Trois Rois လက်ဝတ်ရတနာ အတွက် ကြော်ငြာဓာတ်ပုံ ရိုက်ကူးခဲ့သူ မင်းသမီး Go Jun Hee

0
86

go-jun-heeမင်းသမီး Go Jun Hee က သူမရဲ့ လှပကျော့ရှင်းတဲ့ အလှတရားကို Trois Rois လက်ဝတ်ရတနာ ရိုက်ကွင်းမှာ ဖော်ပြလိုက်ပါ တယ်။
Trois Rois ရိုက်ကွင်းမှာ မင်းသမီးက ဆွဲကြိုး ၊ လက်စွပ် ၊ နားကပ် အစရှိတဲ့ လက်ဝတ်ရတနာ ဒီဇိုင်းမျိုးစုံ ဝတ်ဆင် ရိုက်ကူးခဲ့ပါတယ်။ လက်ဝတ် ရတနာ ဒီဇိုင်းများကြောင့် ဓာတ်ပုံများဟာ ပိုမို အသက်ဝင်လာခဲ့ပါ တယ်။ မင်းသမီး Go Jun Hee ဟာ မိတ်ကပ် ၊ လက်ဝတ်ရတနာ တို့ပေါင်းစပ်မှုကြောင့် လှပနေပေမယ့် သူမရဲ့ ဆံပင် ဒီဇိုင်းကြောင့် ပိုပြီး ပြည့်စုံသွားခဲ့တာပါ။ နောက်ပိုစ့်တွေ မှာတော့ ဂျာကက် နဲ့ အနီရောင် နှုတ်ခမ်းနီကြောင့် ဆွဲဆောင်မှု ပိုရှိခဲ့ပါ တယ်။

နောက်ပို့စ်တစ်ခု မှာတော့ မင်းသမီး က ဖြူစင်တဲ့ အသွင်ပုံစံမျိုး ပေါက်အောင် အပြာရောင်အနုလေး ကိုဝတ်ဆင်ခဲ့ပြီး အရိုး ရှင်းဆုံး လက်ဝတ် ရတနာကို ဝတ်ဆင်ခဲ့ပါ တယ်။  မင်းသမီး Go Jun Hee က ၂ဝဝ၃ ကတည်းက အနုပညာ လောကထဲကို ဝင်ရောက် လာပြီး အခုထိ အနုပညာ လုပ်ငန်း တွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here