ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက် ဒါရိုက်တာ ဦးမောင်မောင်မြင့် နဲ့ အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်တို့ရဲ့ ဆန္ဒစကား

0
153

f100

၁၉၂ဝ ကာလများဆီကနေ စတင်ပေါက်ဖွားလာတဲ့ မြန်မာ့ ရုပ်ရှင်ဟာ တဖြည်းဖြည်းနဲ့ ငွေရတု၊ ရွှေရတု၊ စိန်ရတုကာလများကို ဖြတ် သန်းလာခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်ဆိုရင် ရုပ်ရှင်နှစ် တစ်ရာပြည့်ဆီသို့ နီးကပ်လာပြီဖြစ်ပါ တယ်။ ရုပ်ရှင်လောကသားများက လည်း ကြုံတောင့်ကြုံခဲရာပြည့်ပွဲ မှာ ဆင်နွဲဖို့ အားခဲနေကြပါတယ်။ ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲတော်ကို ရုပ်ရှင် လောကသားများ အားခဲလာကြသလို ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်ရတုသဘင်ပွဲတော်များကို ပါဝင်ဆင်နွှဲ ဖြတ်သန်းခဲ့ သူဒါရိုက်တာ ဦးမောင်မောင်မြင့်နဲ့ အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်တို့ကလည်း မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ပွဲတော်ကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလိုကြတာနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ကြပါတယ်။

ဒါရိုက်တာ ဦးမောင်မောင်မြင့်

” ရည်ရွယ်ချက်ကောင်းကောင်း နဲ့ ကျွန်တော်တို့ ရာပြည့်ပွဲကြီးကို ကျင်းပကြဖို့လိုပါတယ်။ အခု ၂ နှစ်ပဲလိုတော့တယ်။ ကျင်းပရတော့မယ်။ အချိန်မရှိတော့ဘူး။ ပြင်ဆင်မှု Planning မရှိသေးပါဘူး။ ကျွန်တော်တို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း ထလုပ်လို့မရပါဘူး။ ကျွန်တော်တို့မှာ အခိုင်အမာ အစည်းအရုံးရှိပါတယ်။ သူဦးဆောင်မှဖြစ် မှာလေ။ သူက ဦးဆောင်ပြီးတော့ Plan ချပြလိုက်လို့ရှိရင် နိုင်ငံတော်က ဒါကိုစိစစ်ပြီး တော့အားပေးလိမ့်မယ်လေ။ ဒီအခါကျလို့ရှိရင် ပြီးခဲ့တဲ့ ရတုသဘင်ထက် ကြီးကျယ်ခမ်းနားတဲ့ ရာပြည့်သဘင် ကြီးဖြစ်လာမယ်လေ။ ဒီလိုဆိုရင် ကမ္ဘာကရုပ်ရှင်သမားတွေ၊ လေ့လာသူတွေ တိုးရစ် တွေ အများကြီး Attraction ရှိတယ်လေ။ လုပ်ရမယ့် အလုပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ကြီး ကိုရှိတယ်။ မလုပ်ကြသေးဘူးလား။ ကျွန်တော် အားမလို အားမရဖြစ်နေ ပါတယ်။ ဒီတော့ ရာပြည့်ကြီးကို တခမ်းတနားကြီး ဖြစ်အောင် ဘယ်လိုလုပ်ကိုင်ကြရမလဲဆိုတာဟာ အခုချိန် နိုင်ငံခြား တွေလိုတောင် သွားပြီးလေ့လာဖို့ အချိန်တွေ ရသေးတယ်။

အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်

” ငွေရတု၊ ရွှေရတု၊ စိန်ရတု ဖြတ်သန်းခဲ့ပြီ။ နောက် ရုပ်ရှင် နှစ်တစ်ရာပေါ့။ အားလုံးကိုတော့ မီချင်တာပေါ့။ ဒါပေမဲ့ သင်္ခါရတရားဆိုတာကတော့ မပြောနိုင်ဘူးလေ။ ရုပ်ရှင် ပွဲတော် အမျိုးမျိုးနွှဲလာတဲ့ ပွဲတော် တွေမှာ စိန်ရတုမှာတော့ ကိုယ်က နည်းနည်းအသက်ကြီးပြီပေါ့။ အခု အမေအသက် ၈၃ နှစ်ရှိပြီ။ အခု နှစ်တစ်ရာပြည့်မှာဆို ၈၇ နှစ် လောက် ဖြစ်နေမှာပေါ့။ ဒီနှစ် တစ်ရာပြည့် ပွဲတော်မှာလည်း အမေ ဆင်နွှဲချင်ပါ တယ်။ အခုကလေးတွေကိုလည်း ဒီလိုပွဲမျိုးမှာ ပါဝင်ဆင်နွှဲစေချင် တယ်။ အခုလိုပွဲမျိုး ပါဝင်ဆင်နွှဲနိုင်မှ ကိုယ့်ရဲ့ အနုပညာ သက်ရှည်မယ်။ အမေတို့ အရွယ် တွေတော့ မရှိ တော့ပါဘူး။ မရှိ ပေမယ့် ဒီကလေး တွေ ဘယ်လို ရုန်း ကန် လှုပ်ရှား နေကြသလဲဆိုတာ အမေ လေ့လာ ချင်တယ်။ အခုထိ လည်း အမေ လေ့လာနေတုန်းပဲ။ ဘာပဲဖြစ် ဖြစ် အနုပညာကို လူသေပေမယ့် အနု ပညာမသေစေချင်ဘူး။ နာမည် မသေစေချင်ဘူး။ အမြဲတမ်း ထိတွေ့ တယ်။ အမေတို့ အသက်ရှင် နေသေး တယ်။ ဒီအနုပညာကို လှုပ်ရှားနိုင် သေးတယ်။ ဒါပေမဲ့ ခေါ်မယ့်သူမရှိ တော့ မလုပ်ရသေးဘူးပေါ့။ အခု ဆိုရင်ရုပ်ရှင်လောက ကစက် ပစ္စည်းပိုင်း က တအားကို တိုးတက် လာပါတယ်။ တချို့တွေဆို အသံကူးတာတို့ဘာတို့ နိုင်ငံခြားမှာ သွားပြီးလုပ်တာတွေရှိတယ်။ ဒီ နှစ်တစ်ရာမှာ အားလုံး တိုးတက်လာတဲ့အလျောက် ပရိသတ် တွေကလည်း တအား အားပေးလာ ပြီလေ။ ဘာဖြစ်လို့လဲဆို အမေတို့ ခေတ်တုန်းက ဘယ်သူမှအဲဒီလောက် အားမပေးဘူး။ အနုပညာက ဖက်ခွက်စားဆိုပြီး အနှိမ်ခံရတာ တွေရှိတယ်။ အခုအနုပညာသမား တွေကမိဘအသိုင်းအဝိုင်းကရော အားပေးလာတာတွေ့ရတယ်”

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here