ကလေးအမေက အလှမပြင်ရဘူးတော့ဘူးလား

0
319

khinesu

အမွှာနှစ်ယောက်မွေးပြီးတော့ သုံးလကျော်လောက်မှာ လူမှုရေးကိစ္စလေးတွေနဲ့အပြင် ထွက်ဖြစ်တော့တချို့တွေက ပြော တယ်။ ပိန်လည်း မသွားဘူးနော်တဲ့။ သူတို့စိတ်ထဲမှာ အမွှာမွေးထားတဲ့ အတွက်ဒဏ်ပိပြီး ပိန်ချုံးညှိုးနွမ်း နေတဲ့ရုပ်ကို မြင်ရလိမ့်မယ်လို့မျှော် လင့်ကြပုံရပါတယ်။ ပြီးတော့ ကိုယ့် ကိုလည်း အမွှာမွေးပြီး ဘာမှ ကိုယ်တိုင်သိပ်မလုပ်တဲ့သူမို့လို့ မပိန်တာလို့ ဆိုလိုချင်ကြတာထင်ပါရဲ့။

အဲ့ဒီမေးခွန်းရဲ့နောက်ဆက်တွဲက “ကလေးတွေကို ထားခဲ့တာလား၊ ထားခဲ့လို့ရလို့လား” ဆိုတဲ့ မေးခွန်းပါ။ ကလေးက ထားခဲ့လို့မရလောက်အောင် အသားကုန်ငိုနေ၊ ဂျီကျနေ ရင် ဘယ်အမေမှအသည်းမာမာနဲ့ ပစ်မထားခဲ့ဘူးဆိုတာ နားပဲမလည် ကြတာလား မသိပါဘူး။ ရင်းနှီးတဲ့ သူတစ်ယောက်က ” နင်က ကလေး တွေထားပြီး ဘာအပျိုလာလုပ်တာလဲ” ဆိုပြီး ပြောတာမျိုးတောင်ခံခဲ့ ရဖူးပါသေးတယ်။ ကိုယ်ကကလေး တွေထားခဲ့ရလို့ စိတ် မချဖြစ်နေရ တဲ့ကြားထဲ အဲ့စကား မျိုးကြားရတော့ ကိုယ့်ကို ကိုယ် guilty ဖြစ်သလို ခံစားရရော။ မိဘနဲ့ ယောကျာ်းက နားလည်ပေးနေပေမယ့် အပြင်ထွက် တိုင်း ကိုယ်ကအပြစ်ကြီးတစ်ခုကျူး လွန်မိနေသလိုတောင် စိတ်ထဲထင် လာမိတယ်။ခရီးထွက်ချင်ရင်လည်း “ကလေးတွေနဲ့ ဘာလို့ ထွက်မှာလဲ” သင်တန်းတက်ချင်ရင်လည်း “ကလေး ပဲဂရုစိုက်စမ်းပါ၊ ဒါတွေက အရေးမကြီးပါဘူး” ရုပ်ရှင်ကြည့် ချင်တယ်ဆိုရင် “အောင်မယ်ကလေး အမေကများ” ။ အဲ့ဒီတော့မေးချင်တာက ကလေးအမေဖြစ်သွားတာနဲ့ ကိုယ်ပိုင် ဘဝမရှိရတော့ဘူးလား။ ကိုယ်ရဲ့ ပျော်ရွှင်မှု၊စိတ်အပန်းဖြေမှု၊ ကိုယ့်ရဲ့ စိတ်သာယာမှုတွေကို မရှာဖွေရတော့ ဘူးလား။

