ရွှေမှုန်ရတီ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရတဲ့ ဇာ တ် ကား အေ ကြာ င်း

0
204

Shwe Hmone

မကြာခင် ရုံတင်ပြသတော့မယ့် “မာယာစတိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေမှုန်ရတီလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ရွှေမှုန်ရတီ က…” ဒီဇာတ်ကားရိုက်ကူးရမယ်ဆိုတော့ နည်းနည်းကြောက်တယ်။ အဲဒီဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ်သိတယ်။ အရမ်းထိန်းထားရတယ်။ မြင်နေကျမဟုတ်တော့ ဒီလိုမျိုး မျက်နှာပုံစံကို ချိန်းသွားတဲ့အချိန်မှာ ဦးညီရအောင် ချိန်းပေးသွားတယ်။ မျက်လုံး၊ မျက်ခုံးမကစားဖို့ အင် မတန်ကို ထိန်းထားရတယ်။ အဲဒါ ကြောင့် ဒီကာရိုက်တာက ညီမအတွက် အရမ်းခက်တယ်။ ညီမက အိုက်တင်လုပ်တာ အရမ်းမြန်တော့ ဘာလုပ်လိုက်မှန်းမသိလိုက်မှာ စိုးလို့ ထိန်းရတယ်။ ဒီဇာတ်ကားက အရမ်းလည်း ကြိုးစားရတယ်။ အ ရမ်းလည်း ပင်ပန်းတယ်။ စိတ် ရော လူရောပင်ပန်းတယ်။ ဒီဇာတ်ကား ရိုက်ကူးမယ်ဆိုတုန်းကလည်း အဖျက်တွေ အများကြီးပဲ။ ကတောက် ကဆတွေ အများကြီးဖြစ်တယ်။ အဲဒါကို တိုက် ပိုင်ရှင်လည်းသိတယ်။ ဒါရိုက်တာလည်း သိတယ်။ အကုန်သိတယ်။ ဒါပေမဲ့ အကုန်လုံးကရအောင် ကြိုး စားပြီး ရိုက်ကူးကြတယ်” လို့ ပြောပါတယ်။

ဒီနှစ် အကယ်ဒမီပေးပွဲကိုတော့ ရွှေမှုန်ရတီက ဒီဇိုင်နာ ကောင်းမြတ်ရဲ့ဝတ်စုံနဲ့တက်ရောက်မှာ ဖြစ်ပါတယ်။ ယခုနှစ် အကယ်ဒမီပေးပွဲမှာ အကယ်ဒမီတစ်ကြိုပြေး နေတဲ့ အနုပညာရှင်တွေ အများကြီး ကြားရတယ်လို့လည်းဆိုတဲ့ ရွှေမှုန်ရတီက

” ဒီနှစ်အများ ကြီးကြားပါတယ်။ ကိုထွန်းလည်းကြားတယ်။ ကိုမြင့်မြတ်လည်းကြားတယ်။ ဒါပေမဲ့ သူတို့ကို supporting လား၊ ဘယ်လို တင်ထားလဲတော့ မပြော တတ်ဘူး။ မင်းသမီးထဲက မသက်မွန်လည်းကြားတယ်။ မကစ်၊ မအေးမြတ်သူလည်း ကြားတယ်။ ရသင့်တဲ့သူတွေချည်းပဲ။ ဘယ်သူပဲရရ ညီမအပြုံးနဲ့ ဂုဏ်ပြုသွား မှာပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here