သင်္ကြန်အပြီးမှာ Model Agency ဖွင့်မယ့် အလှမယ် ထက်ထက်ထွန်း

0
158

Htet-Htet-Tunထက်ထက်ထွန်းက လက် ရှိမှာ Event Management  ကုမ္ပဏီ ထောင်ထား တဲ့အပြင် တက်သစ်စ မော်ဒယ်လ် လေး တွေအတွက် လည်း Model Agency တစ်ခု ဖွင့်လှစ်ဖို့ လည်း အစီအစဉ် ရှိတယ်လို့ သိရပါ တယ်။

“ညီမ မော်ဒယ်လ် စလုပ် တုန်း ကလည်း အခက်အခဲတွေ အများ ကြီးရှိခဲ့တယ်။ အခု ညီမ အတွေ့အ ကြုံတွေလည်း ရှိလာပြီး နိုင်ငံ ကိုယ်စား ပြု တစ် ယောက်အနေနဲ့လည်း မြန်မာနိုင်ငံ အတွက် ဘာလုပ် ပေးရ မလဲလို့ စဉ်းစားတဲ့ အချိန်မှာ နောက် တက် လာမယ့် လူငယ်တွေ အတွက် တကယ် အရည် အချင်းရှိတဲ့ လူငယ်တွေ ပေါ်ထွက်လာဖို့ အတွက် ဆိုတဲ့ စိတ်လေးနဲ့ Model Agency  ထောင်ဖို့ ရည်ရွယ် လိုက်တာပါ။ အခု ညီမကလည်း  Event Management ကုမ္ပဏီတစ်ခု ထောင်ထားပြီးသားဆို တော့ နောက်ထပ် အခွဲ တစ်ခု အနေနဲ့ ထောင်ဖြစ်မယ့် သဘောပါ။ Model Agency ကိုတော့ သင်္ကြန်အပြီး လောက် ဖွင့်လှစ်နိုင်အောင် ညီမ စီစဉ်နေ ပါတယ်”လို ထက်ထက်ထွန်းက ပြောပါတယ်။

အလှမယ် ထက်ထက်ထွန်းက အသားငါးမစားဘဲ သက်သတ်လွတ် စားနေတာ တစ်နှစ်ကျော်ပြီ ဖြစ်ပြီး သက်သတ် လွတ် စားခြင်းကို ရာသက်ပန် ပြုလုပ်သွားဖို့ အစီအစဉ် ရှိတယ် လို့ သိရပါတယ်။

တိရစ္ဆာန်လေးတွေကို ချစ်ခင်တာကြောင့် မစား သင့်ဘူး ဆိုတဲ့ စိတ်ဝင်သွားပြီး မစားတော့တာ ပါလို့ ထက်ထက်ထွန်းက ပြောပါ တယ်။ သက်သတ်လွတ် စားရခြင်း နဲ့ ပတ်သက်ပြီး …

“ညီမက တိရစ္ဆာန်လေးတွေကို ချစ်တယ်။ တိရစ္ဆာန်တွေကို သတ်တဲ့ Video File  တွေကြည့်မိတော့ ညီမ ဆုံးဖြတ် လိုက်တယ်။ ကိုယ်ချစ်တဲ့ အရာကို ဘယ်သူမှ သတ်လေ့သတ်ထ၊ စားလေ့စားထမရှိဘူး။ ဒါကြောင့် မစားသင့်ဘူး ဆိုတဲ့ စိတ်လေးဝင်သွားတယ်။ သူတို့ကို သနားလို့၊ ချစ်လို့ မစားဖြစ်တော့တာပါ။ အရင်ကဆို ညီမအမဲသား တအားကြိုက်တယ်။ ညဘက် အဲဒီ Video File ကြည့် ပြီး နောက်နေ့ မနက် မစားဖို့ ဆုံးဖြတ် လိုက်တယ်။ အခုထိလည်း အသား မြင်ရင် ကိုယ်နဲ့ မဆိုင်သလိုမျိုး ဖြစ်ပြီး မြင်ရက်နဲ့ စားချင်တာမျိုး မဖြစ်တော့ ပါဘူး။ Miss Universe သွားပြိုင် တုန်းကလည်း သက်သတ်လွတ် စားတော့ နည်းနည်း အခက်အခဲ ရှိပါတယ်။ ကိုယ်က Vegetarian  ဆိုပြီး သီးသန့်ကြီး မစီစဉ်ခိုင်းချင်ပါဘူး။ သူတို့ဘက် ကလည်း သက်သတ်လွတ် လို့ သိတဲ့အခါ ပြင်ဆင်ပေးပါတယ်။ ကိုယ့်ဘက် က Cover လုပ်ပြီး သူတို့ကို မပြောခဲ့ပါဘူး။ ဒါပေမဲ့ Salad နဲ့ Posta ပဲ အမြဲ စားတော့ ကြာတော့ အီလာတယ်။ ခန္ဓာကိုယ် ထိန်းသိမ်း ဖို့ကို အများကြီး အထောက်အပံ့ ရခဲ့ပါတယ်” လို့ ထက်ထက်ထွန်းက ပြော ပါတယ်။

အလှမယ် ထက်ထက်ထွန်းက Miss Universe Myanmar 2016 ဆုရှင် တစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မှာ ကျင်းပပြုလုပ်တဲ့ ၆၅ ကြိမ်မြောက် Miss Universeပြိုင်ပွဲကြီး မှာလည်း National Costume  ဆုကို ဆွတ်ခူး ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here