Argentina လမ်းတွေပေါ်မှာ လက်တွဲလမ်းလျှောက်ရင်း ပျော်ရွှင်နေတဲ့ Selena Gomez နဲ့ The Weeknd

0
216

selena-gomez-and-the-weekend-kissThe Weeknd  အတွက် အထီးကျန်နေရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ။ သူရဲ့ ဂရမ်မီဆု ပိုင်ဆိုင်တဲ့ပေါ့ အဆိုမလေး Selena Gomez က တနလာင်္နေ့ နေ့လယ်မှာ သူနဲ့အတူ  Argentina လမ်းမတွေ ထက်မှာ လက်တွဲပြီး လျှောက် လည်ခဲ့ပါတယ်။ နိုင်ငံကျော် အဆိုတော် နှစ်ဦးဖြစ်တဲ့ သူတို့တွေဟာ ကမ္ဘာ အနှံ့ကို ပြီးခဲ့တဲ့ အပတ်ကမှ လျှောက်လည် ခဲ့ကြပြီး သွားရောက်ခဲ့တဲ့ နေရာတွေ ကတော့ Venice, Amsterdam, Bogota Sao, Paulo နဲ့ Buenos Aires  တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။ “Starry” အဆိုရှင် The Weeknd  က သူရဲ့ တတိယ အယ်လ်ဘမ် အတွက် ကမ္ဘာအနှံ့ ဖျော်ဖြေရေး အစီအစဉ် အတွက် ကနေဒါ နဲ့ အမေရိကကို သွားရောက်မယ်လို့ သိရပါတယ်။ မသွားခင်မှာ သူတို့စုံတွဲက ကိုယ်ပိုင် အားလပ်ချိန်တွေ ကို အတူတူ သာမန် စုံတွဲတွေလို လမ်းမတွေထက်မှာ လက်တွဲ လမ်းလျှောက်ရင်း ဟာသတွေ ပြောပြီး ရယ်မောလိုက်၊ ဓာတ်ပုံတွေ ရိုက်လိုက်နဲ့ ပျော်ရွှင်နေပါတယ်။

သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးကို လွန်ခဲ့တဲ့ ၂ လကမှ ပရိသတ်ထံ ချပြခဲ့တာပါ။ အတွင်းသတင်းအရ  The Weeknd က Selena  နံဘေးမှာရှိပေးနေတဲ့အတွက် တအားကို ဂုဏ်ယူနေ ပါတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here