ရိုက်ကွင်းပေါ်မှာ အလွဲတွေကြုံခဲ့တဲ့ ခင်ဝင့်ဝါ

0
313

Khin-Wint-Warဒါရိုက်တာသြရသ ရိုက်ကူးတဲ့ “တိမ်တိုက်တံတား” ရုပ်ရှင် ဇာတ်ကားမှာ နေတိုး၊ ထွန်းထွန်း၊ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ တို့နဲ့ အတူ ခင်ဝင့်ဝါလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဆရာဝန်မလေး အဖြစ် သရုပ်ဆောင်ထားပြီး ဒီဇာတ်ရုပ်က သူသဘော အကျဆုံး ဇာတ်ရုပ် ဖြစ်ကြောင်း ပြောပါတယ်။

“တခြား ဇာတ်ကားတွေနဲ့ ရိုက်ကူးရတာ ဖီလင်မတူဘူး။ ဒီဇာတ်ကားကို ရိုက်ကူးရတာ ပိုသဘောကျတယ်။ အကုန်လုံး က လည်း တော်တော်လေး ကြိုး စားပြီး ရိုက်ကူး ထားကြတယ်။ အသစ်အဆန်းလည်း ဖြစ်တယ်။ လိုကေး ရှင်းတွေက လည်း တော်တော်လေး လှပတယ်။ ကလော၊ အောင်ပန်းက တကယ် ရှုခင်းလှတဲ့ နေရာတွေ၊ တကယ်ဝေးလံပြီး လမ်းကြမ်းပေမယ့် ရှုခင်း လှတဲ့နေရာ တွေမှာ သွားရိုက် ကူးကြတာပါ။ ဇာတ်လမ်း ကတအား ကောင်းတယ်။ ကိုယ့် အတွက်လည်း လုပ်ကွက် ရှိတယ်။ ညီမလည်း ဒီဇာတ်ရုပ်ကို တအား သဘောကျ တယ်” လို့ ပရိသတ်တွေ အတွက် အသစ် အဆန်း ဖြစ်စေမယ့် ဇာတ်ကား ဖြစ် ကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးရတာ ပျော်စရာ လည်းကောင်းခဲ့သလို ရိုက်ကွင်းပေါ်မှာ အမှတ်တရ အလွဲတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

“အလွဲလေးတွေလည်း ရှိတယ်။ တစ်ခါ တလေကျရင် ဒိုင်ယာလော့ခ် ချတဲ့အခါ ကိုယ့် ဒိုင်ယာလော့ခ် မဟုတ်လည်း လိုက် ကျက်မှတ်ပြီး လိုက်ပြောမိတယ်။ နာမည်တွေ မှားမှား ခေါ် မိတယ်။ မှတ်မှတ်ရရ ဆိုရင် ကလောမှာ တအား အေးတယ်။ ညတိုင်းလိုလို Night Scene ရိုက်ကူးရတယ်။ ပျော်ဖို့လည်း ကောင်းတယ်။ အမှတ် တရတွေလည်း အများကြီး ရှိခဲ့တဲ့ ဇာတ် ကားပါ” လို့ အမှတ်တရ များစွာ ရှိခဲ့ ကြောင်း ပြောပါတယ်။

ဗီယက်နမ် မင်းသမီးနဲ့အတူ တွဲ ဖက် သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်း တွေလည်း ပါဝင်ပြီး ဗီယက်နမ် မင်း သမီး အပေါ် သူ့ရဲ့အမြင် ကို မေး တော့ “သူနဲ့ ရိုက်ကူးမယ်ဆိုတော့ meeting တွေလုပ်ကြတယ်။ သူ ကလည်း သဘော ကောင်းပါတယ်။ အိုက်တင်တွေကို ဒါရိုက်တာက မကြိုက်မချင်း သူက စိတ်ရှည်လက် ရှည် ပြန်လုပ်ပေးတယ်။ အပေးအယူ မျှပါတယ်။ သူနဲ့တွေ့တဲ့ အခန်း မှာတော့ အင်္ဂလိပ် လို ပြောပြီး သရုပ် ဆောင်ရတယ်” လို့ပြောပါတယ်။

ခင်ဝင့်ဝါ က “တိမ်တိုက်တံတား” ရုပ်ရှင် ဇာတ်ကားပြီးတဲ့နောက် ကလော မြို့မှာ ဇေရဲထက် နဲ့ဗီဒီယို ဇာတ်ကား ၂ကား ရိုက်ကူးဖြစ်ခဲ့ပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here