အဆိုတော်အနေနဲ့ အသိအမှတ်ပြုဖို့လည်း ကြိုးစားရပါဦးမယ် ညီမင်းခိုင်

0
284

nyimink

တေးရေးတေးဆို ညီမင်းခိုင်က မတ်လ ၂၆ရက်နေ့မှာ ကျင်းပတဲ့ မင်းပြားမြို့မြို့တည်နှစ် ၁၅ဝ ပြည့်ပွဲမှာ အနုပညာတာဝန်ခံအနေနဲ့ ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်တိုင်လည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။ ညီမင်းခိုင်က “လက်ခံမလား” ဆိုတဲ့ ပထမစီးရီးခွေနဲ့ “အနောက်ဘက်က ထွက်တဲ့နေ” ဆိုတဲ့ ဒုတိယစီးရီးခွေကို ထွက်ရှိခဲ့ပြီး လက်ရှိမှာတော့ “အနောက်ဘက်ကထွက်တဲ့နေ” စီးရီး MTV ကို ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တေးဆိုအပြင် တေးရေးအနေနဲ့ ပရိတ်သတ်ပိုသိတဲ့ ညီမင်းခိုင်ကို သူ ရောက်နေတဲ့ လက်ရှိအနေအထားအပေါ်မှာကော အားရကျေနပ်မှုရှိလားဆိုတော့

” ကျွန်တော့်ကို တေးရေးအနေနဲ့ ပရိသတ်က သိတာများပါတယ်။ နွယ်နီသီချင်းဆိုရင်တောင် သီချင်းကို သိကြတယ်။ အဆိုတော်ကို တွဲမသိကြဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ မသိပါစေ၊ ကိုယ်လုပ်လိုက်တဲ့ အရာလေးအရာ ထင်တဲ့အတွက်ပျော်တယ်။ ကိုယ်နဲ့ တွဲသိအောင်လည်း ကြိုးစားတုန်းပါပဲ။ အဆို တော်အနေနဲ့ အသိအမှတ်ပြုဖို့ အတွက်လည်း ကြိုးစားပါဦးမယ်။ လော လောဆယ်ကတော့ ကျွန်တော့်စီးရီးခွေလေး MTV ထွက်ရှိနိုင်ဖို့ရယ်။ အပ်ထားတဲ့ သီချင်းလေးတွေ တာဝန်ကျေကျေနဲ့ ရေးပေးနိုင်ဖို့ရယ်၊ ဂီတကို လုပ်ရင်းနဲ့ ဘဝကို ရှင်သန်နိုင်ဖို့ရယ် ဒါပဲတွေးထားပါတယ်” လို့ ညီမင်းခိုင်က ပြောပါတယ်။ ညီမင်း ခိုင်က သူ့ရဲ့တတိယစီးရီးခွေကိုတော့ မပြင်ဆင်သေးဘူးလို့ပြောပြီး ဒုတိယစီးရီးခွေ MTV အားလုံးထွက်ပြီးမှပဲ စီးရီးသစ်ကို ပြင်ဆင်မယ်လို့သိရပါတယ်။

” ကျွန်တော်ကျတော့ CD ထွက်ပြီးသားကို DVD ထွက်ရှိအောင် အရင်လုပ်တယ်။ အဲဒီတစ်ခွေမှာ အားလုံးပြီးပြီးဆိုမှ နောက်တစ်ခွေအတွက် စလုပ်တယ်။ အဲဒီအတွက် စီးရီးသစ်ကိုတော့ မပြင်ဆင်ရသေးပါဘူး။ သီချင်း တွေကတော့ ရေးပြီးသားတွေ ရှိပါတယ်” လို့ ညီမင်းခိုင်က ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here