ရွှေအင်္ကျီဝတ်စုံ နဲ့ အကယ်ဒမီ ပွဲတက်မယ့် မြန်မာပြည်သိန်းတန် တို့ဇနီးမောင်နှံ

0
472

U-Thein-Tanမြန်မာပြည်သိန်းတန်က သူရဲ့ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကား အဖြစ် “ဖက်ရှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ပြီးစီးခဲ့ပြီးနောက် အခု မတ်လ ထဲ မှာတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးမယ့် “အဆိုတော်များနေ တဲ့ရွာ” ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် သွား မှာ ဖြစ်ပါတယ်။ အဲဒီဇာတ် ကားမှာတော့ မြန်မာပြည်သိန်းတန် တို့ ဇနီးမောင် နှံတို့နဲ့ အတူ မင်းမော်ကွန်း၊ ဇေရဲ ထက်၊ မို့မို့မြင့်အောင် တို့လည်း ပါဝင် သရုပ်ဆောင်မယ်လို့ ဆိုပါတယ်။ “အန်ကယ့်ဆီ မှာ ဇာတ်ညွှန်းလည်း ရောက်နေပါပြီ။ အန်ကယ်က “အဆိုတော် များနေတဲ့ရွာ” ရုပ်ရှင်ဇာတ်ကား ထဲမှာ မြန်မာပြည် သိန်းတန် ဖြစ်ချင်တဲ့ သူ တစ်ဦး အနေနဲ့ သရုပ်ဆောင် ပေး သွားရ မှာ ဖြစ်ပါ တယ်”လို့ ဆိုပါတယ်။

အဲဒါအပြင် မြန်မာပြည်သိန်းတန်ဟာ လက်ရှိမြန်မာ အိုင်ဒေါလ်မှာ ခေတ် စားနေတဲ့ သူရဲ့သုံးသပ်မှု စကားဖြစ်တဲ့ “အန်ကယ် ကတော့နိုး ပါ” တေးသီချင်း အသစ်ကိုလည်း စိန်လင်း(Aroma)နဲ့အတူ တွဲဖက်သီဆိုဖို့ ရှိပါတယ်။

“တေးရေးကတော့ ဗျူဟာပါ။ ရပ်ပါ အဆိုတော်လေးပေါ့။ တေးရေး နိုင်မြန်မာရဲ့သားပေါ့။ ဒီသီချင်းလေး ကလည်း လူကြိုက်များတဲ့ သီချင်း တစ်ပုဒ် ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဒီ “အန်ကယ်ကတော့ နိုးပါ” သီချင်းလေးကို တွဲဖက် သီဆိုရမှာ ဖြစ်တဲ့အတွက် အန်ကယ် ဝမ်းသာ ပါတယ်။ ဘာလို့လဲ ဆိုရင် “အန်ကယ် ကတော့နိုးပါ” ဆိုတာက မြန်မာ အိုင်ဒေါလ်မှာ အန်ကယ်သုံး နေကျ စကားလေး ဖြစ် ပါတယ်။ ဒီစကားလေး ကိုလည်း ပြည်သူ အများစုက ရယ်စရာ မောစရာ ပျော်စရာ အဖြစ် နှစ်သက် နေကြပါတယ်။ ဒီစကားလေးကို ရယ်စရာ လေးအဖြစ် ဖေ့စ်ဘုတ်မှာ သုံးထားတာဟာ ဆိုရင်လည်း သူတို့ အနုပညာပြောင် မြောက်တာကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းအရာ ပေါ်မှာ သီချင်း ရေးစပ်ပြီး ဖျော်ဖြေရမှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်”လို့ ပြောပြပေးပါတယ်။

အဲဒါအပြင် မြန်မာပြည်သိန်းတန်က မတ်လ ၁၈ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲကိုလည်း ဇနီးဖြစ်သူ နဲ့အတူ တက်ရောက်မှာဖြစ်ပြီး အကယ်ဒမီပွဲတက် ဖက် ရှင်ကိုတော့ ကိုအောင်မြတ်သူ (Aroma) တို့က စီစဉ်ပေးသွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

“ကိုအောင်မြတ်သူ တို့ကပဲ အစအဆုံး ချုပ်လုပ်ပြင်ဆင်ပေး ထားပါတယ်။ ရွှေအစစ်နဲ့ ချုပ်လုပ် မယ့် ရွှေအင်္ကျီ ဝတ်စုံ လို့တော့ ပြောပြ ပါတယ်။ ဘယ်လို အမျိုးအစားပုံစံနဲ့ ဖြစ်လာမလဲ ဆိုတာ ကတော့ အန်ကယ်လည်း မသိသေးပါဘူး။ အန်ကယ် ကိုယ် တိုင်လည်း စိတ်ဝင် စားနေပါတယ်။ ရုပ်ရှင် အကယ်ဒမီပွဲဆို တာတိုင်းပြည်ကို ကိုယ်စားပြုတဲ့ပွဲ တစ်ခုဖြစ်တယ်။ ရုပ်ရှင် ဆိုတာ နုတဲ့ အနု ပညာ ဖြစ်တယ်။ အနုပညာ ဆိုတာ ယဉ်ကျေး ပါတယ်။ အထူးသဖြင့် ဒီနှစ်မှာ ဆိုရင် ဗုဒ္ဒဘာသာ မြန်မာ လူမျိုး တို့ရဲ့ အထွဋ်အမြတ် ထား ရာ ရွှေ တိဂုံ စေတီတော်ဘုရားကြီး ကို နောက် ခံထားပြီးတော့ ဆင်ယင်ကျင်းပမှာဖြစ်တယ်။ ပြည်သူအများ သူငှာ ကလည်း မင်္ဂလာ အပေါင်း နဲ့ပြည်စုံတဲ့ အကယ်ဒမီပွဲတော်ကြီးကို ကြည့်ရှု ခံစားရမှာဖြစ်တယ်” လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here