သင်္ကြန်ပြီးတာနဲ့ လေးခွေမြောက်တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိမယ့် ဆူဇီ

0
214

Suu Zee

အွန်လိုင်းမှာပေါက်နေတဲ့ လူရွှင်တော်ကြာစိရဲ့ “ကံစေရာ” သီချင်းရိုက်ကူးရေးမှာ အဆိုတော် ဆူဇီတို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီတော့ “ကံစေရာ” သီချင်းနဲ့ပတ်သက်လို့ ရိုက်ကွင်းအမှတ်တရတွေလည်း ဆူဇီဆီမှာ ရှိမှာပါ။ ဒါကြောင့် ဆူဇီနဲ့တွေ့ခိုက် “ကံစေရာ” သီချင်းနဲ့ပတ်သက်ပြီး သူမရဲ့အမှတ်တရကို မေးဖြစ်တဲ့အခါ ” တချို့ပရိသတ်တွေ ကြည့်လိုက်ရမယ်။ တချို့ပရိသတ်တွေလည်း မကြည့်လိုက်ရသေးဘူး။ ကိုကြာစိရယ်၊ ယုန်လေးရယ်၊ ရတနာမိုင်တို့၊ ပန်းအိတို့၊ အစ်မတို့ “ပျော်ပြီးရင်းပျော်” ဇာတ်ကားလေးလုပ်ထားတာရှိတယ်။ အမှန်အတိုင်း ပြောရင်တော့ ကိုကြာစိရဲ့သီချင်းကို ရိုက်ကူးမယ်ဆိုတော့ ဒါရိုက်တာယုန်လေးကို အပ်နှံတဲ့အခါမှာ သူ့ရဲ့ဘဝအဖြစ်မှန် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တကယ်ပဲ သူ့အမေကလည်း အငြိမ့်ကရင်းနဲ့ဆုံးသွားတယ်။ သူ့အမျိုးသမီးကလည်း သူဇာတ် ကားတွေရိုက်ကူးနေရင်း နောက်တစ်ယောက်နောက်ပါသွားတယ်။ ယုန်လေးကတော့ အိုင်ဒီယာလေး နည်းနည်းထွင်လိုက်တာပါ။ အဓိက ကတော့ ကိုကြာစိက အကူ အညီတောင်းလို့ ကူညီပေးလိုက်တာပါ” လို့ ဆူဇီကပြောပါတယ်။

ဆူဇီက လတ်တလောမှာတော့ April Kings & April Queens သင်္ကြန် တေးစီးရီးတွေနဲ့ Summer 6 သင်္ကြန်တေးစီးရီးတို့မှာ သီချင်းတွေ ပါဝင်သီဆိုထားပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ သူမရဲ့ဘယ်လိုအနုပညာ အသစ်တွေ ထွက်ရှိလာမလဲဆိုတာကိုတော့ ” မဆူဇီက တတိယရင်ခုန်သံအခွေ ဒီဗီဒီကာရာအိုကေကို မနှစ်တုန်းကထွက်ရှိတယ်။ အခုတော့ ၄ခွေမြောက် အခွေကိုလုပ်နေတာ သင်္ကြန်အပြီး ၅ လပိုင်းလောက်ဆိုရင်တော့ Audio CD ထွက်ရှိမှာပေါ့။ အဲဒါလေးထွက်လာခဲ့ရင်လည်း အားပေးပါဦးလို့။ အခုလောလောဆယ်မှာတော့ မဆူဇီ April Kings &Queens အခွေ လေးမှာ ပါဝင်သီဆိုထားတယ်။ နောက်ပြီး ကိုဂျက်စီစဉ်တဲ့ Summer 6 အခွေမှာလည်း ဂျင်းနီနဲ့ တစ်ပုဒ်အတွဲလေးဆိုထားပါတယ်” လို့ ဆူဇီက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here