တကယ်တော့ ကလေး အမေတွေဟာ စိတ်ဖိစီးမှု အင်မတန်များ ပါတယ်။ ဒါကို ကလေးမွေးဖူးတဲ့ သူမှပဲ နားလည်မယ်ထင်ပါတယ်။ တစ်နေ့တစ်နေ့ ကလေးကိစ္စတွေနဲ့ပဲ လုံးချာလည်လိုက်ပြီးတော့ အချိန် တွေကုန်ဆုံးနေရတာပါ။ အလုပ်လုပ် တဲ့ မိခင်ဆိုရင်လည်း အလုပ်ထဲမှာ ပင်ပန်းလာရင်တောင် အိမ်ရောက် ရင် မနားရဘဲ ကလေးအတွက် အချိန်ပေးရ သေးတာပါ။ ကလေး တစ်ယောက် မွေးထုတ်လိုက်ပြီဆို တာနဲ့ ဒီကလေးဟာ အမေရဲ့ တာဝန် သက်သက်လိုမျိုး တော်တော်များများ က သတ်မှတ်ကြပါတယ်။ တတ်နိုင်လို့ nurse ခေါ်ထားတဲ့သူဆိုရင်လည်း မိခင်မပီသသလိုလိုတောင် ထင်တတ ကြသေးတယ်။ ” သူက ကိုယ်တိုင်ကြည့်တာမဟုတ်ဘူး၊ ဆရာမငှားထားတာလေ” ဆိုပြီး မျက်စောင်းထိုးချင်ကြ သေးတယ်။

ကျွန်မကိုယ်တွေ့အရတော့ ကလေးမွေးထုတ်လိုက်တာနဲ့ ကိုယ့်ရဲ့ နဂို life style တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ရတာပါ။ အိပ်ချင်တဲ့အချိန် မအိပ်ရဘူး၊ စားချင်တာ မစားရဘူး၊ ကိုယ်လုပ်ချင်တာတွေကိုလည်း အရင်လို ထင်တိုင်းမကြဲ နိုင်တော့ပါ ဘူး။ ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့ အရာတွေအတွက်လည်း အရင်လောက် အချိန်မပေးနိုင်တော့ပါဘူး။ စာအုပ်တအားဖတ်တဲ့ ကျွန်မအခုဆို ဖတ်ဖို့ဝယ်ထားပြီး မဖတ်နိုင်သေးတဲ့ စာအုပ်ြေ<ွကးက အုပ်၅ဝ လောက်ရှိပါတယ်။ အဲ့လို စိတ်ပျော်စရာတွေ ဘေးချိတ်ထားရတဲ့ ပုံမှန် routine ကြီးထဲမှာ လည်ပတ်နေတာကြာလာတော့ လူဟာ အဲ့ဘဝကို ငြီးငွေ့လာပါတယ်။ အဲ့လိုမျိုးအတွက် break လိုကို လိုအပ်ပါတယ်။

ကျွန်မတို့ လူမှုအသိုင်းအဝိုင်းဟာ လူတစ်ယောက်ကို ခဏတဖြုတ်မြင်ရတဲ့ အခြေအနေနဲ့ပဲ တိုင်းထွာပြီး မှတ်ချက်ချလေ့ရှိကြတာများပါ တယ်။ ကလေးအမေတစ်ယောက် အပြင်ထွက်လာပြီဆိုတာနဲ့ သူ့ကို အပြစ်တန်းမြင်လိုက်ကြတာပဲ “ဟယ်…ကြည့်စမ်း…ကလေးတွေထားပြီး လျှောက်သွားနေတယ်”ပေါ့။ တကယ်တော့ သူအပြင်ထွက်တာဟာ သုံးလလောက် အိမ်တွင်းမှာ ကလေးဝေယျာဝစ္စတွေနဲ့ နပန်း လုံးပြီး တစ်ရက်တစ်လေလေး စိတ် ပြေလက်ပျောက်ထွက်တာလည်း ဖြစ်နိုင်တာပဲ။ shopping centre တွေ့တာနဲ့ အားအားယားယားလမ်းသလားနေတာပဲလို့တွေးမယ့် အစားလိုတာရှိလို့ လာဝယ်တာလို့ ဘာလို့ မတွေးပေးနိုင်ရမှာလဲ။

