ဘာလုပ်မယ်ဆိုတာ ကြိုပြောပြလို့ ရတဲ့ အေ ခြ အေ န မ ရွိ ေ သ း ဘူ း ဆို သူ ဆုမြတ်နိုးဦး

0
266

sumyat

လတ်တလောမှာတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးက MNTV နဲ့ Channel 9 မှာ ပြသမယ့် ဇာတ်လမ်းတွဲ ဖြစ်တဲ့ “ဂျော်နီငပိနဲ့ တော်ကီချက်ကြီး” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။ အနုပညာလောကမှာ ဆုမြတ်နိုးဦးက အနုပညာသက်တမ်း ၅ နှစ်ရှိခဲ့ပြီ ဖြစ်ပြီး ခုလိုရပ်တည် နေနိုင်တဲ့အတွက် ပရိသတ်ကို ကျေးဇူးတင်ကြောင်းလည်း ဆိုပါတယ်။

” လက်ရှိ အနေအထားလေးကိုလည်း ကျေနပ်ပါတယ်။ အားပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မြတ်နိုးအနေနဲ့ မင်းသမီးဆိုတာထက် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်။ ပရိသတ်က အားပေးနေသရွေ့ ဒီလောကထဲမှာ ဆက်လျှောက်နေမှာပါ” လို့ ပြောတဲ့ ဆုမြတ်နိုးဦးက သူ့ရဲ့ လတ်တလော အခြေအနေကတော့ ဘာလုပ်မယ်ဆိုပြီး ကြိုစီစဉ်လို့မရတဲ့ အနေအထား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

” ပွင့်ပွင့်လင်းလင်းပြောရရင် မြတ်နိုးတို့ က ငါဘာလုပ်မယ်ဆိုပြီး ကြို Plan ထားလို့ ရတဲ့ အခြေအနေမဟုတ်ဘူး။ ကိုယ့်ကိုလာပေးတဲ့ ဇာတ်ပေါ်မှာ အကောင်းဆုံး ဖြစ် အောင် ကြိုးစားရပါတယ်။၂ဝ၁၆ ခုနှစ် နှစ်ကုန်တုန်းက မေးကြတယ် ၂ဝ၁၇ခုနှစ် ဘာလုပ်ဖို့ ရှိလဲပေါ့။အဲဒီတုန်းက မြတ်နိုးမှာ ဖြေစရာမရှိဘူး။ အခု ဇာတ်လမ်း တွဲရိုက်ကူး နေတယ်။ ခုချိန်မှာ ဆိုရင်တော့ ဒီဇာတ်လမ်းတွဲ ရိုက်ကူးနေတယ်ပဲ ပြောရမယ်။ ကြိုပြီး ပြောထားလို့ မရပေမယ့် လုပ်ဖို့အခွင့်အလမ်းပေါ်လို့ လုပ်တော့မယ်ဆိုလည်း ပရိသတ်ကို အသိပေးမှာပါ” လို့ ဆုမြတ်နိုးဦးက ပြောပြခဲ့ပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here