မြန်မာစာဌာန၏ မျက်မှောက်ခေတ်ကာလထိ

0
290

pplppl

စနစ်သစ်ပညာရေးစတင်သော ၁၉၆၄- ၆၅ ပညာသင်နှစ် ကစ၍ မြန်မာစာဂုဏ်မဂ္ဂဇင်းနှင့် မြန်စာဂုဏ်ဂျာနယ်တို့ကို ထုတ်ဝေခဲ့ သည်။ ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်းသားလက်တွဲ ဆောင်ရွက် သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ မြန်စာဂုဏ်မဂ္ဂဇင်းမှာ ပါမောက္ခက စ၍ ပထမနှစ်ကျောင်းသားအဆုံး၊ ကလောင်ရှင်များ ပါဝင်ရေးသား သော ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ၊ စာညွန့်၊ စာတမ်း (ရသစာတမ်း)တို့ဖြင့် ဝေဝေဆာဆာ ထုတ်ဝေသည့် စာစောင်ဖြစ်သည်။ မြန်စာဂုဏ် ဂျာနယ်တွင်မူ ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးများ အဓိကပါဝင်သည်။ ၁၉၆၇-၆၈ ပညာသင်နှစ်တွင် မြန်မာစာမဂ္ဂဇင်း၊ မြန်မာစာဂျာနယ်ဟု အမည်ပြောင်း သည်။ နောက်ပိုင်းတွင် မြန်မာစာ ဂျာနယ်ကို ဘာသာရပ် အထောက် အကူပြု ဂျာနယ်အဖြစ် အမည်ပြောင်း ပြီး တက္ကသိုလ်အဆင့် ဂျာနယ်နှင့် အခြေခံအဆင့်ဂျာနယ်ဟူ၍
ခွဲခြား ထုတ်ဝေသည်။ ၁၉၈ဝ ပြည့်နှစ် ကျော်တွင်မူ အခြေခံအဆင့် ဂျာနယ် တစ်မျိုးတည်းသာ ထုတ်ဝေသည်။ ဂျာနယ်ထုတ်ဝေခြင်းသည် အခြေခံ ပညာအထက်တန်း ကျောင်းသားများ အတွက် အထောက်အကူဖြစ်သည်။ ဌာနရန်ပုံငွေရရှိရေးအတွက်လည်း အထောက်အကူဖြစ်သည်။ ၂ဝဝဝ ခုနှစ်ကျော်ကာလတွင် ဂျာနယ်ထုတ် ဝေမှု ရပ်ဆိုင်းသွားသည်။ ဘာသာရပ် ဂျာနယ်အားလုံးကို သက်ဆိုင်ရာက ထုတ်ခွင့်မပြုတော့သည့်အတွက် ဖြစ် သည်။

ပါမောက္ခဒေါ်ပို၊ ဒေါ်ခင်မေ နွဲ့၊ ဦးဝင်းမွန်နှင့် ဦးခင်အေးတို့ လက်ထက်များတွင် မြန်မာစာ သုတေသနဂျာနယ်များလည်း နှစ်စဉ် ထုတ်ဝေသည်။ ဆရာ၊ ဆရာမများ ၏ သုတေသနစာတမ်းများ၊ ဆောင်း ပါးများ ပါဝင်သည်။ ဘာသာစာပေ ဆိုင်ရာ ပါရဂူဘွဲ့ကျမ်းများလည်း နှစ်စဉ်ပေါ်ထွက်လျက်ရှိသည်။

မြန်မာစာပါမောက္ခများသည် စာပေအနုပညာအဖွဲ့အစည်းများ တွင်လည်း ပါဝင်ဆောင်ရွက်သည်။ ရန်ကုန်တက္ကသိုလ်က နှစ်လည် မဂ္ဂဇင်းကော်မတီ၊ စာပေနှင့် အနု ပညာစိစစ်ရေးအဖွဲ့၊ ရုပ်ရှင်အကဲ ဖြတ်အဖွဲ့၊ တက္ကသိုလ်စာပေပြိုင်ပွဲဝင် စာမူများ ဗဟိုအဆင့် စိစစ်ရေးအဖွဲ့၊ ရုပ်မြင်သံကြားÓဏ်စမ်းပဟေဠိ ပြိုင်ပွဲ အကဲဖြတ်အဖွဲ့ စသည်တို့ တွင် ပါဝင်ဆောင်ရွက်ရသည်။ အမျိုးသားစာပေဆုစိစစ်ရေးအဖွဲ့ စသည့် စာပေအဖွဲ့အစည်းများတွင် လည်း ပါဝင်ဆောင်ရွက်ရသည်။ အခါအားလျော်စွာ ပြုစုသော စာအုပ်များ (ဦးတည်ချက် ၁၂ရက်၊ ၂ဝရာစု မြန်မာနိုင်ငံစသည်)ကို လည်း ပါဝင်ပြုစုပေးရသည်။ ပြင်ပ အဖွဲ့အစည်းများ အကူအညီတောင်း သော စာပေအနုပညာ ကိစ္စများတွင် ပါဝင် ဆောင်ရွက်ရသည်။

