မကာအိုမြို့ပြ သင်ခန်းစာမှ ပေးစွမ်းသည့် မျိုးဆက်အနာဂတ်အရေးအနာဂတ်အတွေး

0
199

than

စင်ကာပူ၊တရုတ်၊ဟောင်ကောင်၊မကာအို သို့ပါလီမန်လေ့လာရေးခရီးစဉ်ကို ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ဆရာမသန်းမြင့်အောင်၊တို့နှင့် အတူ ပန်းဘဲတန်း တိုင်းေ ဒသကြီးကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ဒေါ်စိုးပပလှိုင်တို့အပါအဝင် အဖွဲ့ဝင် ၁၃ ဦးက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထွက်ခွာသွား ခဲ့ကြပါတယ်။ဒီခရီးစဉ်မှာ လေ့လာဖြစ်တဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ဆရာမ သန်းမြင့်အောင်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားမှု တွေကိုပရိသတ်များ ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ရ ပါတယ်။

ဒီနေ့ MACAU ကနေ HONG KONG ပြန်လာတယ်။ နေရာအနှံ့လုပ်စရာတွေကတော့ အများကြီးပါပဲ “အုံဖွ” လို့မန်းလိုက်တာနဲ့ ချက်ချင်းဖြစ်သွားတဲ့ အတတ်ပညာမရှိ လေတော့စုပေါင်းအားနဲ့ပဲ လုပ်ရမှာပါ။ လူလိုတယ်၊ ငွေလိုတယ်၊ ပညာရှင်လိုတယ်။ အဲဒီအတွက် အချိန်လည်း လိုသင့်သလောက်လိုဦးမယ်။ မကာအိုဟာလောင်းကစားမြို့ တော်ကြီးပါ။ နိုင်ငံတကာက ပိုက်ဆံပေါလို့လာကစားကြတဲ့လူတွေကို အလကားပေးကစားတယ်။ (အဲဒါမှ များများလာ၊ များများ ပိုက်ဆံရ၊ ကိုယ့်ဆီကလူကစားရင်တော့ တစ်ယောက် ၁ဝဝကောက် လို့သိပ်မသွားကြဘူးတဲ့။) ပြီးတော့ မူကြိုအရွယ်ကတည်းက အထက်တန်းအထိ ပညာရေးရော၊ ကျန်းမာရေး ရော၊ အခမဲ့ဝန်ဆောင်မှု ပေးတယ်။ အသက် ၆၅ နှစ်ကစလို့ သက်ကြီး ရွယ်အို တွေကို ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုပေးတယ်။ ဟောင်ကောင်နဲ့ မကာအိုသင်္ဘောစီးရတယ်။(တံတားထိုးနေတာနောက်တစ်နှစ်ခွဲလောက်နေမှပြီးမှာ)သင်္ဘောဆိပ်က လေဆိပ်နဲ့မှားတယ်။ တစ်ပုံစံတည်း ပဲ။ ဟောင်ကောင်မှာလည်း ကား မှတ်တိုင်တွေမှာ တန်းစီစောင့်ဆိုင်း နေကြသူတွေ၊ ခေတ်မီ၂ထပ်ကား တွေ၊ ကားပါကင်ကို နည်းပညာနဲ့ အမှတ်အသားပြု နေရာပေး၊ ငွေ ကောက်ခံတဲ့နေရာ လမ်းတွေကျဉ်း ပေမယ့် စည်းကမ်းတကျမောင်းကြလို့ အဆင်ပြေကြပါတယ်။ (ဒါတောင် ကားကျပ်တာတွေတော့ ရှိနေဆဲ) မြန်မာနိုင်ငံအတွက် အများကြီး လုပ်ရဦးမှာ။ ဒါပေမဲ့ အချိန်ကာလ၊ ငွေ၊ နည်းပညာပေါင်းစပ်ပြီး ချက် ချင်းပြီးချင်တဲ့ ဆန္ဒကတော့ လူတိုင်း မှာရှိပါတယ်။ နည်းနည်းတော့ စိတ်ရှည်ကြရပါဦးမယ်။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကအားလုံးသိတဲ့အတိုင်း ကုန်းရုန်း ထနေရတဲ့ကာလပါ။ လိုချင်တဲ့သူတွေ တဖြည်းဖြည်း နည်းသွားပြီး ပေးချင်တဲ့လူတွေ (ငွေကြေးမှ မဟုတ်ပါဘူး။ စိတ်ရှည် ခြင်း၊ သည်းခံခြင်း၊ ရောင့်ရဲတင်း တိမ်ခြင်း၊ အပြန်အလှန်နားလည် မှုရှိခြင်းစတဲ့) ပိုပိုများလာတဲ့အချိန်ကျ ရင်အားလုံး ပျော်ရွှင်တဲ့ တစ်နေ့ ဖြစ်လာမှာပါ။ နောင်မျိုးဆက် သားသား၊ မီးမီးတို့ တစ်ဘဝလုံး အတွက် ကျွန်မတို့ကတော့ မသေ မချင်း ကြိုးစားသွားပါမှ တော်ခါ ကျ မှာပါ (ကျွန်မက ၆၄နှစ် ထဲဝင်နေတဲ့ အချိန်မရွေးသေနိုင်တဲ့ကိုယ့်အ တွက်ပြောတာပါ)။

သန်းမြင့်အောင်


LEAVE A REPLY

Please enter your comment!
Please enter your name here