ဇာတ်ကား၊ ဆိုင်းကားတွေပေါ်မှာ သဘင်ကိုအကြောင်းပြုပြီး ဥပဒေနှင့်မလွတ်ကင်းသည်များသယ်ယူခြင်း ၊ ရောင်းချခြင်းများတွေ့ရှိပါက မိမိတို့၏ အပြစ်အတိုင်း ခံယူရမည်

0
169

Phoe Chit

ဇာတ်သဘင်ကား၊ ဆိုင်းဝိုင်းကားတွေပေါ်မှာ သဘင်ကိုအကြောင်းပြုပြီး မူးယစ်ဆေးဝါး၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စများသယ်ယူခြင်း၊ ရောင်းချခြင်းများ တွေ့ရှိပါက သဘင်အစည်းအရုံးတို့(ဗဟို)အနေနဲ့ ဖြေရှင်းပေးမှာ မဟုတ်ကြောင်း၊ မိမိတို့ရဲ့ အပြစ်တိုင်းခံယူကြရမှာဖြစ်ကာ ကြေငြာချက်လည်းထုတ်ပြန်ထားပြီး သားဖြစ်ကြောင်း၊ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

” အရင်တုန်းကတော့ ဇာတ်ကား၊ ဆိုင်းကားတွေ ပေါ်မှာ လူတွေစီးတယ်ဆိုပြီးတော့ တချို့တချို့သော မော်တော်ပီကယ်များက ဖမ်းဆီးပါတယ်။ ဒဏ်ငွေ ဆောင် ရပါတယ်။ သွားလာရေး ကြန့်ကြာရပါတယ်။ အခက်အခဲဖြစ်ပါတယ်။ နိုင်ငံတော်ကို တင်ပြတဲ့အခါ မှာ ကျွန်တော်တို့ သဘင်ဟာ ဒီလိုပဲ ရှေးကတည်းသွား ခဲ့တာဖြစ်ပါတယ်။ ဒါဟာသဘာဝ ဖြစ်ပါတယ်။ နား လည်ပေးပါဆိုတော့ နိုင်ငံတော်က နားလည်ပေးပါ တယ်။ ခွင့်ပြုပါတယ်။ ရိုးသားစွာသဘင်နဲ့ အသက် မွေးဝမ်းကျောင်းပြုနေတဲ့ သဘင်သည်အနုပညာဘဝတူ တွေကိုတော့ ကျွန်တော်တို့ အားလုံးကူညီသွားကြမှာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားခွင့်ရမှာ ဖြစ်ပါတယ်။ ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အမြန်လမ်းသည်ပင်လျှင် ကုန်ကားမဖြတ်ရဆိုသော် ငြားလည်းပဲ သိပ်အရေးကြီးရင် ကျွန်တော်တို့ဆီကို ကြိုတင်ပြီး တင်ပြရင် ခွင့်ပြုချက်နဲ့သွားလို့ ရတဲ့အထိ လက်ခံရရှိထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ စည်းကမ်းလိုက်နာဖို့လိုပါတယ်” လို့ ဇာတ်ကား၊ ဆိုင်းကားများရဲ့ သွားလာရေးနဲ့ ပတ်သက်လို့ သဘင်အစည်းအရုံး(ဗဟို)အနေနဲ့ ကြိုးစားဆောင်ရွက်ပေးထားမှုအပိုင်းကို သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here