ဦးကျော်သူ ကို ဒီနှစ်မှာ အကယ်ဒမီရစေချင်တဲ့ အကယ်ဒမီ ရန်အောင်

0
223

Yan-Aung-1အကယ်ဒမီ ရန်အောင်က အခုနှစ် ပြည်သူ့ရင်ပြင်မှာ သမိုင်းမှတ်တမ်း ကျန်ရစ်စွာ ကျင်းပခွင့် ရတော့မယ့် အကယ်ဒမီ ဆုပေးပွဲနဲ့ ပတ်သက် ပြီး သူဖြစ် စေချင်တဲ့ ဆန္ဒကတော့ တစ်နှစ်တာဆိုတဲ့ ပြက္ခဒိန် အတွင်းမှာ အကောင်းဆုံး ဆိုတာ ရှိရမယ်၊ အဆိုးဆုံးဆိုတာ ရှိရမယ် လို့ ဆိုလာပါတယ်။

“အကောင်းဆုံးဖြစ်တဲ့ ဇာတ်ကားကို ကောင်းသလိုပဲ ဆုပေးသင့် တယ်လို့ အစ်ကို ယူဆပါတယ်။ များနေလို့ မပေးတာတို့၊ နှစ်နှစ် ဆက်တိုက် ဖြစ်နေလို့ မပေးတာတို့ ၊ သုံးနှစ် ဆက်တိုက် ဖြစ်နေလို့မပေးတာ တို့ဆိုတဲ့ အယူအဆမျိုးတော့ မရှိစေချင်ဘူး။ လူဆိုတာ ဒီတစ်နှစ် အတွင်းမှာ သူထူးချွန်ရင် ထူးချွန်သလို ဒီဆုတွေကို အပ်နှင်းရမှာ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာ သူဟာ ထူးချွန် ချင်မှ ထူးချွန်ပါလိမ့်မယ်။ ဒါပေမဲ့ ထူးချွန်နေတဲ့ နှစ်မှာ ထူးချွန်သလို ပေးအပ် ရပါမယ်”လို့ မှတ်ချက်ပြုဆို ပါတယ်။

ဒီနှစ် အကယ်ဒမီ ဆုတွေထဲမှာ ကြားထားတာကတော့ ကိုမောင် (အကယ် ဒမီကျော်သူ) ကိုရစေချင်ပါတယ် လို့ ဖွင့်ဟဆိုပါတယ်။

“ကျွန်တော် ကတော့ ကိုမောင်ကြီးကို ရစေချင်ပါတယ်။ ဒီတစ်နှစ် အတွင်း မှာ ထူးချွန်တဲ့သူတွေ အကုန်လုံးကို ရစေချင်တယ်။ အနှောင့်အသွား လွတ် လွတ်နဲ့ကို ရစေချင်တာ ဖြစ်ပါတယ်”လို့ ပြောပြပေးပါတယ်။

အကယ်ဒမီ ရန်အောင်ကတော့ အခု ရုပ်ရှင်လောက မှာရှိနေတဲ့ သူတွေ အကုန်လုံးဟာ ဒီလောကကြီး အတွက် ဆုတ်ယုတ်စေချင်လို့ အလုပ် လုပ်နေ ကြမျိုး မဟုတ်ကြပါဘဲ တိုးတက်စေချင်လွန်း လို့ လုပ်နေကြတယ်ဆိုတာကို ပရိသတ်တွေ အနေနဲ့ သဘောပေါက်နေ လိမ့်မယ် လို့ မျှော်လင့် ထားကြောင်းလည်း ဆိုပါတယ်။

“ပရိသတ်တွေက တအားကို အသိအမြင်တွေ ကျယ်ပြန့် လာနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဇာတ်ကား ရုပ်ရှင်တွေကိုလည်း ကြည့်လာ တာ နဲ့အ မျှ သရုပ်ဆောင်တွေ အပေါ်မှာ နားလည်မှုတွေ ရှိလာကြတဲ့ အပေါ်ကို အစ်ကို တို့က သိပ်ဝမ်းသာမိတယ်။ အဲဒါကြောင့်လည်း အစ်ကို တို့က ဘယ်လို ကာရိုက်တာမျိုး မဆို သရုပ်ဆောင်ပါ ဆိုတဲ့ ခံယူချက် တစ်ခုတည်းနဲ့ သရုပ် ဆောင် လာကြတယ်။ ဗီလိန် ဆိုရင် လည်း အဖြည် မရှိရင်နေပါစေ သရုပ် ဆောင်တယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်ကား အတွက် အစ်ကိုတို့က သရုပ် ဆောင်ပေး တာပါ။ ပရိသတ်တွေက အတော်ကို နားလည်ပေးလာကြပြီ ဖြစ် ပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here