ပြီးတော့ ကလေးအမေတစ် ယောက်ကို လှတပတပြင်ပြင်ဆင်ဆင်လေး မြင်ပြီဆိုတာနဲ့ သူဟာ မိခင်တာဝန်မကျေပွန်တဲ့သူလို့ တန်း ပြီး ကောက်ချက်ဆွဲကြတာကို အမုန်း ဆုံးပဲ။ တကယ်တော့ ကလေးအမေ တွေဟာ အပျိုတုန်းကထက် အလှအပကို ပိုဂရုစိုက်သင့်ပါတယ်… ပြီးတော့ တချို့တွေက ကလေး မွေး ပြီးမှ ပိုလှချင်ကြတာ။ (ကျွန်မ အပါအဝင်ပေါ့လေ)။ ဘယ်လောက်ပဲ လှပါသေးတယ်ပြောပြော၊ ကလေးတစ်ယောက်မွေးလိုက်ခြင်းအားဖြင့် ကိုယ်ဘယ်လောက်တောင် ရွဲသွားတယ်၊ ကျသွားတယ်ဆိုတာ ကိုယ့် ကိုယ်ကိုယ်သာ အသိဆုံးကိုး။ ကိုယ့်ဟာကိုယ် တိတ်တိတ်လေး အားငယ် နေကြတာပါ။ ကိုယ်တွေကို အပြင်မှာ hot-shot ပုံစံလေးနဲ့ တစ်ခဏမြင်ရပေမယ့် အိမ်မှာနေ့တိုင်း ခေါင်းစုတ်ဖွား၊ ညဝတ်အင်္ကျီအနွမ်းနဲ့ ကလေးဝေယျာဝစ္စတွေ ကုန်းရုန်းလုပ်နေရတဲ့သူတွေပါ။

စိတ်ပြေလက်ပျောက် အလှပြင်ဆင်ပြီး လမ်းထွက်လိုက်တာဟာ စိတ်ထဲမှာရှိနေတဲ့ daily routine ငြီးငွေ့မှုကို အများကြီးသက်သာသွားစေပါတယ်။ လှတယ်လို့ အပြောခံရရင် self-confidence တောင် တိုးလာပါသေးတယ်။ “ငါ့ဘဝကြီးတော့ ချောင်ပိတ်မိနေပါပြီ” ဆိုတဲ့ အတွေးမျိုးကနေလည်း ရုန်းထွက်လာ နိုင်ပါတယ်။ အပြင်ထွက်လည်မှ မဟုတ်ပါဘူး၊ ကိုယ်ဝါသနာပါတာလေး(ဥပမာ- စာအုပ်ဖတ်တာ၊ ဇာတ် လမ်းကြည့်တာ၊ သိုးမွှေးထိုးတာ၊ အားကစားလုပ်တာစသဖြင့်)ကို ခဏတဖြုတ် အချိန်ပေးပြီးလုပ်ပေးတာဟာ baby blues ကုစားပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကလေးအမေတွေအနေနဲ့ ၂၄နာရီတစ်ရက်မှာ အိပ်ချိန် ၆နာရီ နုတ်ပြီး ကျန်တဲ့၁၈နာရီလုံးလုံး ကလေးထိန်းနေမယ့်အစား ကိုယ့်အတွက် အချိန်တစ်နာရီ၊ နှစ်နာရီ လောက်တော့ ပေးသင့်ပါတယ်။ အဲ့ဒီအချိန်မှာ shoppingထွက်တာ၊သူငယ်ချင်းတွေနဲ့တွေ့တာ၊၊ ခင်ပွန်းသည်နဲ့ မုန့်ထွက်စားတာ၊ စာအုပ်ဖတ်တာလိုမျိုး ကိုယ့်စိတ်အပန်းပြေမှာ လေးတွေကို လုပ်ဖို့လိုပါတယ်။ ပြင်ပြင်ဆင်ဆင်လေးနဲ့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိနေအောင်လည်း တည် ဆောက်နေဖို့လိုပါတယ်။ အိမ်မှုကိစ္စ နဲ့ကလေးထိန်းဂျူတီဝင်တဲ့ အချိန်တွေမှာ အပြည့်အဝဂရုစိုက်သလို ကိုယ့်အတွက်လည်း သီးသန့်အချိန်ပေးပြီး ကိုယ်စိတ်ပျော်ရာလေး တွေ လုပ်ဖို့မမေ့ပါနဲ့။

Mommies , we deserve it
ခိုင်ဆုဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here