၁ဝနှစ် အကြာမှာ ပရိသတ်တွေကို ပြန်လည်ဖျော်ဖြေမယ့် မင်းမော်ကွန်းတို့ မြေပဲယို

0
277

Min-Maw-Kunသရုပ်ဆောင်၊ အဆိုတော် မင်းမော်ကွန်းပါဝင်တဲ့ မြေပဲယို အဖွဲ့ဟာ မန္တလေးမြို့တွင် ဧပြီလ ၁ရက်နေ့မှာ ကျင်းပ မယ့် Back To Millennium ဂီတဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေ သွားမှာဖြစ်ကြောင်း သိရပါတယ်။ အခုလိုပွဲမှာ မြေပဲယို အဖွဲ့အနေနဲ့ ပါဝင်ဖျော် ဖြေဖြစ်ခဲ့ပုံကိုတော့ မင်းမော်ကွန်းက

“ဂိုဏ်းချုပ်က အတင်း အကူအညီတောင်း လို့ပါ။ မြေပဲယိုအရင်တုန်းက နာမည်ကြီးခဲ့တဲ့ သီချင်းလေးတွေ ပြန်သီဆိုမယ်။ အခုသီချင်း တွေ ၉ပုဒ်၊ ၁ဝပုဒ်လောက်တော့ တိုက်ထား တယ်။ ဒီပွဲမှာ မြေပဲယို အဖွဲ့ လူသိပ်မစုံဘူး။ ကျော်သူစိုးဆိုရင် ဆက်သွယ်လို့ မရဘူး။ သူကရန်ကုန်မှာ လည်းမရှိဘူး။ နိုင်ငံခြားကို ရောက်နေလို့ပါ။ လူမစုံပေမယ့်လည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွား မယ်။ ကျွန်တော်တို့ ၁ဝနှစ်လောက် ကြာမှ ပြန်ဖျော်ဖြေတဲ့ ပွဲလည်းဖြစ်တယ်။ မဆုံဖြစ် တာ ကြာပြီဖြစ်တဲ့ ပရိသတ်တွေနဲ့ ပြန်ဆို ရမှာ ဖြစ်တဲ့အတွက် ရင်ခုန်ပါတယ်” လို့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ အခုလတ်တလော မှာ မင်းမော်ကွန်းက မဟော်ဂနီ ရုပ်ရှင် ထုတ်လုပ် ရေးကနေ ထုတ်လုပ် ရိုက်ကူးပြီး ဒါရိုက်တာပွင့်သိင်္ဂီ ဇော် စိတ်ကူးပုံဖော် ရိုက်ကူးနေတဲ့ “Play Boy” ဆိုတဲ့ ဟာသရုပ်ရှင် ဇာတ်ကားကြီးကို အလင်း ရောင်၊ ခိုင်သင်းကြည်၊ အားဝေ၊ ဟန်လေးစတဲ့ အနုပညာရှင် များစွာတို့နဲ့ ပါဝင် ရိုက်ကူးနေပါတယ်။ ဆက်လက်ပြီးလည်း ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးသွားဖို့ ရှိနေကြောင်း ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here