုပ်နေပြီဖြစ် ကြောင်း ပြောပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး အောင်လ နဲ့တိုင်ပင်ပြီး လုပ်ဖြစ်တယ် လို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်းက ..

“အစစ အရာရာ တိုင်တိုင်ပင်ပင်နဲ့ ဘယ်အရာမဆို သီချင်း ဆိုလည်း ဘယ် သီချင်းကောင်းတယ်၊ ဘယ်သီချင်းကို၊ ဘယ်လိုမြူးဇစ်ကို ဘယ်လိုပုံစံလေး လုပ်မယ်ဆိုပြီး တိုင်ပင်ဖြစ် တယ်။ ဝိုင်းစု လိုအပ်ချက်တွေ ကိုလည်း သူက အများကြီး ပြောပြပေးတယ်။ ပိုပြီးတော့ အဆင်ပြေပါတယ်။ လောလောဆယ် တော့ သူရေးထားတဲ့ သီချင်းကို Mini Album ထဲမှာ ဝိုင်းစု ဆိုဖို့ရှိတယ်။ ပရိသတ်တွေ ကတော့ စုံတွဲသီချင်း ဆိုဖို့ပြောနေတယ်။ ဆိုဖြစ်မဆိုဖြစ် မကျိန်းသေသေးဘူး။ ဆိုဖြစ်ဖို့ တော့ များပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here