ဖက်ရှင်ပိုင်း ကို ရိုးလည်းမရိုး၊ ရိုင်းလည်း မရိုင်းတဲ့ ဖက်ရှင်မျိုး ၀တ်ဆင်ဖြစ်သူ ဖွေးဖွေး

0
158

Phwe-Phwe-(1)ဖက်ရှင်တွေကို အမြဲတမ်း ဆန်းသစ်အောင် ဝတ်ဆင်လေ့ရှိတဲ့ သရုပ်ဆောင် ဖွေးဖွေးက အနုပညာရှင်တွေ အတွက် ဖက်ရှင်က အရေး ပါတဲ့ အတွက် သူ့ရဲ့ဖက်ရှင်ပိုင်း ကို အမြဲတမ်း ဂရုစိုက်ဖြစ် တယ်လို့ ပြောပါတယ်။

“အနုပညာရှင်တွေ အတွက် ဖက်ရှင်က ၇ဝရာခိုင်နှုန်း လောက် အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်က ကိုယ့်ရဲ့ အနုပညာကို မမြင်ခင်မှာ ရုပ်နဲ့ ဖက်ရှင်ကို အရင် မြင်မှာလေ။ အတုယူ မှားသွားတာလည်းဖြစ်နိုင်တယ်။ ကိုယ့်ကို Idol  ဖြစ်နေတဲ့ ကလေးတွေလည်း ရှိတယ် ဆိုတော့ ဖွေးက ဖက်ရှင် ကိုတော့ ဂရုစိုက်ပါတယ်။ ဖက်ရှင်ကို တအားကြီး လည်း မရိုးအောင်၊ တအားလည်း မရိုင်းအောင် ဝတ်ဖြစ်ပါတယ်”  လို့ ပြောပါတယ်။

ဇာတ်ကား ရိုက်ကူးတဲ့ အခါမှာလည်း ဇာတ်ရုပ် နဲ့လိုက် ဖက်တဲ့ ဖက်ရှင်ကို စဉ်းစား ဖြစ်ကြောင်း ကိုလည်း ဖွေးဖွေးက…

“ဖက်ရှင်ကတော့ ဇာတ်ကား ကာရိုက်တာ ပေါ်မူတည်ပြီး အတတ်နိုင်ဆုံး၊ အကောင်း ဆုံးကြိုးစားပြီး လုပ်တာ များပါတယ်။ ဒီ ဇာတ်ကား ရိုက်ကူးမယ် ဆိုရင် အဲဒီ အချိန်မှာဖြစ်တဲ့ ကာရိုက်တာ နဲ့ လိုက်ဖက်အောင် စဉ်းစားပြီး လုပ်ပါတယ်။ ဖက်ရှင်ကလို အပ်မှ လုပ်တယ်။ တအား လှရမယ့် ဇာတ်ကားတွေ ရှိ တယ်။ တစ်ခါတလေ တအား မလှရမယ့် ဇာတ် ကားတွေရှိတယ်။ အမြဲ တမ်းကြီး လှဖို့လည်း မလို ဘူး။ ဖွေးကတော့ ကာရိုက် တာကို ကြည့်လိုက်တာပါ ပဲ”လို့ ပြောပါတယ်။

ဖွေးဖွေးက မတ်လ ၁၈ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မယ့် အကယ်ဒမီပေး ပွဲမှာ အကယ်ဒမီ ဆုရရှိမယ့် အနု ပညာ မောင်နှမတွေ ကို အားပေးဖို့ တက်ရောက်မှာ ဖြစ် ကြောင်းပြောပါတယ်။

ဒီနှစ် အကယ်ဒမီပွဲတက် ဖက်ရှင်နဲ့ ပတ်သက်ပြီး ဖွေးဖွေးက…

“ဖွေးရဲ့ အကယ်ဒမီပွဲဖက်ရှင်ကတော့ ဒီနှစ်ဒီဇိုင်နာ အသစ်နဲ့ ချုပ်ဖြစ်မှာပါ။ Jewellery စိန်နန်းတော်ပါ။ အကယ်ဒမီ ဖက်ရှင် ကတော့ ပေါ့ပေါ့ပါးပါး လေးပါပဲ။ ဒီနှစ်မှာ ဖွေး ပေါ့ပေါ့ပါးပါးလေး ဝတ်ချင်တယ်။ ရှင်းရှင်း လေးဝတ် ချင်တယ်။ ဒီဇိုင်နာကိုပဲ ပုံအပ်ထား ပါတယ်။ သိပ်ပြီး ဝင်မပါပါ ဘူး” လို့ပြောပါတယ်။

အခု လတ်တလောမှာ ဖွေးဖွေး က ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကို အလင်းရောင်၊ သင်ဇာဝင့်ကျော် တို့နဲ့ အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ ဖွေးဖွေးက ပြည့်တန်ဆာ မိန်းကလေးတစ်ဦး အနေနဲ့ သရုပ်ဆောင်မှာ ဖြစ်ပြီး ဇာတ်ရုပ်နဲ့ လိုက်ဖက်မှုရှိအောင် ခန္ဓာကိုယ် အလေးချိန်ကို ၁၄ပေါင် ဝိတ်ချခဲ့သလို ဇာတ်ရုပ်ပီ ပြင်မှုရှိစေဖို့ အတွက်လည်း PSI  အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ပြည့်တန်ဆာ မိန်းကလေး တွေနဲ့ အပြင်မှာ တွေ့ဆုံစကား ပြောဖို့လည်း စီစဉ်ခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here