၂ဝဝ၆ခုနှစ်တွင် ဒေါက်တာ ခင်အေး အငြိမ်းစားယူသောအခါ ဒေါ်ခင်ဆွေမြင့်သည် ပါမောက္ခ အဖြစ်မှ ပါမောက္ခဌာနမှူးအဖြစ် တိုးမြှင့်ဆောင်ရွက်ရသည်။ ဌာန လုပ်ငန်းများကို ဆက်လက် ဆောင် ရွက်ပြီး ပါရဂူဘွဲ့ရများလည်း ဆက် လက် ပေါ်ထွက်သည်။ ၂ဝဝ၇ခုနှစ် တွင် ဒေါ်ခင်ဆွေမြင့် အငြိမ်းစားယူ သောအခါ ဒေါက်တာ ခင်ဆန်းဦး သည် ပါမောက္ခအဖြစ်မှ ပါမောက္ခ ဌာနမှူးအဖြစ် တိုးမြှင့်ဆောင်ရွက်ရ သည်။ ဌာနလုပ်ငန်းများကို ဆက် လက်ဆောင်ရွက်သည်။ ပါရဂူဘွဲ့ရ များလည်း ဆက်လက် တိုးပွားသည်။ ၂ဝ၁၃ခုနှစ်တွင် ဒေါက်တာခင်ဆန်း ဦး အငြိမ်းစားယူသောအခါ လက်ရှိ ပါမောက္ခ ဌာနမှူးဖြစ်သော ဒေါက်တာအောင်မြင့်ဦးသည် ပါမောက္ခအဖြစ်မှ ပါမောက္ခဌာနမှူး အဖြစ် တိုးမြှင့်ဆောင်ရွက်ရသည်။

ဒေါက်တာ အောင်မြင့်ဦးသည် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး များ၏ အကြံÓဏ်ကို ဆက်လက်ခံယူ ပြီး တာဝန်များကို ဆောင်ရွက်သည့် စာပေတည်းဖြတ်မှု၊ စာပေရေးသား မှုဆိုင်ရာ ၃လသင်တန်းကို စတင် ဖွင့်လှစ်ပြီး ယခုအခါတွင် ဒီပလိုမာ ပေးထားသော တစ်နှစ်သင်အတန်း အဖြစ် တိုးမြှင့်ခဲ့သည်။ စာပေ လုပ်ငန်းဆောင်ရွက်နေသူများ၊ စာ ရေးနေသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ကြသည်။ ပြင်ပမှ စာရေးဆရာများ၊ သတင်းဆရာများ ကို အကူအညီတောင်း ဖိတ်ခေါ်သည့် အတွက် လာရောက်ပို့ချပေးကြသည်။ ထိုသင်တန်းဖွင့်လှစ်ရန် ယခင် ကတည်းက ကြိုးစားခဲ့သော်လည်း ယခုအချိန်ကျမှ အောင်အောင် မြင်မြင် ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။

ဒေါက်တာအောင်မြင့်ဦး လက် ထက်တွင် ပွင့်လင်းမြင်သာမှုရှိလာ သည့်အလျောက် ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များနှင့် ဆက်သွယ်၍ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပြီး ကျောင်းသားချင်း အပြန် အလှန် ဖလှယ်ရေး၊ ဆရာ ဆရာမ ချင်း အပြန်အလှန် ဖလှယ်ရေးကို ဆောင်ရွက်နေပြီဖြစ်သည်။ ရန်ကုန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ သည် ပြည်ပနိုင်ငံများသို့ လေ့လာရေး သွားရောက်ခြင်း၊ ထိုတက္ကသိုလ်များ သို့ သွားရောက်၍ သင်တန်းပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ စာတမ်းဖတ် ပွဲများ တက်ရောက်ခြင်းတို့ ရှိလာ သကဲ့သို့ ပြည်ပနိုင်ငံ တက္ကသိုလ် များမှ ဆရာ၊ ဆရာမများလည်း အပြန်အလှန် လာရောက်ခြင်းများ ရှိသည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူသမ္မတ နိုင်ငံစသည့် နိုင်ငံများရှိ တက္ကသိုလ် များနှင့် ထိုအစီအစဉ်ကို ဆောင်ရွက် ခြင်းဖြစ်သည်။ အလားတူပင် ကျောင်းသားများ လည်း အပြန်အလှန် သွားရောက်၍ လေ့လာခြင်း၊ သင်တန်းများ တက် ရောက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ မြန်မာစာဌာနတွင် နိုင်ငံခြား သားများအတွက် မြန်မာဘာသာ စကား သင်တန်းများ ဖွင့်လှစ် သင် ကြားလျက်ရှိရာ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံခြား သားများ ထိုသင်တန်းများသို့ တက် ရောက်၍ စိတ်ဝင်တစား သင်ယူ လျက်ရှိသည်။ ၇၅နှစ်ပြည့်မြောက်သည့် စိန်ရ တုကာလတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ မျက်မှောက် အခြေ အနေအထိ ဖြတ်သန်းခဲ့သော ခရီးကို တစေ့တစောင်း တင်ပြခြင်းဖြစ်ပါ သည်။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here