ရုပ်ရှင် ရိုက်ကူးဖို့ ၁၄ပေါင် ဝိတ်ချလိုက်တဲ့ ဖွေးဖွေး

0
191

PhwePhweဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားမှာ ပြည့်တန်ဆာ မိန်းကလေး တစ်ဦးဖြစ်တဲ့ ရွှေကြာ နေရာက သရုပ်ဆောင် မှာဖြစ် တဲ့ ဖွေးဖွေး က ဒီဇာတ်ကား အတွက် သူ့ရဲ့ခန္ဓာကိုယ်အလေး ချိန်ကို ၁၄ပေါင် အထိ ဝိတ်ချခဲ့ကြောင်း ပြော ပါတယ်။

“ဖွေးက ဝတာကြိုက်တယ်။ ဒါပေမဲ့ ဒီ ဇာတ်ကား အတွက် ကိုဝိုင်း ရဲ့ တောင်းဆိုမှုရော၊ ဒီကာရိုက်တာ နဲ့လည်း လိုက်ဖက်မယ် ထင်လို့ ၁၄ပေါင် ဝိတ်ချခဲ့ပါတယ်။ ၁၄ပေါင် ဝိတ် ချခဲ့ပေမယ့် ဒီဇာတ်ကားပြီး ရင်တော့ ပြန်ဝမှာပါ။ ကြိုပြောထားတာ။ ဖွေးဝိတ် ချတာကတော့ gym မှာ တစ်ပတ်ကို ၂ရက်လောက် ကစား လိုက်တယ်။ အစားအသောက်နဲ့ပဲ လျော့လိုက်တာပါ” လို့ ဝိတ်ချတဲ့ နည်းကို ပြောပြပါတယ်။

ဒီဇာတ် ကား အတွက်ပဲ အပြင်က ရွှေကြာလို ပြည့်တန်ဆာအလုပ်ကို လုပ်နေတဲ့ မိန်းကလေးတွေ ကိုလည်း တွေ့ဆုံ စကားပြောဖို့ ရှိကြောင်း လည်း ဖွေးဖွေး ကပြောပါတယ်။

“PSI နဲ့ ချိတ်ပြီးတော့ ရွှေကြာ လိုမိန်းကလေးတွေနဲ့ စကားပြော ကြည့်ဖို့ စီစဉ်ထားပါတယ်။ ဆရာမ ပုညခင် ရေးထားတာရော၊ ဇာတ် ညွှန်း တွေရော အကုန်လုံးက ပြည့်စုံပြီးသား ပါ။ ဆရာမကလည်း တကယ် လေ့လာပြီး ရေးတဲ့လူလေ။ ဖွေးတို့က ဇာတ်ညွှန်းကို ဖတ်တာ နဲ့တင် မျက်ရည်ကျတယ်။ တအား ခံစားပြီး ရိုက်ကူးမှာပါ။ သူတို့ကလည်း လူ ပါပဲ။ အမှောင်ထဲမှာ ရောက်နေတာနဲ့ အလင်း ထဲမှာ ရောက်နေတာ တစ်လှည့်စီပါပဲ။ ဖွေး တို့မှာလည်း ဒုက္ခရောက်တဲ့ အချိန်မျိုးတွေ ရှိဖူးတယ်။ ဒုက္ခချင်း မတူတာဘဲ ရှိတယ်။ အကယ်၍ ကိုယ်က ရုန်းထွက်ချင်တယ် ဆိုရင် ဘာမဆိုဖြစ်တယ်။ အားလေး တစ်ခုပဲ ဖြစ်ဖြစ် အလင်းစလေး တစ်စပဲ ဖြစ်ဖြစ် ဖွေး ကို ရွှေကြာ လို မိန်းကလေးတွေ  မြင်သွားလို့ ရှိရင် အားရှိသွားစေချင် လို့ပါ” လို့ပြောပါတယ်။
ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား ၂ကားနဲ့ပဲ အကယ်ဒမီဆု ၂ဆုကို ရရှိ ပိုင်ဆိုင်ခဲ့ တာကြောင့် အခု ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားက သူ့အတွက် မှတ်တိုင် ဖြစ်စေနိုင်မလားဆိုတော့ ဖွေးဖွေးက…

“ဖွေးနဲ့ကိုဝိုင်း နဲ့ နှစ်ယောက် စလုံး တူတာ တစ်ခုက အကယ်ဒမီ ဆိုတာကြီးကို မှန်းပြီး လုပ်တာ မဟုတ်ပါဘူး။ ဒီအလုပ် နဲ့ပတ်သက် ပြီး ဖွေး တို့ကော တကယ် ခံစားလို့ရမလား၊ ပရိသတ်ရော တကယ်ခံစား လို့ရမလား ဆိုတာနဲ့ အလုပ်တစ်ခုကို လုပ်တာပါ” လို့ပြောပါတယ်။

ဇာတ်ကား ရိုက်ကူးမှုကျဲတဲ့ ဖွေးဖွေးက ရုပ်ရှင် ဇာတ်ကားတွေကို စိစစ် ရွေးချယ်ကာ ရိုက်ကူးသွား မှာဖြစ်ပြီး အခု ရွှေကြာ ရုပ်ရှင်ဇာတ် ကား ကို လည်း ရိုက်ကူးမှု၂ လကြာ နားထား ပြီးမှ ပြန်လည်ရိုက် ကူးခြင်းဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here