ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှာရှိတဲ့ တရားရုံးတွေကို သင်္ကြန်ကာလမှာ ဖွင့်လှစ်ထားပြီးတော့ အမှုတွေကို နေ့ချင်းပြီး စစ်ဆေးအမိန့်ချ သွားမယ် လို့ ရန်ကုန်တိုင်း တရား လွှတ်တော် တိုင်းတရား ဦးစီးမှူး ဒေါ်မြသွေးက ပြောပါတယ်။ “သင်္ကြန်တွင်း ဖြစ်တဲ့ အမှုတွေကို ချက်ချင်း စစ်ဆေး အရေးယူသွားမယ်။ ပြဿနာ တစ်ခုဖြစ်ရင် ချက်ချင်းလာ တိုင်ကြပါ” လို့ ဒေါ်မြသွေးကပြောပါတယ်။ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်း မြို့နယ်မှ အပ ကျန်၄၄ မြို့နယ်မှာရှိတဲ့ တရားရုံးတွေ ဖွင့်လှစ် ထားမှာဖြစ်ပြီး ယခင်တရားရုံး နေရာပဲ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အဲဒီ တရားရုံးတွေကို ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီးချူပ်၊ တိုင်းတရားရေး ဦးစီးမှူး၊ခရိုင် တရားသူကြီးတို့က ကြီးကြပ် ကွပ်ကဲသွားမှာ ဖြစ်ပြီး တော့တရား ရုံးတွေရဲ့ စီရင်ချက်တွေ ကို တရား လွှတ်တော်သို့ နေ့ချင်း တင်ပြရမှာဖြစ်ပါတယ်။
“သင်္ကြန်ကာလမှာ အဖြစ်များတဲ့ မူးယစ် ရမ်းကားမှုတို့ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်မှုတို့ကို မြန်မြန် ဆန်ဆန်နှင့် ဥပဒေ အတိုင်း အပြစ်ပေး သွားမှာပါ” လို့ သင်္ကြန် တွင်းကာလ ဆောင်ရွက်မယ့် အနေ အထားကို ဒေါ်မြသွေးက ပြော ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ရုံးကလည်း မြို့နယ် ဥပဒေရုံး တိုင်းမှာ တာဝန်ကျ ဥပဒေအရာရှိ တစ်ယောက်နဲ့ ဝန်ထမ်းတစ် ယောက် စီတို့ကိုလည်း တာဝန်ချ ပေးထားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ရန်ကုန် တိုင်းရဲတပ်ဖွဲ့ကလည်း သင်္ကြန် ကာလမှာ မှုခင်းဖြစ်ပွားမှု လျော့ နည်းစေဖို့ အတွက် လုံခြုံရေး တိုးမြှင့် ချထားပေးမယ်လို့ ၄င်းက ပြောပါ တယ်။
လင်းဟိန်း၊ သီဟ