Birthday Surprise ကြောင့် ပျော်ရွှင်ခဲ့ရတဲ့ ဖြိုးလေး (Snare)

0
226

Phyo Lay (1)

လွန်ခဲ့တဲ့ တစ်ပတ်က ကျရောက်ခဲ့တဲ့ ဖြိုးလေး (Snare) ရဲ့ မွေးနေ့က Birthday Surprise တွေနဲ့ တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်။ ည ၁၂ နာရီမှာ ထင်မှတ် မထားပေမယ့် အံ့သြသွားအောင် Birthday Surprise လုပ်ပေးခဲ့သူကြောင့် ပျော်ရွှင်ခဲ့ရတယ်လို့ ဖြိုးလေးက ပြောပါတယ်။

” Susprise က ည ၁၂နာရီမှာ ကျွန်တော့်ကို ဘာမှမပြောဘဲနဲ့ သူတို့ Birthday လေးစီစဉ်ပေးထားတာပါ။ အရမ်းလည်း အံ့သြသွားရပါတယ်။ မထင်ထားဘူး။ အဲဒီအချိန်မှာ ကျွန်တော့်ကို Susprise လုပ်ပေးတယ်။ ခံစားချက်ကတော့ပျော်တယ်။ တော်တော်ကို အမှတ်တရလည်း ဖြစ်ပါတယ်။ ပျော်ဖို့ကောင်းပါတယ်” လို့ဖြိုးလေးက ပြောပါတယ်။ တစ်ခါက အင်တာဗျူးခဲ့တဲ့အတိုင်း ကျွန်တော့်မွေးနေ့မှာ အလှူဒါနတွေပြုလုပ်ဖို့ ရည်ရွယ်ထားတာလေး တွေရှိပါတယ်လို့ ပြောခဲ့တဲ့ ဖြိုးလေးက သူ့ရဲ့မွေးနေ့မှာ… ” မွေးနေ့မှာ အလှူအတန်းလုပ်ချင်တဲ့အတွက် သန်လျင်မှာရှိတဲ့ ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ဂေဟာမှာမိဘမဲ့ကလေးတွေကိုသွားရောက်ပြီး အလှူလုပ်ဖြစ်တယ်။ ပြီးတော့ သဘာဝတရားရိပ်သာမှာ အဘိုးအဘွားတွေကို သွားရောက်လှူဒါန်းဖြစ်တယ်။ မွေးနေ့မှာကလေးတွေ အတွက်ကိုရော၊ သက်ကြီးရွယ်အိုတွေအတွက်ကိုရော ၂ခုစလုံး အလှူလုပ်ချင်လို့ သွားလုပ်ဖြစ်တာပါ” လို့ ပြောပါတယ်။ လတ်တလောဂီတ လှုပ် ရှားမှုအနေနဲ့ကတော့ ဧပြီလ ၁ဝ ရက်နေ့မှာ ကျင်းပမယ့် စိုင်းစိုင်းမွေးနေ့ရှိုးမှာ Snare အဖွဲ့လည်းပါဝင်မှာဖြစ်တာကြောင့် အတူတူကဲကြဖို့ ဖြိုးလေးက ဖိတ်ခေါ်လိုက်ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here