အမေရိကမှာ သင်္ကြန်ကို ဖြတ်သန်းမယ့် ဝင်းသပြေထွန်း

0
259

Winthapyay Tun (2)

EAST – WEST CENTER ရဲ့ဖိတ်ကြားချက်အရ ရုပ်သေးပညာရှင် ဆရာမဒေါ်မမနိုင်တို့နဲ့အတူ ဝင်းသပြေထွန်းက အမေရိကကို မတ်လ၂၉ရက်နေ့က ထွက်ခွာသွား ပြီဖြစ်ပါတယ်။ ဒီခရီးစဉ်ကတော့ မြန်မာ့ရုပ်သေးဖျော်ဖြေရေးခရီးစဉ်ဖြစ် ပြီး အမေရိကနိုင်ငံအပြင် ထိုင်း၊ ထိုင်ဝမ်၊ ဟိုနိုလူလူ(ဟာဝိုင်ယီကျွန်း)၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ကိုပါ ရောက် ရှိမှာဖြစ်ပါတယ်။ ဟိုနိုလူလူကိုအရင်သွားရောက်ကြမှာဖြစ်ပြီး အဲဒီ့မှာ ကပြဖျော်ဖြေပြီးရင်တော့ LA ကိုသွားရောက်ကြ မှာဖြစ်ပါတယ်။ သင်္ကြန်ကိုတော့အမေရိကမှာဖျော်ဖြေရင်း ဖြတ်သန်းမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေရေးခရီးမှာတော့ မောင်ဖြစ်သူလည်း လိုက်ပါသွားခဲ့ပြီး မောင်နှမနှစ်ယောက်ဖျော်ဖြေတင်ဆက်မှုတွေလည်းပါဝင်ကြောင်း သိရပါတယ်။ ဖျော်ဖြေ ရေးအကြောင်းနဲ့ သင်္ကြန်ကို ပြည်ပမှာ ဖြတ်သန်းရမယ့် ခံစားမှုကိုမေးကြည့်တဲ့အခါမှာတော့ ” ညီမ မောင်လေးနဲ့ “တူနှစ်သွယ် ဦးရွှေရိုးဒေါ်မိုး” ကပြတင်ဆက်မယ်။ ပြီးတော့ ညီမက ရုပ်သေးနဲ့အပြိုင်ကရမယ်။အရင်ကလည်းသင်္ကြန်ကို တအားကြီးကဲမယ်လို့ စိတ်ကူးမရှိတော့ သိပ်တော့မထူးဆန်းဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်နေရာ ကိုယ့်ဒေသမှာတော့ သူများပျော်တာကြည့်ပြီး ကိုယ်လည်းပျော်တာပေါ့။ အခုနှစ်ကတော့ သူများတွေပျော်တာဖေ့စ်ဘုတ်မှာပဲ ကြည့်ပြီးအလွမ်းစိတ်တော့ဖြစ်မိမှာပါပဲ” လို့ ဝင်းသပြေထွန်းက သူ့ရဲ့စိတ်ခံစားမှုကို ပြောပြပါတယ်။ ဝင်းသပြေထွန်းတို့က မတ်လ ၁၈ ရက်နေ့မှာ ပြန်လည်ရောက်ရှိကြမယ်လို့ သိရပါတယ်။ သူ့အနေနဲ့ကတော့ ပြည်ပဖျော်ဖြေရေးခရီးစဉ်ဆိုရင်နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်ကို သွားရောက်ဖျော်ဖြေခဲ့ပြီးပြီဖြစ်ပါတယ်။

လင်းအက္ခရာ ၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here