ကျော်ထွဋ်ဆွေ ပြောတဲ့ ချစ်သူအတွက် စကားတစ်ခွန်း

0
244

kyaw htut swe

နန်းသူဇာနဲ့တွေ့တိုင်း သူ့ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေအကြောင်းကို အမြဲမေးဖြစ်နေပြီး သိပ်မတွေ့ဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ဆုံတွေခွင့်ရတုန်းမှာတော့ သူ့ချစ်သူ နန်းသူဇာအကြောင်းကို မေးဖြစ်ခဲ့ပါတယ်။ ချစ်သူနဲ့အတူ ၅ နှစ်ကျော် ၆ နှစ်ဆိုတဲ့ အချိန်ကာလတွေကို ကျော်ဖြတ်ပြီး Relationship တစ်ခုကို တည်ဆောက်လာနိုင်တယ်ဆိုတာ ချစ်ခြင်းမေတ္တာတွေကြောင့်ပါ။ ချစ်သူအပေါ် ကျော်ထွဋ်ဆွေ စကားတစ်ခွန်းလောက်ပြော ပေးပါလို့မေးတော့ သူကရယ်ပါတယ်။ အင်တာဗျူးမေးရင်တောင် ခေါင်းငုံ့ပြီး ဖြေတတ်သလို သိပ်ရှက်တတ်တဲ့ ကျော်ထွဋ်ဆွေက သူ့ချစ်သူကို …

” လိမ္မာပါပေါ့နော်။ ကြိုးစားနေပါတယ်(ရယ်လျက်)” လို့ဆိုပါတယ်။ ဒုတိယစီးရီးခွေ ထွက်တော့မယ်၊ ထွက်တော့မယ်နဲ့ အနည်းငယ်ကြာနေတဲ့ ကျော်ထွဋ်ဆွေကို သူ့စီးရီးခွေအကြောင်းလည်း မေးဖြစ်ခဲ့ပြန်တော့ ..

” အဲဒီစီးရီးခွေက ခဏလောလောဆယ် ရပ်ထားတယ်။ ကျွန်တော့်အိမ်က အလုပ်တွေ ခိုင်းထားတာလေးတွေ အရင်လုပ်နေရ သေးတယ်။ ဒီနှစ်ပိုင်းက ကျွန်တော်ပိုက်ဆံနည်း နည်းစုတဲ့ ကိစ္စလေးတွေ လုပ်နေရသေးတယ်။ ဒါပေမဲ့ အဲဒီစီးရီးခွေက ပြီးတော့မယ်။ ပြီးတာနဲ့ ကျွန်တော်ထုတ်ဖို့ ရှိပါတယ်။ ရှေ့နှစ်တော့ မကူး ပါဘူး။ ရှေ့နှစ်ကူးသွားရင်လည်း ဟောင်းသွားလိမ့်မယ်။ ပုံစံတွေကတော့ ကျွန်တော်တို့ အခုတီးလုံး အသစ်တွေပြန်လုပ်ထားတာတွေရှိတယ်။ သီချင်းတွေကတော့ အများကြီးပဲ။ အမှန်အတိုင်းပြောရရင်တော့ သီချင်းအသစ်တွေလုပ်ထားတာ သီချင်းခွေ ၃ခွေ စာလောက်ရှိနေပြီ။ စတူဒီယိုထဲမှာချည်းပဲ။ သီချင်းတွေက” လို့ သူကပြောပါတယ်။

ကျော်ထွဋ်ဆွေဆိုတာ ဖက်ရှင်ပိုင်းကိုလည်း ခပ်မိုက်မိုက်ဝတ်တတ်တဲ့ Rapper တစ်ယောက်ပါ။ အခုချိန်မှာရော ဘယ်လိုပုံစံမျိုးကို ကြိုက်ဖြစ်နေလဲ မေးတော့ ” အသက်ကကြီးလာပြီဆို တော့ ကိုယ့်အသက်၊ ကိုယ့်အရွယ်နဲ့ လိုက်မယ့် ပုံစံတွေပဲ ရွေးချယ်ရတာ ပေါ့။ ငယ်ငယ်တုန်းက လို မျိုးဝတ်ချင်တိုင်းဝတ်လို့ မရတော့ဘူးလေ။ ကိုယ်လည်းလူကြီးဖြစ် လာပြီဆိုတော့ လူကြီးတွေ မကြိုက်တာ ဘာလဲဆိုတာသိလာပြီ။ ကိုယ်လည်း မကြိုက်တော့ဘူး သိပ်ပြီးတော့ (ရယ်လျက်)” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here