တစ်နှစ်ပတ်လုံး စာကျက်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါတယ် အိစိကွေး

0
142

Ei Si Kwaye (1)

သရုပ်ဆောင် အိစိကွေးက ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ရက်နေ့မှစတင်ကာ အ.ထ.က (၁) သင်္ဃန်းကျွန်း ကျောင်းမှာ ဝင်ရောက်ဖြေ ဆိုလျက် ရှိပါတယ်။ ဇီဝဗေဒ ဘာသာတွဲယူထားတဲ့ အိစိ ကွေးက တစ်နှစ်ပတ်လုံးစာ တွေကြိုတင် ကျက်မှတ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး ဂုဏ်ထူးကတော့ ရမယ်ဆိုရင် လိုချင်မိကြောင်း ပြောပါတယ်။ စာမေးပွဲဖြေဆိုရမှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတဲ့အိစိကွေးက…

” ကျွန်တော် တစ်နှစ်လုံးလည်း စာတွေ ကျက်လာတယ်ဆိုတော့ စာမေးပွဲခန်းထဲရောက် သွားရင်တော့ စာတွေက သူ့အလိုလိုထွက်လာမှာပါ။ ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်မှု ရှိပါ တယ်။ လောလောဆယ်တော့ နည်းနည်း ကြောက်နေတယ်။ဒီနေ့ဖြေဆိုမယ့် မြန်မာစာကတော့ ကြောက်နေရမယ့်ထဲမှာတော့ မပါပါဘူး။ အမှန်အတိုင်းပြောရရင် ဘယ်ဘာသာမှ သိပ်မကြောက်ဘူး။ စာတွေအကုန်လုံးကလည်း ရနေ ပြီးသားပဲ။ မြန်မာစာကတော့ အမြဲတမ်းကျောင်းမှာဆိုလည်း အမှတ်အမြဲတမ်းများတယ်ဆိုတော့ ထူးထူးခြားခြား ကြောက်တာမျိုး မရှိပါဘူး။ ဂုဏ်ထူးကတော့ လိုချင်ပါတယ်” လို့ပြောပါတယ်။

အိစိကွေး က အမေ့အိမ်ကိုယ်ပိုင်အထက်တန်း ကျောင်းမှာ စာသင်ကြားခဲ့တာဖြစ်ပြီး တစ်နှစ်ပတ်လုံး စာကြိုးစားကျက်မှတ်ခဲ့ပုံကိုတော့…

“မနက် ၅ခွဲဆိုအိပ်ရာထပြီး ၆နာရီထိုး ကျောင်းအရောက်သွားတယ်။ ကျောင်းမှာ ဆရာမ နဲ့ အရင်ဆုံး one by one သင်တယ်။ စာသင်ပြီးသွားမှ စာကျက်ဝိုင်း အချိန်စတယ်။ ပြီးသွားရင် ကျောင်းချိန်စတယ်။ ညနေ ၅နာရီလောက်မှ ကျောင်းကဆင်းတယ်။ အိမ်ပြန် ရောက်တယ်။ အိမ်ပြန်ရောက်ရင် guide နဲ့ ၆နာရီကနေ ၈ နာရီထိ စာလုပ်တယ်။ ၈နာရီခွဲမှာ ထမင်းစားပြီး တာနဲ့ ကျောင်းစာတွေထပ်လုပ်တယ်။ အဲဒီလို တစ်နှစ်လုံး စာလုပ်ဖြစ်ပါတယ်” လို့ပြောပါတယ်။စာမေးပွဲဖြေဆိုနေတဲ့ အတွက် ဝိုင်းဝန်းဆု တောင်းပေးကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်မိပြီး ပရိသတ်တွေဆုတောင်းပြည့်အောင် အကောင်းဆုံး ကြိုးစားဖြေဆိုသွားပါ့မယ်လို့ အိစိကွေးကပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here