မှော်ပညာ အကြောင်းကို အဓိက ဇာတ်အိမ်ဖွဲ့ထားတဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ ရိုက်ကူးမယ့် သူရိယ

0
363

Thu-Ri-Yaအလှူ့ဒါယကာ တိုင်းရင်းဆေး သမားတော်ကြီး ဦးကြည်လင်းနှင့် အလှူ့ ဒါယိကာမ ဆရာမ ဒေါ်ချိုချိုမာ ၊သရုပ်ဆောင် သူရိယ (မောင်သူရလင်း)၊ မောင်အာင်သူလင်း၊ မောင်ချမ်းပြည့်ပြည့်လင်း၊ မခင်သစ္စာကြည် တို့ရဲ့ စိန် ဘယက်တိုင်းရင်း ဆေးဝါး ထုတ်လုပ်ရေး မိသားစု ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာ ကို မတ်လ ၅ရက်နေ့ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး ဆုတောင်းပြည့် ရွှေမောဓော ဘုရားဝင်းမှာ စည် ကား သိုက်မြိုက်စွာ နဲ့ ပြုလုပ်ခဲ့သလို ညနေပိုင်း မှာတော့ မြို့မ စာသင်တိုက်မှာ သိမ်ဆင်းလောင်းလှူပွဲ ကို ပြုလုပ်ခဲ့ပါတယ်။

နဂိုမူလအရ သရုပ်ဆောင် သူရိယ ကိုယ်တိုင်လည်း ရဟန်းခံရှင်ပြုဖို့ အစီအစဉ် ရှိခဲ့ပေမယ့်လည်း ဇာတ်ကား ရိုက်ကူးရေးတွေ လက်ခံထားတဲ့ ရက်နဲ့ တိုက်ဆိုင်နေတဲ့ အတွက် အခု တစ်ခေါက်မှာတော့ သာသနာ့ဘောင်ကို မဝင် ရောက်ဖြစ်ခဲ့သေးဘူး လို့ဆိုပါ တယ်။

“ဒါပေမဲ့ နှစ်စဉ် နှစ်တိုင်းမှာတော့ တရားစခန်း ကိုတော့ ပုံမှန် ဝင်ဖြစ်ပါ တယ်။ ကျန်တဲ့ညီအစ်ကိုတွေ ကတော့ ရှင်ပြုဖြစ်မှာ ဖြစ်ပါတယ်။ သိမ်ဆင်းသံဃာ ၁၈ပါးမှာ ညီအစ်ကိုတွေရော၊ ညီအစ်ကို ဝမ်းကွဲတွေရော အကုန်လုံး ပါပါ တယ်။ ပြီးတော့ အခုက ပဲခူးမြို့မ ဆရာတော်ကြီး ကလည်း သိက္ခာထပ် ဖြစ် တယ်လေ။ မြို့မ ဆရာတော်ကြီးရဲ့ သိမ်ဆင်း သင်္ဃန်း ပရိအက္ခရာကို သူရိယ က ကိုင်ပေးပြီး ကုသိုလ်ယူ သွားမှာ ဖြစ်ပါတယ်”လို့ သူရိယက ပြောပြပေး ပါတယ်။ သူရိယက လက်ရှိမှာတော့ “ပဉ္စ လက်ရွာ”လို့အမည်ရတဲ့ ဇာတ်လမ်းတွဲ ကို ရိုက်ကူးမှာ ဖြစ်ပြီး ဒါရိုက်တာ ကတော့ သိုးဆောင်း ဖြစ်ပါတယ်။ အဲ့ဒီဇာတ် ကားမှာတော့ ဦးကျော်သူ၊ အောင်မင်းခန့် ၊ နေအဉ္ဇရာ၊ နန်းစန္ဒာလှထွန်းတို့ နဲ့အတူ အခြားသရုပ် ဆောင်တွေ များစွာလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

“ရိုက်ကွင်းကိုတော့ ပုံဂံဘက်မှာ သွားရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ကားပုံစံကတော့ မျက်လှည့်ပညာနဲ့ မှော်ဇာတ်လမ်း ပုံစံဖြစ်ပါတယ်။ “ပဉ္ဇလက်ရွာ”ကိုသွား ရောက်ဖို့အတွက် လုပ်ကြတာပေါ့။ အဲ့ဒီရွာကို သွားနိုင် ကြဖို့အတွက် လှည့်ကွက်တွေ သုံးကြတဲ့ ဇာတ်လမ်းလေး ဖြစ်တယ်။ ဇာတ်လမ်း တွဲက သေချာ အချိန်ပေးပြီးတော့ ရိုက်ကူးရတာဖြစ်တယ်။ ရုပ်ရှင်နဲ့ ကွာတာက တော့ အချိန်တစ်ခုပါပဲ။ ပြင်ဆင်မှု အပိုင်းမှာလည်း သိပ် မကွာပေမယ့် ဇာတ် လမ်းတွဲက အရှည်သွားရတာ ဖြစ်တဲ့အတွက် ပြင်ဆင်မှုအပိုင်းကတော့ ပို အသေးစိတ်သွားပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here