လွှမ်းပိုင်နဲ့ ဘန်နီဖြိုး သီချင်းမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ထိုင်ဝမ် မော်ဒယ် Jessica Baby Fat

0
350

_R7A5354ခန္ဓာကိုယ် အချိုးအစားကြောင့် လူမှုကွန်ရက်မှာ မြန်မာပရိသတ် အကြား ရေပန်းစားခဲ့တဲ့ ထိုင်ဝမ် မော်ဒယ် Jessica Baby Fat  က လွှမ်းပိုင်နဲ့ ဘန်နီဖြိုး သီဆိုသည့် သီချင်းမှာ ပါဝင်သရုပ်ဆောင်ဖို့ အတွက် မတ်လ ၄ရက်နေ့ မနက်ပိုင်း က မြန်မာနိုင်ငံ ကို ရောက် ရှိခဲ့ပါတယ်။ လွှမ်းပိုင် နဲ့ ဘန်နီဖြိုးတို့ ရေးသား သီဆိုထားတဲ့ အမေပြောတဲ့ အမောပြေသီချင်းကို မတ်လ ၅ရက်နေ့က ဒါရိုက်တာ အောင်မြတ် က ရိုက်ကူး ပုံဖော်ခဲ့ပါတယ်။ ထိုင်ဝမ် သီချင်းတွေ မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့  Jessica Baby Fat  က သရုပ်ဆောင် ကောင်းတဲ့သူထဲမှာ ပါကြောင်းကို Myanmar Media 7 မှ ဥက္ကဋ္ဌဖြစ်သူ ကိုဝေမင်းမောင်က…

” Jessica Baby Fat  နဲ့က ကျွန်တော်တို့ V7 Entertainment ရဲ့ ၆ပုဒ်မြောက် သီချင်းကို ရိုက်ကူးတာပါ။ ပရိသတ် တွေကို MTV  သီချင်းအသစ်ကို ချပြတာ ဖြစ်တဲ့ အတွက် အွန်လိုင်းပေါ် မှာဟစ် ဖြစ်နေတဲ့ လူတွေကို ရွေးချယ်ရိုက် ကူးတာ အကောင်းဆုံးပေါ့။ Jessica Baby Fat ကလည်း ထိုင်ဝမ်မော်ဒယ် ဆိုပေမယ့် ကျွန်တော် တို့မြန်မာ နိုင်ငံ မှာအွန်လိုင်း နဲ့ပတ်သက်ပြီးဟော့ နေတဲ့ အနုပညာရှင် တစ်ယောက် ပေါ့။ အဲဒါကြောင့် သူ့ကို တကူးတက ခေါ်ပြီး ရိုက်ကူး ဖြစ်တာပါ။ လွှမ်းပိုင် နဲ့ ဘန်နီဖြိုးကို အဘိုးကြီး ပုံစံနဲ့ ထူးထူး ခြားခြားမြင်တွေ့ရမှာပါ။ သူကလည်း ဒါရိုက်တာ ပြောတဲ့ အတိုင်း အံဝင်ခွင်ကျဖြစ် အောင် သရုပ်ဆောင်နိုင်တဲ့ အိုက် တင် ကောင်းတဲ့ သူထဲ မှာပါပါတယ်” လို့ ပြောပါ တယ်။ ဒီသီချင်းကို V7 Enter-tainment Facebook Page  မှာ မတ်လ ၁၆ ရက် နေ့ ညနေ၃နာရီမှာ အွန်လိုင်းမှာ တင် သွားမှာဖြစ်ကြောင်း သိရပါတယ်။

P060


LEAVE A REPLY

Please enter your comment!
Please enter your name here