Artist of the Year ဆု ရရှိခဲ့တဲ့ Jay Park

0
191

Jay-Park_ဆိုးလ်မှာ ဖေဖော်ဝါရီ ၂၈ က 14th Korean Music Awards ကို ကျင်းပခဲ့ပါတယ်။ Korean Music Awards  ဆန်ခါတင် စာရင်းက ဒီဇင်ဘာလ ၁ ရက် ၂ဝ၁၅ ကနေ နိုဝင်ဘာ  ၃ဝရက် ၂ဝ၁၆ ရောင်းအား ပေါ်မှာ မူတည်ပြီး ရွေးချယ်တယ်လို့ သိရပါတယ်။  Korean Music Award  မှာ ဆုပေါင်း ၆၃ ဆုပေးအပ် ခဲ့ပြီး  professor ၊ music critics ၊ media  journalists ၊ PD for music program  အစရှိတဲ့ ကဏ္ဍပေါင်းစုံက ဂီတပညာရှင်များ ဆုများ လက်ခံရရှိခဲ့ပါတယ်။

ဆုပေးအပ်ခဲ့တဲ့ ခေါင်းစဉ်တွေ ကတော့Album of the year, Song of the Year, Artist of the Year, Rookie of  the year, Best Pop Album, Best Rock Album, Best  R&B Song, Best Jazz Song နှင့်တခြားသော ခေါင်း စဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။  အဆိုတော် Jay Park က Artist of the Year  ဆုကို ဆွတ် ခူးခဲ့ပြီး Bolbbalgan4 u Song of the Year ဆုကို Red Planet သီချင်းနဲ့ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ Best Pop Song  ဆုကိုတော့ Wonder Girls  က “Why So Lonely”  သီချင်းနဲ့ ရရှိခဲ့ပြီး BewhY ကတော့ Forever သီချင်းနဲ့ Best Rap & Hip Hop Song  ဆုကို ဆွတ်ခူးခဲ့ပါတယ်။ Jay Park က  တော့ Best R&B & Soul Album  ဆုကို Everything You Wanted  အခွေနဲ့ ထပ်မံရရှိခဲ့ပြီး Jo Dong Jin u Album of the year ဆုကို Like A Tree အယ်လ်ဘမ် နဲ့ရရှိခဲ့  တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here